နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
promotion@sbotop.com သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အိမ်ကွင်းမှာ ဝုဗ်ကို ရှုံးပေမယ့် တန်းမဆင်းရဖို့ သေချာသွားခဲ့တဲ့ ယူနိုက်တက် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် ကတော့ မနေ့ညက ကစားခဲ့တဲ့ ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရားစ်နဲ့ အိမ်ကွင်း ပွဲစဉ်မှာ ဝ-၁ ရလဒ်နဲ့ အရေးနိမ့်သွားခဲ့ပါတယ်။ ဒါပေမယ့်လည်း တန်းဆင်းဇုန်ထဲက အစ်ပ်ဆွစ်ချ် ကလည်း အာဆင်နယ်ကို ၀-၄ ရလဒ်နဲ့ အရေးနိမ့်ခဲ့တာကြောင့် ယူနိုက်တက်တို့ အခုရာသီ တန်းမဆင်းရဖို့ သေချာသွားခဲ့ပါတယ်။

ရူဘင် အမော်ရင် အနေနဲ့ မနေ့က ပွဲမှာ ဖရက်ဒရစ်ဆင်၊ အေမက်စ် တို့လို လူငယ် ကစားသမားတွေကို ပွဲထုတ်လာခဲ့ပြီး မက်ဇရာရီ၊ လင်ဒီလော့ဖ်၊ အူဂါတေး၊ အဲရစ်ခ်ဆင်၊ ဒေါ်ဂူ၊ ဂါနာချို၊ မိန်နူး၊ ဟွိုက်ဂျ်လန်း တို့နဲ့ ကစားကွက်ကို အနည်းငယ် အပြောင်းအလဲ လုပ်လာခဲ့ပါတယ်။ ယူနိုက်တက်ဟာ မက်ဂွိုင်းယား၊ ယိုရို၊ ကက်စ်မဲရိုး၊ ဒါးလော့တ် တို့ကို အရန်ခုံ ပို့ထားခဲ့ပြီး လာမယ့် အရေးကြီး ပွဲစဉ်တွေ အတွက် အနားပေးခဲ့တာ ဖြစ်ပါတယ်။ ဝုဗ် ဘက်မှာတော့ ဟွမ်၊ ဘယ်လီဂရိတ်၊ မော့စ်ကီရာ၊ ကာလက်ဂျစ် တို့ ပါဝင်ကစားနိုင်ခြင်း မရှိခဲ့ပေမယ့် လာဆင်၊ ကူညာ၊ ဆီမီဒို၊ ဂိုးမက်စ်၊ အက်ဂ်ဘာဒူ၊ ဘူနို တို့နဲ့ ပွဲထွက်လာခဲ့ပါတယ်။

ဒီပွဲအပြီး ကစားခဲ့တဲ့ လစ်ဗာပူးလ်နဲ့ လက်စတာစီးတီး တို့ရဲ့ ပွဲစဉ်မှာ ရု့ဒ် ဗန်နစ္စတယ်ရွိင်းရဲ့ အသင်းက လစ်ဗာပူးလ်ကို ၁-၀ ရလဒ်နဲ့ ရှုံးနိမ့်သွားခဲ့တာကြောင့် ပရီးမီးယားလိဂ် ကနေ တရားဝင် တန်းဆင်းသွားခဲ့ပြီလည်း ဖြစ်ပါတယ်။
ပရီးမီးယားလိဂ် ကနေ တန်းဆင်းသွားခဲ့ရပြီ ဖြစ်တဲ့ လက်စတာစီးတီး

ဒီပွဲက ပြောရမယ် ဆိုရင် လုံးဝ စိတ်ဝင်စားစရာ မရှိခဲ့ပါဘူး။ နှစ်သင်းပေါင်းမှ ဂိုးပေါက် ကန်ချက် ၁၆ ကြိမ်သာ ရှိခဲ့ပြီးတော့ ဂိုးပေါက် တည့်မှုကလည်း တစ်သင်းကို ၂ ကြိမ်စီသာ ရှိခဲ့ပါတယ်။ ယူနိုက်တက်တို့ ဘောလုံး ကိုင်ထားရုံက လွဲလို့ ကစားပုံ ကတော့ ပြီးခဲ့တဲ့ လိုင်ယွန်နဲ့ ပွဲခြေစွမ်းနဲ့ တခြားစီပါပဲ။ ယူနိုက်တက်ကို ကြည့်ရတာ တန်းမဆင်းရပြီးရော၊ ရာသီကုန်မှာ သိမ်းချင်တဲ့ နေရာနဲ့ သိမ်းဆိုတဲ့ ပုံစံ မျိုးပါပဲ။ နောက်နှစ် ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့ ယူရိုပါလိဂ်ဖလား ယူမယ် ဆိုတဲ့ ရည်ရွယ်ချက်တောင် ရှိနေမလားပါပဲ။ ရှိလည်း ရှိနေလောက်ပါတယ်။ နှစ်စလုံးရဲ့ တိုက်စစ်တွေ ပုပ်လွန်းခဲ့ပြီး ဟွိုက်ဂျ်လန်း ကလည်း ဝေဖန်ခံနေရတာ နည်းတောင် နည်းသေးတယ်လို့ပဲ ပြောရပါမယ်။ အားရစရာက လူငယ် ကစားသမား နှစ်ဦး ဖြစ်တဲ့ ဖရက်ဒရစ်ဆင်နဲ့ အေမက်စ် တို့ရဲ့ ခြေစွမ်း ဖြစ်ပါတယ်။ ဖရက်ဒရစ်ဆင် ဆိုရင် ယူနိုက်တက် အကယ်ဒမီထွက် ဖြစ်ပြီး ဒီပွဲမှ စီနီယာ အသင်းကြီး အတွက် ပွဲဦးထွက် ကစားခွင့်ရတာ ဖြစ်ပြီး အေမက်စ် ကတော့ ၄ ပွဲမြောက် ဖြစ်ပါတယ်။

ဝုဗ် အတွက် တစ်လုံးတည်းသော အနိုင်ဂိုး ကိုတော့ လူစားဝင် ကစားသမား ဆာရာဘီယာက ပွဲချိန် ၇၇ မိနစ်မှာ တိုက်ရိုက် ဖရီးကစ် ကနေ ကန်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။ ဒီရှုံးပွဲကြောင့် ယူနိုက်တက်ဟာ ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် တစ်ရာသီထဲ ၁၅ ပွဲ ရှုံး ဆိုတဲ့ စံချိန်ဆိုးကို ပိုင်ဆိုင်သွားခဲ့ပါတယ်။ ဒါ့အပြင် ယူနိုက်တက်ဟာ အမှတ်အနည်းဆုံး ရာသီ ဖြစ်လာဖို့လည်း နီးစပ်နေပြီ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း တန်းဆင်းဇုန် အဆင့် ၁၈ က အစ်ပ်ဆွစ်ချ်နဲ့ အဆင့် ၁၉ က လက်စတာ တို့ဟာ လက်ကျန်ပွဲတွေမှာ အမှတ် အများဆုံး ရနိုင်ခြေ ၃၆ မှတ်သာ ရှိတော့သလို ယူနိုက်တက်က လက်ရှိမှာ ၃၈ မှတ် ရရှိထားတာကြောင့် တန်းမဆင်းရဖို့တော့ သေချာသွားခဲ့ပြီ ဖြစ်ပါတယ်။ ဒီပွဲအပြီး ကစားခဲ့တဲ့ လစ်ဗာပူးလ်နဲ့ လက်စတာစီးတီး တို့ရဲ့ ပွဲစဉ်မှာ ရု့ဒ် ဗန်နစ္စတယ်ရွိင်းရဲ့ အသင်းက လစ်ဗာပူးလ်ကို ၁-၀ ရလဒ်နဲ့ ရှုံးနိမ့်သွားခဲ့တာကြောင့် ပရီးမီးယားလိဂ် ကနေ တရားဝင် တန်းဆင်းသွားခဲ့ပြီလည်း ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်