မန်ချက်စတာယူနိုက်တက် ကတော့ ပြီးခဲ့တဲ့ ရာသီတုန်းက ကွင်းတွင်း စွမ်းဆောင်ရည်တွေ ဆိုးရွားလွန်းခဲ့ပေမယ့် စံချိန်တင် ဝင်ငွေ တစ်ရပ် ရရှိခဲ့ကြောင်း သိရပါတယ်။ မန်ချက်စတာယူနိုက်တက်ဟာ ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ်မှာ အဆင့် ၁၅ နေရာမှာသာ ရပ်တည်နိုင်ခဲ့ပြီး တန်းဆင်းခဲ့ရတဲ့ ၁၉၇၃-၁၉၇၄ ဘောလုံး ရာသီ နောက်ပိုင်း အဆိုးရွားဆုံး ရပ်တည်မှုလည်း ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဆာဂျင်မ် ရက်ကလစ်ဖ် ဦးဆောင်တဲ့ ယူနိုက်တက် တာဝန်ရှိသူတွေက အသင်းကို အကျိုးအမြတ် များစွာ ရရှိအောင် စီမံခန့်ခွဲထားနိုင်ဆဲ ဖြစ်ပါတယ်။
ယူနိုက်တက်ဟာ နာမည်ကြီး Snapdragon နဲ့ ၅ နှစ် သက်တမ်း ရှိတဲ့ စံချိန်တင် စပွန်ဆာ စာချုပ်ချုပ်ဆိုနိုင်ခဲ့ပြီး ကွင်းဝင်ကြေး ကလည်း စံချိန်တင် ပမာဏ ရရှိခဲ့ပါတယ်။ ၂၀၂၅ ခုနှစ် ဇွန်လ ၃၀ ရက်နေ့ အထိ တွက်ချက်ခဲ့တဲ့ တစ်နှစ်တာ ဝင်ငွေ အရ ယူနိုက်တက်ဟာ ပေါင် ၆၆၆.၅ သန်း ရရှိခဲ့ပြီး အသင်းရဲ့ သမိုင်းတစ်လျှောက် စံချိန်သစ်လည်း ဖြစ်ခဲ့ကြောင်း သိရပါတယ်။
မန်ချက်စတာယူနိုက်တက် အနေနဲ့ ပြီးခဲ့တဲ့ရာသီကထက် ဝင်ငွေ ၀.၇ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပြီး အရှုံးငွေ ကလည်း ပြီးခဲ့တဲ့ နှစ်မှာ ပေါင် ၁၁၃.၂ သန်း ရှိခဲ့ရာ ကနေ ဒီနှစ် မှာတော့ ပေါင် ၃၃ သန်းသာ ရှိတော့ကြောင်းလည်း သိရပါတယ်။ ဒါပေမယ့်လည်း မန်ချက်စတာယူနိုက်တက်ဟာ အသင်းရဲ့ ပူးတွဲ ပိုင်ရှင်သစ် ဆာဂျင်မ် ရက်ကလစ်ဖ်ရဲ့ စီမံခန့်ခွဲမှု အောက်မှာ အသုံးစရိတ် လျှော့ချမှု များစွာ ပြုလုပ်ခဲ့ရပါတယ်။

ယူနိုက်တက်ဟာ အသင်းရဲ့ ဝင်ငွေ၊ ထွက်ငွေကို ကာမိစေဖို့ အတွက် ဝန်ထမ်းများစွာ လျှော့ချတာ အပြင် ဝန်ထမ်းတွေ အတွက် နေ့လည်စာ အကျွေးအမွေး ပုံစံတွေကို သိသိသာသာ ပြောင်းလဲခဲ့တဲ့ အထိ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် လက်မှတ် ဈေးနှုန်းတွေကိုလည်း တိုးမြှင့်လိုက်ပြီး ဒါကလည်း အသင်းရဲ့ အသားတင် အရှုံးငွေ ပမာဏကို လျှော့ချစေနိုင်ခဲ့တာ ဖြစ်ပါတယ်။
တစ်ခု ရှိတာက ယူနိုက်တက်ဟာ ကွင်းတွင်း စွမ်းဆောင်ရည် ကျဆင်းခဲ့ခြင်းနဲ့ အတူ ပရီးမီးယားလိဂ်မှာ ဇယား အောက်ဖက်ကို ရောက်ရှိနေတာက ဆုကြေး ခွဲဝေ ရရှိမှုမှာတော့ သိသိသာသာ နည်းပါးသွားခဲ့ပါတယ်။ ဒါ့အပြင် ဥရောပပြိုင်ပွဲ မကစားရတာကြောင့် အဲဒီကနေ ရရှိတဲ့ မြင့်မားတဲ့ ဆုကြေးငွေတွေ ကိုလည်း မျှော်လင့်လို့ ရနိုင်မှာ မဟုတ်ပါဘူး။ လက်ရှိမှာ ပရီးမီးယားလိဂ် ကလပ်က စံချိန်တင် ဝင်ငွေတွေ ရရှိနေဆဲ ဆိုပေမယ့် လက်ရှိ အခြေအနေ အတိုင်း ဆိုရင်တော့ အနာဂတ်က ဘယ်လိုမှ မလှပနိုင်ပါဘူး။
ဒါ့အပြင် ရက်ကလစ်ဖ်က ပရိသတ် တစ်သိန်းဝင်ဆံ့မယ့် ကွင်းသစ်ကြီးကို ၅ နှစ် အတွင်း အပြီး တည်ဆောက်ဖို့ ရည်ရွယ်ထားပါသေးတယ်။ INEOS ဦးဆောင်တဲ့ ယူနိုက်တက် တာဝန်ရှိသူတွေရဲ့ ပြောကြားချက်အရတော့ ဒီကွင်းသစ်ကြီးက ဗြိတိန်ရဲ့ စီးပွားရေးကို တစ်နှစ် ပေါင် ၇.၃ ဘီလီယံ အထိ အထောက်အကူပြုနိုင်မယ်လို့ သိရပါတယ်။ ဒါ့အပြင် အလုပ်အကိုင်သစ်ပေါင်း ၉၂ဝဝဝ ကျော်၊ အိမ်ယာ အသစ်ပေါင်း ၁၇၀၀၀ ကျော်နဲ့ တစ်နှစ်ကို လာရောက် လည်ပတ်သူ ၁.၈ သန်း အထိ တိုးလာနိုင်မယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း ဒီကွင်းသစ်ကြီး တည်ဆောက်ဖို့ အတွက်တော့ ယူနိုက်တက်က ပေါင် ၂ ဘီလီယံ အထိ အကုန်အကျခံရမှာ ဖြစ်သလို ၆ နှစ်တာလည်း ကြာမြင့်မယ်လို့ သိရပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.