ပရီးမီးယားလိဂ် ထိပ်သီး မန်ချက်စတာယူနိုက်တက် ကတော့ အသင်းမှာ ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးနေတဲ့ တိုက်စစ်မှူး ဂျော်ရွှာ ဇစ်ခ်ဇီးကို လာမယ့် ဇန်နဝါရီမှာ အသင်း ပြောင်းရွှေ့ခွင့်ပေးလိုက်ပြီလို့ သိရပါတယ်။
နယ်သာလန် တိုက်စစ် ကစားသမား ဇစ်ခ်ဇီးဟာ နည်းပြ ရူဘင် အမော်ရင် လက်အောက်မှာ ပွဲထွက် ကစားခွင့်ရဖို့ ရုန်းကန်နေရပြီး ဒီရာသီ ပရီးမီးယားလိဂ်မှာ ၁ ပွဲမှ ပွဲထွက် ကစားခွင့် မရသေးပါဘူး။ အသက် ၂၄ နှစ် အရွယ် ဇစ်ခ်ဇီးဟာ လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ နယ်သာလန်နဲ့ အတူ ပါဝင်ဆင်နွှဲလိုနေတာကြောင့် ပုံမှန် ပွဲထွက် ကစားခွင့်ရမယ့် အသင်း တစ်သင်းဆီ ပြောင်းရွှေ့ချင်နေတာလည်း ဖြစ်ပါတယ်။
ဒီရာသီမှာ နည်းပြ ဖြစ်သူ ရူဘင် အမော်ရင်က မားသီးယက်စ် ကူညာ၊ ဘရိုင်ယန် အမ်ဘူမို၊ မေဆန် မောင့်၊ ဘင်ဂျာမင် ဆက်စ်ကို၊ အာမက်ဒ် ဒီယာလို တို့ကို တိုက်စစ် အတွက် အဓိက အသုံးပြုနေတာကြောင့် နယ်သာလန်သားက နေရာပျောက်ဆုံးနေရတာ ဖြစ်ပါတယ်။ ဒါကြောင့် လာမယ့် ဇန်နဝါရီမှာ ယူနိုက်တက်က ဇစ်ခ်ဇီးကို လက်လွှတ်ဖို့ စဉ်းစားလာပြီး လက်တလော မှာတော့ သူ့ကို ခေါ်ယူဖို့ ရိုးမားက စိတ်ဝင်စားနေပါတယ်။ တစ်ချက် ရှိတာက ယူနိုက်တက် အနေနဲ့ ဇစ်ခ်ဇီးကို ရာသီကုန် အထိ အငှားချပြီးမှ အပြီးသတ် ခေါ်ယူခွင့် သဘောတူညီချက်ကို ထည့်သွင်းသွားဖို့ ရှိနေကြောင်း အီတလီ သတင်းစာ Gazzetta dello Sport က ဖော်ပြခဲ့ပါတယ်။ ဗြိတိန် မီဒီယာ တချို့ ကတော့ ယူနိုက်တက်ဟာ ဆက်စ်ကို ဒူးဒဏ်ရာ ရသွားသလို အမ်ဘူမို၊ အာမက်ဒ် တို့ကိုလည်း အာဖရိကနိုင်ငံများဖလား ပြိုင်ပွဲဆီ စေလွှတ်ရဖို့ ရှိတာကြောင့် အမော်ရင် အနေနဲ့ ဇစ်ခ်ဇီးကို မဖြစ်မနေ နေရာပေးသွားတော့မယ့် အခြေအနေမှာ ရှိနေကြောင်း ဖော်ပြထားပါတယ်။

ဆက်စပ် သတင်းတွေအရ ဆိုရင် ယူနိုက်တက်ဟာ လာမယ့် ဇန်နဝါရီမှာ ကစားသမား ခေါ်ယူမှု အတွက် ပေါင်သန်း ၁၁၀ အသုံးပြုခွင့်ရရှိထားတယ်လို့ သိရပါတယ်။ ဒါကြောင့် သရဲနီတွေက တိုက်စစ်ပိုင်းကို အဓိက အားဖြည့်ချင်နေသလို ကွင်းလယ်ပိုင်း အတွက်လည်း အဲလီယော့တ် အန်ဒါဆန်၊ အဒမ် ဝှာတန် တို့ အပြင် ဝုဗ်က ယာအို ဂိုးမက်ဇ် ကိုလည်း စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ ယူနိုက်တက် အနေနဲ့ ဘရာဇီးလ် ကွင်းလယ်လူကို လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ ခေါ်ယူမယ် ဆိုရင်တော့ ပေါင် ၄၄ သန်း (ယူရိုသန်း ၅၀) ပေးချေရမှာ ဖြစ်ပါတယ်။
ယူနိုက်တက်ဟာ ကွင်းလယ် No 6 နေရာကို အားဖြည့်ဖို ပြင်ဆင်နေပြီး ကားလို့စ် ဘယ်လီဘာ့၊ ကော်နာ ဂယ်လာဟာ၊ အဲလီယော့တ် အန်ဒါဆင်နဲ့ အဒမ် ဝှာတန် တို့ကို ပစ်မှတ်ထားနေပါတယ်။ လစ္စဘွန်း အခြေစိုက် Record ရဲ့ဖော်ပြချက်ရ ယာအို ဂိုးမက်ဇ် ကလည်း ယူနိုက်တက်ဆီ ပြောင်းရွှေ့ချင်နေတာကြောင့် ဒီအချက်က သရဲနီတို့ အတွက် မျှော်လင့်ချက် ဖြစ်စေနိုင်တယ်လို့ သိရပါတယ်။ အသက် ၂၄ နှစ် အရွယ် ယာအို ဂိုးမက်ဇ်ဟာ ၂၀၂၃ ဇန်နဝါရီလတုန်းက ဖလာမင်ဂို ကနေ ဝုဗ်ကို နှစ်ရှည် စာချုပ်နဲ့ ပြောင်းရွှေ့လာခဲ့သူပါ။ ဒါပေမယ့် ဒီရာသီမှာ ဝုဗ်တို့ ပရီးမီးယားလိဂ် ကနေ တန်းဆင်းရမယ့် အန္တရာယ် ရှိနေတဲ့ အပေါ် ကစားသမားက စိုးရိမ်နေတာ ဖြစ်ပါတယ်။ ယူနိုက်တက် နည်းပြ ရူဘင် အမော်ရင်ဟာ ဒီရာသီအစက ဝုဗ် တိုက်စစ်ကစားသမား ကူညာကို ပေါင် ၆၂.၅ သန်းနဲ့ ခေါ်ယူခဲ့ပြီး ယာအို ဂိုးမက်ဇ်ဟာ ယူနိုက်တက်ကို ရောက်ရှိလာမယ့် ဒုတိယမြောက် ဝုဗ်ရဲ့ ဘရာဇီးလ် ကစားသမား ဖြစ်လာဖို့ နီးစပ်နေပါပြီ။ တကယ်တော့ ယူနိုက်တက်က အပေါ်က ဖော်ပြခဲ့တဲ့ ကွင်းလယ်လူတွေကို စိတ်ဝင်စားနေတာ ဖြစ်ပေမယ့် မြင့်မားတဲ့ ပြောင်းရွှေ့ကြေး ကိုတော့ မသုံးလိုတာကြောင့် ဈေးသက်သာမယ့် ကစားသမား တစ်ဦးကို ခေါ်ယူဖို့သာ ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.


