ခရစ္စတယ်ပဲလေ့စ် ဥက္ကဋ္ဌ စတိဗ် ပါရစ်ရှ် ကတော့ သူတို့ အသင်းရဲ့ အင်္ဂလန် နောက်ခံလူ မာ့ခ် ဂူဟီကို ပြောင်းရွှေ့ကြေး အများဆုံး ပေးမယ့် အသင်းထံ ရောင်းထုတ်သွားဖွယ် ရှိကြောင်း ထုတ်ဖော် ပြောကြားလာခဲ့ပါတယ်။ ဂူဟီ ဟာ လက်ရှိမှာ ပရီးမီးယားလိဂ် ကလပ်ရဲ့ အသင်းခေါင်းဆောင် ဖြစ်ပြီးတော့ နည်းပြ အိုလီဗာ ဂလက်စ်နာ ကတော့ အသင်းမှာ ဆက်ထိန်းထားဖို ဆန္ဒရှိနေပါတယ်။
သတင်းတွေအရ ဆိုရင် လက်ရှိမှာ ဥက္ကဌ စတိဗ် ပါရစ်ရှ်နဲ့ ဂလက်စ်နာတို့ အကြားမှာ သဘောထားကွဲလွဲမှုတွေ ရှိလာခဲ့ကြောင်း သိရပါတယ်။ အသက် ၂၅ နှစ် အရွယ် ဂူဟီ ကတော့ ခရစ္စတယ်ပဲလေ့စ်နဲ့ ၂၀၂၆ ခုနှစ် အထိ စာချုပ်သက်တမ်း ကျန်ရှိနေပြီး အကယ်၍ လန်ဒန် ကလပ် အနေနဲ့ ကစားသမားကို သက်တမ်းတိုးနိုင်ခြင်း မရှိရင်တော့ လာမယ့် နွေရာသီမှာ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့်ပြုရတော့မှာလည်း ဖြစ်ပါတယ်။ အဓိက ကတော့ ဒီအခြေအနေကို စတိဗ် ပါရစ်ရှ်က မလိုလားပဲ နည်းပြ ဖြစ်သူ အိုလီဗာ ဂလက်စ်နာ ကတော့ အသင်း အတွက် ခြေစွမ်းပြပြီး အကောင်းဆုံး ဦးဆောင်နေတဲ့ ကစားသမား တစ်ဦးကို လက်လွှတ်လိုခြင်း မရှိတာ ဖြစ်ပါတယ်။
ဒီအခြေအနေနဲ့ ပတ်သတ်လို့ ဥက္ကဌ စတိဗ် ပါရစ်ရှ်က “သူက သက်တမ်းတိုးဖို့ ဆန္ဒမရှိဘူး ဆိုရင် ကျွန်တော်တို့ အခြေအနေကို ကြည့်ရပါလိမ့်မယ်။ ဒါက ခက်ခဲတဲ့ အခြေအနေ တစ်ခု ဖြစ်နေပါတယ်။ ဥရောပမှာ ယှဉ်ပြိုင်ရတဲ့ အခါ ဘဏ္ဍာရေး စည်းမျဉ်းတွေက ပရီးမီးယားလိဂ်ထက် ပိုပြီး တင်းကြပ်ပါတယ်။ ကစားသမားတွေကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့်ပြုရတာက ဘောလုံး ကလပ် အသင်း တစ်သင်း အတွက် ကောင်းမွန်တဲ့ အခြေအနေ တစ်ခု မဟုတ်ပါဘူး။ ဒါကြောင့် လာမယ့် ၁၁ ရက် အတွင်း ဘာတွေ ဖြစ်လာမလဲ ဆိုတာ စောင့်ကြည့်ရမှာပါ။” လို့ ပြောကြားသွားခဲ့ပါတယ်။

ပဲလေ့စ်ဟာ ပြီးခဲ့တဲ့ ဆောင်းရာသီ အပြောင်းအရွှေ့မှာတုန်းက ဆိုရင် ဂူဟီ အတွက် ပေါင်သန်း ၇၀ အထိ တန်ဖိုး သတ်မှတ်ထားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း စာချုပ်သက်တမ်း ကုန်ဆုံးချိန် နီးကပ်လာတာနဲ့ အမျှ ဂူဟီရဲ့ တန်ကြေးက တဖြည်းဖြည်း ကျဆင်းလာပြီး ပေါင်သန်း ၄၀ ဝန်းကျင်လောက်နဲ့ အသင်း ပြောင်းခွင့်ပေးရမယ့် အခြေအနေ ဖြစ်လာခဲ့ပါတယ်။ တစ်ဖက်မှာလည်း ဂူဟီရဲ့ အပြောင်းအရွှေ့က ထင်ထားသလို ရိုးရှင်းနေတာတော့ မဟုတ်ပါဘူး။ ဂူဟီဟာ ၂၀၂၁ ခုနှစ်မှာ ချဲလ်ဆီး ကနေ ပေါင် ၁၈ သန်းနဲ့ ပဲလေ့စ်ကို ပြောင်းရွှေ့ခဲ့စဉ် သဘောတူညီချက်အရ ချဲလ်ဆီးက ပဲလေ့စ်တို့ သူ့ကို ပြန်လည် ရောင်းချရာမှာ ရရှိတဲ့ ပြောင်းရွှေ့ကြေးရဲ့ ၂၀ ရာခိုင်နှုန်းကို ခံစားခွင့် ရှိမှာ ဖြစ်ပါတယ်။ ဒါကြောင့် ပဲလေ့စ်က ဂူဟီရဲ့ ပြောင်းရွှေ့ကြေးကို ရရင်ရသလောက် ခပ်များများ လိုချင်နေတာ ဖြစ်ပါတယ်။
တစ်ဖက် မှာလည်း မာ့ခ် ဂူဟီက ထိပ်တန်း ကလပ် အသင်း များစွာရဲ့ စိတ်ဝင်စားခြင်း ခံနေရပေမယ့် ပရီးမီးယားလိဂ် ချန်ပီယံ လစ်ဗာပူးလ်က သူ့ကို ခေါ်ယူဖို့ အနီးစပ်ဆုံး အခြေအနေမှာ ရှိနေပါတယ်။ မာ့ခ် ဂူဟီဟာ ခရစ္စတယ်ပဲလေ့စ်နဲ့ အတူ ၃ လ အတွင်း အဓိက ဆုဖလား နှစ်လုံး ဖြစ်တဲ့ အက်ဖ်အေဖလားနဲ့ ကွန်မြူနတီဒိုင်း တို့မှာ ချန်ပီယံ ဖြစ်ထားပြီး အသင်းကို ရလဒ်ကောင်းတွေ အတွက် အကောင်းဆုံး ဦးဆောင်ပေးနေသူလည်း ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.