ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် ကတော့ နောက်ပိုင်း ရာသီတွေမှာ တောက်လျောက် ရုန်းကန်နေရတဲ့ အသင်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အသင်း နည်းပြ ရူဘင် အမော် ရင် ကတော့ သူတို့ရဲ့ အသင်းဟာ ချန်ပီယံလိဂ် မကစားရရင်တောင် ကမ္ဘာ့ထိပ်တန်း ကစားသမားတွေကို စွဲဆောင်နိုင်ကြောင်း ကြုံးဝါး ပြောဆိုသွားခဲ့ပါတယ်။
အမော်ရင်က “ယူရိုပါလိဂ် ဖလား ရရှိတာဟာ အသင်းရဲ့ အနာဂတ်အတွက် အရေးကြီးတဲ့ အချက် မဟုတ်ဘူးလို့ ကျွန်တော် ထင်ပါတယ်။ ဒါက ကျွန်တော့်ရဲ့ အမြင်ပါ။ ကျွန်တော် ဒီအသင်းမှာ ၃ လတောင် ဖြတ်သန်းခဲ့ပြီးပါပြီ။ ဒါက ရှင်းတယ်လို့ ထင်တယ်။ ဒါပေမယ့် ဒါဟာ ကျွန်တော် တို့ရဲ့ ဒီရာသီ အတွက် ကြီးမားတဲ့ ကွာခြားမှု တစ်ခု ဖြစ်မယ် ဆိုတာ နားလည်ပါတယ်။ အထူးသဖြင့် ဖလားပွဲတွေ ကနေ ထွက်ခဲ့ရပြီး ပရီးမီးယားလိဂ်မှာ ဆိုးရွားတဲ့ အဆင့်မှာ ရှိနေတာကြောင့် ဒီဖလားက အရာ များစွာကို ပြောင်းလဲပေးနိုင်ပါတယ်။ နည်းပြ အပေါ်မှာတောင် သူတိုရဲ့ အမြင်ကို ပြောင်းလဲသွားစေနိုင်ပါတယ်။ ဒါက ကြီးမားတယ် ဆိုတာ သိပေမယ့် ထပ်ပြောပါမယ်။ မန်ချက်စတာယူနိုက်တက်က အနာဂတ်မှာ ချန်ပီယံလိဂ် မကစားရရင်တောင် အကောင်းဆုံး ကစားသမားတွေကို ဆွဲဆောင်နိုင်ပါသေးတယ်။” လို့ ပြောကြားခဲ့ပါတယ်။
မန်ချက်စတာယူနိုက်တက်ဟာ လက်ရှိ ရာသီ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၄ နေရာမှာ ရပ်တည်နေပြီးတော့ အဆင့် ၄ နေရာက မန်စီးတီးနဲ့ ၁၄ မှတ်အထိ ကွာဟနေပါတယ်။ ယူနိုက်တက်က ချန်ပီယံလိဂ် ဝင်ခွင့်ရရှိဖို့ အတွက် ဆိုရင် ဒီနှစ် ယူရိုပါလိဂ်မှာ ချန်ပီယံ ဖြစ်ဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း နည်းပြ ရူဘင် အမော်ရင် ကတော့ ယူရိုပါလိဂ် ချန်ပီယံ ဆုဖလား ရယူဖို့က အသင်း အတွက် အဓိက ဦးစားပေး မဟုတ်ပဲ ပရီးမီးယားလိဂ်မှာ အဆင့် ရပ်တည်မှု ပြန်လည် တည့်မတ်ဖို့ ကသာ ပိုပြီး အရေးကြီးတယ်လို့ လက်ခံထားတာ ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ယူရိုပါလိဂ် ၁၆ သင်း အဆင့်မှာ ရီးရဲလ်ဆိုစီဒက်နဲ့ တွေ့ဆုံနေခဲ့ပြီး မနေ့က ကစားခဲ့တဲ့ ပထမအကျော့ ပွဲစဉ်မှာ တစ်ဖက် တစ်ဂိုးစီ သရေကျထားပါတယ်။ ဒီပွဲမှာ ယူနိုက်တက်က ပထမပိုင်းမှာ ခြေစွမ်းအသာနဲ့ ကစားနိုင်ခဲ့ပြီး ဦးဆောင်ဂိုးလည်း သွင်းနိုင်ခဲ့ပေမယ့် ပင်နယ်တီ ချေပဂိုး ခွင့်ပြုပေးလိုက်ရချိန်မှာတော့ သိသိသာသာ ခြေစွမ်းကျဆင်းသွားပြီး သရေနဲ့ပဲ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။
ဆက်လက်ပြီး အမော်ရင်က “ကျွန်တော်တို ပြောင်းလဲရမယ့် အရာတွေ အများကြီး ရှိနေပါတယ်။ အဲဒါကို ကျွန်တော်တို့ ကြိုးစားနေပါတယ်။ အခုအချိန်မှာ ဆုဖလားတွေ ရတာထက် ပိုပြီး အရေးကြီးတဲ့ အရာတွေ ရှိတယ်လို ကျွန်တော် ခံစားရတယ်။ ဒါပေမယ့် ယူရိုပါလိဂ်မှာ အနိုင်ရတာက လာမယ့် ရာသီမှာ ကျွန်တော်တို့ အတွက် အရာအားလုံးကို ပြောင်းလဲနိုင်တယ် ဆိုတာ နားလည်ပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။
ယူနိုက်တက်ဟာ ယူရိုပါလိဂ် ပွဲစဉ် လမ်းကြောင်းအရ အကယ်၍ ကွာတားဖိုင်နယ် အဆင့်ကို တက်လှမ်းနိုင်ခဲ့မယ် ဆိုရင်တော့ လိုင်ယွန်နဲ့ တွေ့ဆုံဖို့ များနေပါတယ်။ အဲဒီ အဆင့်ထက် ထပ်တက်နိုင်ရင်လည်း ရိုးမား၊ ဖီနာဘာချီ၊ ဘီလ်ဘာအို၊ ရိန်းဂျားစ် တို့လို အသင်းကောင်းတွေနဲ့ ရင်ဆိုင်ရဦးမှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.