နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အမ်ဘွေမို (သို့မဟုတ်) ကာရစ်ရဲ့ Free Role ကစားကွက်အောက်မှာ တောက်ပနေတဲ့ ကင်မရွန်း စိန်တပွင့် | ပရီးမီးယားလိဂ်

တကယ်တော့ ဘရိုင်ယန် အမ်ဘွေမို ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက်ကို ပြောင်းရွှေ့လာတာဟာ တခြားကစားသမားတွေလောက် သိပ်ပြီး လူပြော မများခဲ့ပါဘူး။ တစ်ဖက် မှာလည်း ကူညာကို အဲရစ်ခ် ကန်တိုနာရဲ့ ဆက်ခံသူအဖြစ် ပုံဖော်ခဲ့ကြပြီး သူ့ရဲ့ ကစားဟန်က ရဲတင်းမှု၊ မာန်ပါမှုနဲ့ ထက်မြက်မှုတွေ ရှိနေခဲ့ပါတယ်။ တစ်ခါတလေ စည်းကျော်တဲ့ လုပ်ရပ်တွေ ရှိတတ်ပေမဲ့ သူ့ရဲ့ ထူးချွန်တဲ့ အရည်အချင်းကြောင့်ပဲ ဒါဟာ စွန့်စားရကျိုးနပ်တယ်လို့ ယူဆခဲ့ကြတာပါ။

ဆက်စ်ကို ဆိုရင်လည်း ပြီးခဲ့တဲ့ရာသီက လစ်ဗာပူးနဲ့ အာဆင်နယ် တို့လို ထိပ်သီး ကလပ်တွေရဲ့ အပြင်းအထန် စိတ်ဝင်စားခြင်း ခံခဲ့ရသူပါ။ အသက် ၂၂ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ သူ့ကို နယူးကာဆယ်က အလက်ဇန္တား အိဆက်ခ်ရဲ့ နေရာမှာ အစားထိုးဖို့ ရည်ရွယ်ခဲ့ပေမယ့် နောက်ဆုံး မှာတော့ ဆလိုဗေးနီးယားသားက အိုးလ်ထရက်ဖို့ဒ်ကို ပြောင်းရွှေ့ဖို့သာ ဆုံးဖြတ်ခဲ့ပါတယ်။ အဲဒီအချိန်က ဆက်ကို,ကို ခေါ်ယူနိုင်ခဲ့တာဟာ ယူနိုက်တက် အတွက် အောင်မြင်မှု တစ်ခုလို့ကို ရှုမြင်ခဲ့ကြတာပါ။

ဒီလိုအခြေအနေတွေကြောင့် အမ်ဘွေမို ရောက်လာတဲ့ အပေါ် အာရုံစိုက်မှု သိပ်မရခဲ့ပါဘူး။ နည်းပြ ရူဘင် အမော်ရင် ကလည်း ဒီပြင်သစ်ဖွား ကင်မရွန်း လက်ရွေးစင်ရဲ့ ဘက်စုံ ကစားနိုင်စွမ်းကို အသုံးချပြီး နေရာ အမျိုးမျိုးမှာ ထားကစားခဲ့ပါတယ်။ သူ့ကို ညာတောင်ပံ ကွင်းလယ် တိုက်စစ်၊ ဘယ်တောင်ပံ ကွင်းလယ် တိုက်စစ်နဲ့ ဒုတိယ တိုက်စစ်မှူး နေရာတွေမှာ အလှည့်ကျ သုံးခဲ့တာပါ။ ဒါပေမယ့် အားလုံးက မေ့လျော့နေတဲ့ ဒီတတိယမြောက် ကစားသမားဟာ အခုအချိန်မှာတော့ ပရီးမီးယားလိဂ် ကလပ်ရဲ့ အကောင်းဆုံး ခေါ်ယူမှု ဖြစ်လာခဲ့ပါပြီ။

 

ကိန်းဂဏန်းတွေက သက်သေပြနေတဲ့ စွမ်းဆောင်ရည်

အမ်ဘွေမိုဟာ လက်ရှိမှာ ယူနိုက်တက် အတွက် ပရီးမီးယားလိဂ် သွင်းဂိုး ၈ ဂိုးနဲ့ ဂိုးသွင်း အများဆုံး ကစားသမား ဖြစ်နေပါတယ်။ ဂိုးပါဝင်ပတ်သက်မှု မှာလည်း အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ် (၁၅ ဂိုး) ပြီးရင် (၉ ဂိုး) နဲ့ ဒုတိယ အများဆုံးပါ။ Rating တွေ အရလည်း ဘရူနို (၇.၉၅) နဲ့ အာမက် ဒီယာလို (၇.၄၆) တို့ရဲ့ နောက်မှာ အမ်ဘူမိုက (၇.၂၈) နဲ့ ရှိနေပါတယ်။

သူဟာ ဂိုးတွေ သွင်းပေးနေတယ် ဆိုတာထက် “အရေးကြီးတဲ့ ပွဲတွေမှာ အရေးပါတဲ့ ဂိုးတွေကို သွင်းယူနေတယ်” ဆိုရင် ပိုမှန်ပါလိမ့်မယ်။ အန်ဘွေမိုက အန်ဖီးလ်ကွင်းမှာ လစ်ဗာပူးကို ဂိုးသွင်းခဲ့တယ်။ မန်ချက်စတာဒါဘီ အနိုင်ပွဲမှာ အဖွင့်ဂိုး သွင်းခဲ့တယ်။ ယာယီ နည်းပြ မိုက်ကယ် ကာရစ် လက်အောက်မှာ အာဆင်နယ်ကို ၃-၂ နဲ့ အနိုင်ရခဲ့တဲ့ ပွဲမှာလည်း ပထမ ချေပဂိုးကို သွင်းယူပေးခဲ့ပါတယ်။

 

မိုက်ကယ် ကာရစ်ရဲ့ အသုံးချပုံနှင့် ဗျူဟာ

မိုက်ကယ် ကာရစ် နည်းပြ ဖြစ်လာပြီးနောက် အမ်ဘွေမိုဟာ ပိုလို့တောင် ထူးခြားလာပါတယ်။ မန်စီးတီးကို ၂-၀၊ အာဆင်နယ်ကို ၃-၂ နဲ့ နိုင်ခဲ့တဲ့ ပွဲစဉ် နှစ်ခုလုံးမှာ သူ ဂိုးသွင်းနိုင်ခဲ့သလို Rating အရလည်း ၇.၅ အထက် ရရှိခဲ့ပါတယ်။ အင်္ဂလန်ရဲ့ အကောင်းဆုံး အသင်းကြီး နှစ်သင်းနဲ့ ကစားရချိန်မှာ ဒီလို ခြေစွမ်းပြနိုင်တာဟာ အံ့မခန်းပါပဲ။ ဒီနှစ်ပွဲမှာ နည်းပြ ကာရစ်က အမ်ဘွေမိုကို အထောင် တိုက်စစ်မှူး အဖြစ် အသုံးချခဲ့တာဟာ မှန်ကန်တဲ့ ဆုံးဖြတ်ချက် ဖြစ်ခဲ့ပါတယ်။ ကာရစ်က အမ်ဘွေမိုရဲ့ ဘေးတစ်ဖက် တစ်ချက်မှာ အာမက် ဒီယာလိုနဲ့ ပက်ထရစ် ဒေါဂူ တို့နဲ့ ရံစေပြီး တန်ပြန် တိုက်စစ်ကို အရှိန်အဟုန် ကောင်းကောင်းနဲ့ ကစားစေခဲ့တာပါ။ ဘရူနိုရဲ့ ပံ့ပိုးမှုနဲ့ အတူ ဒီတိုက်စစ်အတွဲဟာ ပြိုင်ဘက် ခံစစ်မှူးတွေကို တကယ်ပဲ ခြောက်လှန့်နိုင်ခဲ့ပါတယ်။ ကာရစ် ကတော့ အမ်ဘွေမိုကို “သူ့မှာ မတူညီတဲ့ စွမ်းဆောင်ရည်တွေ ရှိပါတယ်။ ဒါကြောင့် သူ့ကို လွတ်လွတ်လပ်လပ် လှုပ်ရှားကစားနိုင်တဲ့ Free Role ပေးထားတာပါ။” လို့ ရှင်းပြထားပါတယ်။

 

တိုးတက်လာတဲ့ ဂိုးရနိုင်ခြေ (xG)

အမ်ဘွေမိုဟာ လက်ရှိမှာ ယူနိုက်တက် အတွက် ပရီးမီးယားလိဂ် သွင်းဂိုး ၈ ဂိုးနဲ့ ဂိုးသွင်း အများဆုံး ကစားသမား ဖြစ်နေပါတယ်။
မိုက်ကယ် ကာရစ် လက်အောက်မှာ ခြေစွမ်းပိုင်း ပိုပြီး တိုးတက်လာတဲ့ အမ်ဘွေမို

ဘရန့်ဖို့ဒ်မှာ ရှိစဉ်က အမ်ဘွေမိုဟာ ဂိုးသွင်းလေ့ ရှိပေမဲ့ တကယ်တမ်း ဂိုးပေါက် ခြိမ်းခြောက်နိုင်မှု (Non-Penalty xG) မှာ တစ်ပွဲကို ၀.၂ ပဲ ရှိခဲ့ပါတယ်။ ဒါပေမယ့် ယူနိုက်တက်ကို ရောက်လာချိန် မှာတော့ သူ့ရဲ့ xG ဟာ ၀.၃၈ အထိ (နှစ်ဆနီးပါး) မြင့်တက်လာခဲ့ပါတယ်။ အရင်ကထက် တစ်ပွဲကို ကန်ချက် ၀.၅ လောက်ပဲ ပိုများလာတာ ဖြစ်ပေမဲ့ ဂိုးသွင်းနိုင်စွမ်းက သိသိသာသာ မြင့်တက်လာတာ ဖြစ်ပါတယ်။

နိဂုံးချုပ်အားဖြင့် ဆိုရရင်တော့ ပြီးခဲ့တဲ့ နွေရာသီက အမ်ဘွေမို အတွက် ပေါင် ၆၅ သန်း ပေးခဲ့ရတာဟာ ယူနိုက်တက် အတွက် ဈေးကြီးလွန်းတယ်လို့ ထင်ရနိုင်ပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ သူဟာ ပေးရတဲ့ ပြောင်းရွှေ့ကြေးနဲ့ ထိုက်တန်တဲ့ စွမ်းဆောင်ရည်ကို ပြသနေပြီ ဖြစ်သလို ယူနိုက်တက် အနေနဲ့လည်း ဘရန့်ဖို့ဒ် ဆီကနေ ရတနာတစ်ပါးကို အရယူနိုင်ခဲ့ပြီလို့ ဆိုရမှာပဲ ဖြစ်ပါတယ်။ ဒီနေ့ခေတ် ဘောလုံး ဟာသ တစ်ခု အနေနဲ့ ပြောရရင် ယူနိုက်တက် အနေနဲ့ ဘရန့်ဖို့ဒ်ရဲ့ ဘဏ်အကောင့် ထပ်တောင်းပြီး အမ်ဘွေမို အတွက် အပို ဘောနက်စ်တွေ ထပ်ပေးချင်လို့ပါ ဆိုပြီးတောင် ဖုန်းဆက်သင့်ပြီ ထင်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်