နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဒီမာကိုကို ခေါ်ယူချင်နေတဲ့ မန်ချက်စတာယူနိုက်တက်၊ ရိုဒရီ နေရာမှာ ပက်ဗလိုဗစ်နဲ့ အစားထိုးမယ့် မန်စီးတီး | ပရီးမီးယားလိဂ်

အခုတစ်ခါမှာတော့ စက်တင်ဘာ ၂၄ ရက်နေ့ အတွက် ရရှိထားသမျှ ပရီးမီးယားလိဂ်ရဲ့ စိတ်ဝင်စားစရာ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် ကတော့ အင်တာမီလန် ဘယ်နောက်ခံလူ ဖယ်ဒရီကို ဒီမာကိုကို ခေါ်ယူလိုနေကြောင်း သိရပါတယ်။ ဒီမာကို ကတော့ စီးရီးအေ ကလပ်နဲ့ စာချုပ် သက်တမ်း ၁၈ လသာ ကျန်ရှိနေပြီးတော့ အသင်း ဘက်ကလည်း စာချုပ်သစ် ကမ်းလှမ်းဖို့ထက် ရောင်းထုတ်ဖို့ ပိုပြီး လိုလားနေကြောင်း သိရပါတယ်။ 

နွေရာသီ အပြောင်းအရွှေ့မှာ ဆန်နီ လမ်မန်စ်ကို ခေါ်ယူခဲ့ပေမယ့်လည်း မန်ချက်စတာယူနိုက်တက် နည်းပြ ရူဘင် အမော်ရင်က ဂိုးပေါက်ကို အဆင့်မြှင့်တင်ဖို့ လိုအပ်တယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ ဂိုးသမား တစ်ဦး ထပ်မံ ခေါ်ယူသွားချင်နေပါတယ်။

ရီးရဲလ်မက်ဒရစ် တောင်ပံကစားသမား ဗင်နီးစီးယပ်စ် ဂျူနီယာ အနေနဲ့ လာလီဂါ ကလပ်နဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ အဆင်မပြေရင်တော့ အာဆင်နယ်၊ ချဲလ်ဆီး၊ လစ်ဗာပူးလ်နဲ့ မန်ချက်စတာစီးတီး တို့က လာမယ့် နွေရာသီမှာ ခေါ်ယူဖို့ စီစဉ်နေပါတယ်။ 

မန်စီးတီး ကတော့ သူတို့ရဲ့ ကွင်းလယ် ဗိုလ်ချုပ် ရိုဒရီ ထွက်ခွာဖို့ ပြင်ဆင်နေတာကြောင့် ဘေယန်မြူးနစ် ကွင်းလယ်လူ အလက်ဆန်ဒါ ပက်ဗလိုဗစ်ကို ခေါ်ယူဖို့ စောင့်ကြည့်နေတယ်လို့ သိရပါတယ်။

တစ်ဖက်မှာလည်း ပရီးမီးယားလိဂ် ထိပ်သီး တို့က ပီအက်စ်ဂျီ ကွင်းလယ်လူ ယာအို နီးဗက်စ်ကို ယူရို သန်း ၁၂၀ (ပေါင် ၁၀၄.၇ သန်း) နဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေကြောင်း သိရပါတယ်။ 

အေစီမီလန် ဂိုးသမား မိုက်ခ် မိုက်ဂ်နန်ကို လာမယ့် နွေရာသီမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ဆုံးရှုံးရမယ့် အစား ဇန်န၀ါရီမှာ ရောင်းထုတ်လိုနေပါတယ်။ ပြင်သစ်သား ကတော့ လာမယ့် ဆောင်းရာသီမှာ ချဲလ်ဆီးကို ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေပါတယ်။

ဘေယန်မြူးနစ် ကွင်းလယ် ကစားသမား ယာအို ပါလ်ဟင်ဟာ ကတော့ တော့တင်ဟမ်ဟော့စပါးနဲ့ အငှား စာချုပ် သက်တမ်းကုန်ဆုံးချိန်မှာ ပရီးမီးယားလိဂ်မှာပဲ ဆက်ရှိနေလိုနေပါတယ်။ အကယ်၍ ပါလ်ဟင်ဟာကို စပါး ဘက်က အပြီးသတ် ခေါ်ယူမယ် ဆိုရင်တော့ ပေါင် ၂၇ သန်း (ယူရို ၃၀.၉ သန်း) ပေးချေရမှာ ဖြစ်ပါတယ်။

အာဆင်နယ်နဲ့ မန်ချက်စတာစီးတီး တို့ကတော့ အက်စတွန်ဗီလာ၊ မန်ချက်စတာယူနိုက်တက်နဲ့ နယူးကာဆယ်ယူနိုက်တက် တို့က စောင့်ကြည့်နေတဲ့ ဖရန့်ဖတ် ဘယ်နောက်ခံလူ နေသန်နီယယ် ဘရောင်းကို ခေါ်ယူဖို့ စိတ်ဝင်စားလာကြောင်း သိရပါတယ်။ 

တစ်ဖက်မှာလည်း ပရီးမီးယားလိဂ် ထိပ်သီး တို့က ပီအက်စ်ဂျီ ကွင်းလယ်လူ ယာအို နီးဗက်စ်ကို ယူရို သန်း ၁၂၀ (ပေါင် ၁၀၄.၇ သန်း) နဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေကြောင်း သိရပါတယ်။
ပက်ဗလိုဗစ်နဲ့ ယာအို နီးဗက်စ်ကို ခေါ်ယူဖို့ ပစ်မှတ်ထားနေတဲ့ မန်စီးတီး

အက်စတွန်ဗီလာ ကတော့ ဂျေဒန် ဆန်ချိုကို အငှားသက်တမ်း ကုန်ဆုံးချိန် လာမယ့် နွေရာသီမှာ အပြီးသတ် ခေါ်ယူဖို့ စီစဉ်နေကြောင်း သိရပါတယ်။

မန်စီးတီး ကတော့ လာမယ့် နွေရာသီမှာ ညာနောက်ခံလူ တီနို လစ်ဗရာမန်တိုကို ခေါ်ယူဖို့ နယူးကာဆယ်နဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ဖို့ စီစဉ်နေကြောင်း သိရပါတယ်။ ဒါ့အပြင် ပပ် ဂွါဒီယိုလာရဲ့ အသင်းက ဘရူနို ဂီမာရေးစ်နဲ့ ပတ်သတ်ပြီး မေးမြန်းခဲ့ရာမှာတော့ ငှက်ကြားတွေ ဘက်က ခပ်မြန်မြန်ပဲ ငြင်းဆိုခဲ့ကြောင်း သိရပါတယ်။

ဝုဗ် နည်းပြ ပယ်ရဲရား ကတော့ အဲဗာတန်ကို ခရာဘောင်ဖလား ပြိုင်ပွဲမှာ အနိုင်ရရှိခဲ့ခြင်းက အသင်းကို အရာရာ ပြောင်းလဲသွားစေနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဝုဗ်ဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ ၅ ပွဲစလုံး ရှုံးနိမ့်ကာ အမှတ်ပေးဇယား အောက်ဆုံးကို ရောက်နေတဲ့ အသင်း ဖြစ်ပြီး နည်းပြရော ကစားသမားတွေပါ ဖိအားတွေနဲ့ ရင်ဆိုင်နေရတာပါ။ ဒါပေမယ့်လည် ဝုဗ်က ခရာဘောင်ဖလား ဒုတိယအဆင့်မှာ ဝက်စ်ဟမ်းကို ကျော်ဖြတ်နိုင်ခဲ့သလို၊ အခု တတိယအဆင့် မှာလည်း အဲဗာတန်ကို ၂-၀ ရလဒ်နဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

အာဆင်နယ် တောင်ပံ တိုက်စစ် ကစားသမား နိုနီ မာဒူခေး ကတော့ ဒူးဒဏ်ရာကြောင့် နှစ်လ ဝန်းကျင် အနားယူရဖွယ်ရှိကြောင်း သိရပါတယ်။ မာဒူခေးဟာ တနင်္ဂနွေနေ့က မန်စီးတီးနဲ့ ကစားခဲ့တဲ့ ပွဲမှာ ဒူးဒဏ်ရာ ရရှိခဲ့တာ ဖြစ်ပြီး ဒုတိယပိုင်းမှာ လူစားလဲခံခဲ့ရပါတယ်။ အစောပိုင်းမှာ ACL ဒဏ်ရာ ဖြစ်မှာကို စိုးရိမ်ခဲ့ရပေမယ့် ဆေးစစ်မှု ခံယူပြီးနောက်မှာတော့ ၆ ပတ် ကနေ ၈ ပတ်ဝန်းကျင်သာ အနားယူရတော့မှာ ဖြစ်ကြောင်း ဗြိတိန် မီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်