နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

ဝက်စ်ဟမ်းနဲ့ သရေကျပြီး နိုင်ပွဲဆက်မှု ရပ်တန့်ခဲ့ရတဲ့ မန်ချက်စတာယူနိုက်တက် | ပရီးမီးယားလိဂ်

ဝက်စ်ဟမ်း ကတော့ မနေ့ညက ပရီးမီးယားလိဂ် ပွဲစဉ်မှာ မန်ယူနိုက်တက်ကို အနိုင်ရပြီး ၃ မှတ် အပြည့် ရဖို့ နီးစပ်ခဲ့ပေမယ့် ဘင်ဂျမင် ဆက်စ်ကိုရဲ့ နောက်ကျ သွင်းဂိုးက ပွဲရလဒ်ကို တစ်မျိုးတစ်ဖုံ ပြောင်းလဲပစ်ခဲ့ပါတယ်။ ပွဲချိန် ၉၆ မိနစ်မှာ သွင်းယူခဲ့တဲ့ ဆက်စ်ကိုရဲ့ ချေပဂိုးကြောင့် ဝက်စ်ဟမ်း တို့ရဲ့ ဦးဆောင်မှု ရပ်တန့်ခဲ့ပြီး လန်ဒန်ကွင်းမှာ သရေ တစ်မှတ်စီ ခွဲယူခဲ့ကြရပါတယ်။

 

ပွဲစဉ်အကျဉ်း

မန်ချက်စတာယူနိုက်တက် အသင်းဆီ ပြန်လည် ရောက်ရှိလာတဲ့ မိုက်ကယ် ကာရစ် အနေနဲ့ ပထမဆုံး ရှုံးပွဲနဲ့ ရင်ဆိုင်ရတော့မယ့် အခြေအနေမှာ ဆက်စကိုက ပွဲပြီးခါနီး အဖိုးတန်ဂိုးကို ထပ်မံသွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ပထမပိုင်း မှာတော့ နှစ်သင်းစလုံး အပြန်အလှန် ထိန်းကစားခဲ့ကြပါတယ်။ ဆမ်မားဗီးလ်ရဲ့ ကန်ချက်ကို ယူနိုက်တက် ဂိုးသမား ဆန်နီ လန်မန်းစ် ကာကွယ်နိုင်ခဲ့သလို၊ လု့ခ်ရှောရဲ့ ကန်ချက် ကိုလည်း အသင်းဖော်ဟောင်း ဖြစ်တဲ့ ဝမ်-ဘစ်ဆာခါက ဂိုးစည်းပေါ် ကနေ ဖျက်ထုတ်နိုင်ခဲ့ပါတယ်။

ဒါပေမယ့်လည်း ဒုတိယပိုင်း စပြီး ၅ မိနစ် အကြာမှာပဲ ဝက်စ်ဟမ်းတို့ ဦးဆောင်ဂိုး စတင် ရရှိခဲ့ပါတယ်။ လု့ခ် ရှောကြောင့် ဖြစ်ခဲ့တဲ့ နေရာလွတ်ကို အခွင့်ကောင်းယူပြီး ဂျာရော့ ဘိုဝင်က ညာဖက်ခြမ်း ကနေ အနိမ့်ဘော ဖြတ်တင်ပေးခဲ့ရာမှာ ဆိုချက်ခ်က ဂိုးသမားရဲ့ ခြေထောက်ကြား ကနေ ကန်သွင်းယူခဲ့တာပါ။ ယူနိုက်တက် အတွက် ပွဲပေါင်း ၁၅၀ ပြည့်မြောက်တဲ့ ကက်စ်မဲရိုးက မိနစ် ၆၀ ကျော်မှာ ခေါင်းတိုက်ပြီး ချေပဂိုး သွင်းနိုင်ခဲ့ပေမယ့် လူကျွံဘော အဖြစ်သာ သတ်မှတ်ခြင်း ခံခဲ့ရပါတယ်။

သူဟာ ပရီးမီးယားလိဂ်မှာ ၃၉ ဂိုးမြောက် သွင်းယူနိုင်ခဲ့တာကြောင့် ပက်ထရစ် ဘာဂါကို ကျော်ဖြတ်ပြီး လိဂ် သမိုင်းတစ်လျှောက် ဂိုးအများဆုံး သွင်းတဲ့ ချက် ကစားသမား ဖြစ်လာခဲ့ပါတယ်။
ဆက်စ်ကိုရဲ့ နောက်ကျဂိုး မကယ်ရင် ရှုံးပွဲ တွေ့မယ့် ယူနိုက်တက်

ပွဲပြီးခါနီး နာကျင်အချိန်ပို မှာတော့ ပွဲက ပိုမို မြန်ဆန်လာခဲ့ပါတယ်။ ဇစ်ခ်ဇီးရဲ့ ခေါင်းတိုက်ချက် လွဲချော်ခဲ့သလို၊ ဝက်စ်ဟမ်းရဲ့ တန်ပြန် တိုက်စစ် ကနေ လူစားဝင် ကစားသမား ကော်လမ် ဝီလ်ဆင်ရဲ့ တစ်ဦးချင်း အတွေ့မှာ ကန်ချက် ကိုလည်း ဂိုးသမား လန်းမန်းစ်က ကာကွယ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် နောက်ဆုံး မှာတော့ ဆက်စ်ကို ကပဲ ပွဲကို အဆုံးအဖြတ်ပေးခဲ့ပါတယ်။ ပွဲပြီးဖို့ တစ်မိနစ် အလိုမှာ ဘရိုင်ယန် အမ်ဘွေမိုရဲ့ ဖြတ်တင်ဘောကို ဧရိယာအတွင်း နေရာလွတ် ရှာပြီး အရေးပါတဲ့ သွင်းဂိုး အဖြစ် ပြောင်းလဲပေးခဲ့ပါတယ်။

ဒီရလဒ်ကြောင့် မန်ချက်စတာယူနိုက်တက်က ပရီးမီးယားလိဂ်ရဲ့ ထိပ်သီး ၄ သင်း စာရင်းမှာ ဆက်လက် ရပ်တည်နိုင်ခဲ့ပြီး ဝက်စ်ဟမ်း ကတော့ အဆင့် ၁၈ မှာပဲ ဆက်ရှိနေခဲ့ပါတယ်။ အကယ်၍သာ အနိုင်ရခဲ့ရင် နော့တမ်ဟမ်ဖောရက်စ်နဲ့ ရမှတ်တူ ဖြစ်လာမှာ ဖြစ်ပေမယ့် လက်ရှိမှာတော့ ၂ မှတ် ကွာဟလျက် ရှိနေပါတယ်။

 

ပွဲပြီးအချက်အလက်နဲ့ မှတ်တမ်းများ

ယူနိုက်တက်တို့ နောက်ဆုံး မိနစ်မှာ ထပ်မံ အသက်ရှူချောင်ခဲ့ပြန်တယ်လို့ပဲ ဆိုရမှာ ဖြစ်ပါတယ်။ ကာရစ်ခ်ရဲ့ ကစားသမားဘဝတုန်း ကလည်း ယူနိုက်တက်ဟာ နောက်ဆုံး မိနစ်ဂိုးတွေကြောင့် နာမည်ကြီးခဲ့တာပါ။ ရူဘင် အမော်ရင် နေရာမှာ အစားထိုး ဝင်ရောက်လာတဲ့ ကာရစ်ခ် လက်ထက်မှာ ဆက်စကိုက ဖူလ်ဟမ်နဲ့ ပွဲတုန်းကလိုပဲ အခုလည်း အဖိုးတန် နောက်ဆုံး မိနစ်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။

၉၅ မိနစ် ၁၁ စက္ကန့်မှာ သွင်းယူခဲ့တဲ့ ဆက်စကိုရဲ့ သွင်းဂိုးဟာ ၂၀၀၆-၂၀၀၇ ဘောလုံးရာသီ နောက်ပိုင်း ဝက်စ်ဟမ်း အသင်းရဲ့ အိမ်ကွင်းမှာ အနောက်ကျဆုံး ရလဒ် ပြောင်းလဲသွားစေခဲ့တဲ့ဂိုး ဖြစ်ပါတယ်။ ဝက်စ်ဟမ်းဟာ ဒီရာသီမှာ ဦးဆောင်ဂိုး ရထားပြီးမှ ရမှတ် ၂၀ မှတ် အထိ ပြန်လည် ဆုံးရှုံးထားပါတယ်။ ယူနိုက်တက်ဟာ ဒီပွဲမှာ ဂိုးပေါက် ကန်ချက် ၉ ကြိမ်သာ ရှိခဲ့ပြီး ဒါဟာ ဒီရာသီမှာ ဂိုးပေါက် ကန်ချက် ၁၀ ကြိမ်အောက် ရောက်ရှိခဲ့တဲ့ ဒုတိယမြောက် ပွဲစဉ် ဖြစ်ပါတယ်။ (စက်တင်ဘာလက စပါးနဲ့ ပွဲမှာ ၅ ကြိမ်သာ ရှိခဲ့ဖူးပါတယ်) ။

ဝက်စ်ဟမ်း ကစားသမား သောမက်စ် ဆိုချက်ခ် အတွက်တော့ သမိုင်းဝင်တဲ့နေ့ ဖြစ်ခဲ့ပါတယ်။ သူဟာ ပရီးမီးယားလိဂ်မှာ ၃၉ ဂိုးမြောက် သွင်းယူနိုင်ခဲ့တာကြောင့် ပက်ထရစ် ဘာဂါကို ကျော်ဖြတ်ပြီး လိဂ် သမိုင်းတစ်လျှောက် ဂိုးအများဆုံး သွင်းတဲ့ ချက် ကစားသမား ဖြစ်လာခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်