နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အခွင့်အရေးတွေကို အပိုင်နိုင်ဆုံး အသုံးချပြီး ပဲလေ့စ်ကို အဝေးကွင်းမှာ အနိုင်ယူခဲ့တဲ့ မန်စီးတီး | ပရီးမီးယားလိဂ်

မန်ချက်စတာစီးတီး ကတော့ မနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၁၆ မှာ ခရစ္စတယ်ပဲလေ့စ်ကို ဆဲလ်ဟတ်စ်ပါ့ခ်မှာ ၀-၃ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။ ဒီပွဲမှာ ပပ် ဂွါဒီယိုလာရဲ့ အသင်းက ခြေစွမ်းပိုင်း အားရစရာ မရှိခဲ့ပေမယ့် အခွင့်အရေးတွေကို အပိုင်နိုင်ဆုံး အသုံးချကာ အဝေးကွင်း ဂိုးပြတ် နိုင်ပွဲနဲ့ အတူ အာဆင်နယ်ကို ဆက်လက် ဖိအားပေးနိုင်ခဲ့ပါတယ်။

အိုလီဗာ ဂလက်စ်နာရဲ့ ပဲလေ့စ်က ပြီးခဲ့တဲ့ ရာသီက ဆဲလ်ဟတ်စ်ပါ့ခ်နဲ့ ဝင်ဘလေ (အက်ဖ်အေဖလား ဗိုလ်လုပွဲ) တို့မှာ မန်စီးတီးကို အနိုင်ယူထားပြီး ဒီနေ့ပွဲမှာလည်း ပြိုင်ဘက်ကို အသာစီးနဲ့ ကစားနိုင်ခဲ့ပါတယ်။ ပွဲအစကတည်းက ခရစ္စတယ်ပဲလေ့စ်က မန်စီးတီးကို Vertical Play တွေ၊ လျင်မြန်တဲ့ တိုက်စစ် အကူးအပြောင်းတွေနဲ့ ခပ်မြန်မြန် ခပ်သွက်သွက် ကစားပြီး ဖိအားပေးနိုင်ခဲ့ပါတယ်။ ပဲလေ့စ်ရဲ့ ပုံစံကောင်း တစ်ခုကြောင့် မန်စီးတီးတို့ ပထမပိုင်း ၂၉ မိနစ် အထိ ဂိုးပေါက် ကန်ချက် တစ်ကြိမ်မှ မလုပ်နိုင်ခဲ့ပါဘူး။ ပဲလေ့စ် တိုက်စစ်ကစားသမား ပီနိုရဲ့ အပိုင်ကန်ချက် တစ်ကြိမ် ဂိုးဘားတန်း ထိသွားသလို အစ္စမေလာ ဆားရဲ့ အပိုင်ကန်ချက် ဂိုးတိုင်ဘေးက ထွက်ခဲ့ရလို့ မန်စီးတီးတို့ ကံကောင်းခဲ့ပါတယ်။ 

ဒီလို ပဲလေ့စ်တို့ အသာရနေတဲ့ ကြားက ဦးဆောင်ဂိုး ကိုတော့ ပွဲချိန် ၄၁ မိနစ်မှာ မန်ချက်စတာစီးတီးတို့ သွင်းယူနိုင်ခဲ့ပြီး မာသီးယက်စ် နူနက်စ်ရဲ့ ဖြတ်တင်ဘော ကနေ အာလင်း ဟာလန်းက ခေါင်းတိုက် သွင်းယူခဲ့တာ ဖြစ်ပါတယ်။ အဲဒီသွင်းဂိုး ရဖို့ အတွက် မန်စီးတီး အနေနဲ့ ဘောလုံး ပေးပို့မှု ၂၅ ကြိမ် အထိ ပြုလုပ်ခဲ့ရတာကြောင့် ဒါက ၂၀၂၄ မေလတုန်းက ဝက်စ်ဟမ်းနဲ့ ပွဲမှာ ဘောလုံး ပေးပို့မှု ၃၁ ကြိမ် ပြုလုပ်ပြီးမှ ရခဲ့တဲ့ ရိုဒရီရဲ့ သွင်းဂိုး နောက်ပိုင်း ဘောလုံးထိချက် အများဆုံးလည်း ဖြစ်ပါတယ်။ 

ဟာလန်းဟာ ပရီးမီးယားလိဂ်မှာ မတူညီတဲ့ ပြိုင်ဘက်ကို တစ်ပွဲတည်း ၂ ဂိုးနဲ့ အထက် သွင်းနိုင်တာက ၂၆ ပွဲ အထိ ရှိလာပြီခဲ့ပါပြီ။
ဖိုဒန်ရဲ့ ခြေစွမ်းပြမှုနဲ့ ပဲလေ့စ်ကို အနိုင်ရခဲ့တဲ့ မန်စီးတီး

ပထမပိုင်းမှာ မန်စီးတီးဟာ ပြိုင်ဘက် ပယ်နယ်တီ ဧရိယာ အတွင်း ဘောလုံးထိချက် ၄ ကြိမ်သာ ရှိခဲ့တာကြောင့် ပြီးခဲ့တဲ့နှစ်၊ စက်တင်ဘာလတုန်းက အာဆင်နယ်နဲ့ ပွဲမှာ ဘောလုံးထိချက် ၃ ကြိမ်သာ ရှိခဲ့ပြီး နောက်ပိုင်း အနည်းဆုံးလည်း ဖြစ်ခဲ့ပါတယ်။ ခရစ္စတယ်ပဲလေ့စ်ဟာ ချေပဂိုးရဖို့ ကြိုးစားပေမယ့် ဒုတိယဂိုး ထပ်ပေးခဲ့ရပြီး ၆၉ မိနစ်မှာ ဖိုဒန်က ပယ်နယ်တီ ဧရိယာထိပ် ကနေ သွင်းယူခဲ့တာ ဖြစ်ပါတယ်။ ဖိုဒန် အနေနဲ့လည်း ပယ်နယ်တီ ဧရိယာ အပြင် ကနေ သွင်းခဲ့တဲ့ ဂိုးအရေအတွက်က ၁၂ ဂိုး အထိ ရှိလာပြီး နာမည်ကျော် အာဂျင်တီးနား တိုက်စစ်မှူး ကားလို့စ် တေဗက်ဇ်နဲ့ တူညီသွားခဲ့ပြီ ဖြစ်ပါတယ်။ ဒါ့အပြင် သူ့ထက် သွင်းဂိုး ပိုများတာ ဆိုလို့ ယာယာတိုရေး (၁၆ ဂိုး)၊ ဆာဂျီယို အဂွဲရိုး (၂၁ ဂိုး)နဲ့ ကီဗင် ဒီဘရွန်းနား (ဂိုး ၃၀) တို့သာ ရှိပါတော့တယ်။ ဒါ့အပြင် ဖိုဒန်က နောက်ဆုံး ၅ ပွဲမှာ ၆ ဂိုး အထိ သွင်းယူနိုင်ခဲ့ပြီး Foden Prime ပြန်ဖြစ်နေပြီလို့တောင် သုံးသပ်မှုတွေ ရှိနေပါတယ်။

မန်စီးတီး အတွက် တတိယဂိုး ကိုတော့ ၈၉ မိနစ်မှာ ဟာလန်း ကပဲ ပယ်နယ်တီ ကနေ သွင်းယူခဲ့ပါတယ်။ ဟာလန်းဟာ ပရီးမီးယားလိဂ်မှာ မတူညီတဲ့ ပြိုင်ဘက်ကို တစ်ပွဲတည်း ၂ ဂိုးနဲ့ အထက် သွင်းနိုင်တာက ၂၆ ပွဲ အထိ ရှိလာပြီခဲ့ပါပြီ။ ဒါကြောင့် နော်ဝေသားက မန်ချက်စတာယူနိုက်တက် ဂန္ထဝင် ခရစ္စတီယာနို ရော်နယ်ဒိုနဲ့ ပွဲ အရေအတွက်ချင်းလည်း တူညီသွားခဲ့ပါပြီ။ 

အခုပွဲမှာ မန်စီးတီးရဲ့ ခြေစွမ်းပိုင်းက အားရစရာ မရှိခဲ့ပေမယ့်လည်း ခရစ္စတယ်ပဲ့လေစ်ကို အက်ဖ်အေဖလား ဗိုလ်လုပွဲ ရှုံးကြွေး ပြန်ဆပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် စီးတီးက လိုအပ်တဲ့ နိုင်ပွဲ ရယူနိုင်ခဲ့တာကြောင့် ပရီးမီးယားလိဂ် ဇယား ထိပ်က အာဆင်နယ်ကို ၂ မှတ် အကွာနဲ့ ဆက်လက် ဖိအားပေးနေဆဲ ဖြစ်ပါတယ်။ ပဲလေ့စ် ကတော့ ရှုံးပွဲ ကြုံခဲ့ပေမယ့် အဆင့် ၅ နေရာမှာ ဆက်လက် ရပ်တည်နေဆဲ ဖြစ်ပြီး အကယ်၍ ယူနိုက်တက်သာ နိုင်ပွဲ ရခဲ့မယ် ဆိုရင်တော့ အောက်တစ်ဆင့် ဆင်းပေးရမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်