နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ယူနိုက်တက်ကို ပြောင်းရွှေ့ခွင့်ရတာဟာ ‘အိမ်မက်တွေ အမှန်တကယ် ဖြစ်လာတာပါ’ လို့ ဆိုလိုက်တဲ့ မားသီးယက်စ် ကူညာ | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် ကတော့ တိုက်စစ် ကစားသမားသစ် ဖြစ်တဲ့ မာသီးယပ်စ် ကူညာကို ပြီးခဲ့တဲ့ ရက်ပိုင်း ကပဲ တရားဝင် ကြေညာသွားခဲ့ပြီ ဖြစ်ပါတယ်။ ကူညာဟာ ဝုဗ် ကနေ ပေါင် ၆၂.၅ သန်းနဲ့ အိုးထရက်ဖို့ဒ်ကို ပြောင်းရွှေ့ပြီးနောက် သူ့ဟာ ငယ်စဉ် ဘဝကတည်းက သရဲနီတွေကို ဘယ်လိုမျိုး အားပေးခဲ့သလဲ ဆိုတာ ယူနိုက်တက်နဲ့ ပထမဆုံး အင်တာဗျူးမှာ ဖွင့်ဟ ပြောဆိုလာခဲ့ပါတယ်။

ကူညာက ပရီးမီးယားလိဂ် ပွဲတွေကို ဘရာဇီးလ် နိုင်ငံက သူ့ရဲ့ အဖွား ဖြစ်သူ နေအိမ်မှာ စတင် ကြည့်ရှုခဲ့ရပြီး အကြိုက်ဆုံး ကစားသမား ကလည်း ဝိန်း ရူနီ ဖြစ်ကြောင်း ပြောကြားလာခဲ့တာ ဖြစ်ပါတယ်။ ကူညာက “နည်းနည်းတော့ ရယ်စရာကောင်းတဲ့ ဇာတ်လမ်း တစ်ခုပါ။ ကျွန်တော့် အဲဒီ အချိန်တုန်းက ပရီးမီးယားလိဂ် ပွဲတွေကို အဖွားအိမ်မှာပဲ ကြည့်လို့ ရပါတယ်။ ကျွန်တော့် အိမ်မှာ ဘာချန်နယ်မှ မရှိပါဘူး။ ကျွန်တော့် ဝမ်းကွဲ အစ်ကို အိမ်မှာလည်း ချန်နယ် မရှိဘူး။ ဒါကြောင့် ကျွန်တော်တို့ စနေ၊ တနင်္ဂနွေတိုင်း အဖွားရဲ့ အိမ်မှာ ပရီးမီးယားလိဂ် ကြည့်ဖို့ စီစဉ်ကြရပါတယ်။ ပြီးတော့ အဖွားက ယူနိုက်တက် ပရိသတ်ပါ။ ပရီးမီးယားလိဂ် စကြည့်ဖိုနဲ့ ယူနိုက်တက်ကို အားပေးဖို ကျွန်တော့်ကို လမ်းပြပေးခဲ့တယ်။” လို့ ဆိုပါတယ်။

“ကျွန်တော့် အတွက်တော့ ဒီကလပ်က အမြဲတမ်း စိတ်ထဲမှာ ရှိနေခဲ့တာပါ။ လမ်းပေါ်က ကျောက်ခင်းကွင်းမှာ ကစားတုန်းက အဲ့ဒီကွင်းကို အိုးထရက်ဖို့ဒ်လို့ ခေါ်ခဲ့ကြတယ်။ စဉ်းစားကြည့်ပါ။ အခု ဒီကို ရောက်လာတာ အရမ်းပဲ ခက်ခဲခဲ့ပေမယ့် အတိတ်ကို ပြန်စဉ်းစားကြည့်တော့လည်း ကျွန်တော့် အတွက် စိတ်လှုပ်ရှားစရာတွေပါပဲ။” လို့ ကူညာက ပြောကြားသွားခဲ့ပါတယ်။

ပရီးမီးယားလိဂ် စကြည့်ဖိုနဲ့ ယူနိုက်တက်ကို အားပေးဖို ကျွန်တော့်ကို လမ်းပြပေးခဲ့တယ်။” လို့ ဆိုပါတယ်။
ကူညာ အပြင် တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းဖို့ ပြင်ဆင်ထားတဲ့ ယူနိုက်တက်

ကူညာဟာ သူငယ်စဉ်က အကြိုက်ဆုံး ကစားသမားဟာ ဝိန်း ရူနီ ဖြစ်ကြောင်း ယူနိုက်တက်ရဲ့ ဂိုးသွင်း အများဆုံး ကစားသမား ရူနီဟာ သူနဲ့ ဆင်တူမှုတွေ ရှိကြောင်း ပြောဆိုခဲ့ပါသေးတယ်။ “ကျွန်တော် ယူနိုက်တက် ပွဲတွေ စကြည့်တုန်းက တစ်သင်းလုံးကို မှတ်မိနေပါတယ်။ တိုက်စစ်မှာ ရူနီ၊ သူက ကျွန်တော်နဲ့ ကစားပုံ ဆင်တူသူလို့ ထင်ပါတယ်။ ဘာလိုလဲ ဆိုတော့ ကျွန်တော်က ဘောလုံး ကစားရင် အမြဲတမ်း အစွမ်းကုန် ပေးဆပ် ကစားလို့ပါ။ ပြီးတော့ သူက နံပါတ် ၁ဝ လည်း ဖြစ်တယ်။ သူ့ရဲ့ ကျွမ်းကျင်မှုကို လူတိုင်း နှစ်သက်ကြပါတယ်။ ဒါပေမယ့် သူက အမြဲတမ်း ပိုပြီး ပေးဆပ်တတ်သူပါ။ ဘောလုံး ရဖို့ ကွင်းလယ် အထိ ဆင်းယူတယ်။ သူ့အတွင်းထဲက လာတဲ့ စွမ်းအင်က ကြီးမားပြီး ပုံစံကောင်း တစ်ခု ဖြစ်ပါတယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။

ယူနိုက်တက်ဟာ သမိုင်းတစ်လျှောက် အဆိုးရွားဆုံး ရာသီတွေထဲက တစ်ခုကို ဖြတ်သန်းခဲ့ရပြီးနောက် လာမယ့် ရာသီမှာလည်း ဥရောပ ပြိုင်ပွဲတွေ ကစားရမှာ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း ဒီနွေရာသီ အပြောင်းအရွှေ့ မှာတော့ ကူညာလို ကစားသမားမျိုးကို အရ ခေါ်ယူနိုင်ခဲ့သလို နောက်ထပ် ကောင်းမွန်တဲ့ အပြောင်းအရွှေ့တွေ အတွက်လည်း မျှော်လင့်လျက် ရှိနေပါတယ်။ 

လက်ရှိမှာ ရူဘင် အမော်ရင်ရဲ့ အသင်းက ကူညာ အပြင် တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းဖို့ ပြင်ဆင်လျက် ရှိပြီး အမ်ဘူမို၊ ဗစ်တာ ယိုကီးရက်စ် တို့နဲ့လည်း သတင်းတွေ ထွက်နေပါတယ်။ ဒါပေမယ့်လည်း ထိပ်တန်း ကစားသမားတွေ ခေါ်ယူဖို့ အတွက် ဆိုရင်တော့ ယူနိုက်တက်က အလက်ဟန်ဒရို ဂါနာချို၊ အန်တိုနီ၊ ဂျေဒန် ဆန်ချိုနဲ့ မားကပ်စ် ရက်ရှ်ဖို့ဒ် တို့ကို ရောင်းထုတ်နိုင်ဖို့တော့ လိုအပ်နေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်