အခုတစ်ခါမှာတော့ နိုဝင်ဘာလ ၄ ရက်နေ့ အတွက် ရရှိထားသမျှ ပရီးမီးယားလိဂ်ရဲ့ စိတ်ဝင်စားစရာ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
တော့တင်ဟမ်ဟော့စပါး အသင်းရဲ့ ကစားသမား အများစု ကတော့ ဘေယန်မြူးနစ် တိုက်စစ်မှူး ဟယ်ရီကိန်းကို လာမယ့် နွေရာသီမှာ အသင်းဆီ ပြန်လာဖို့ မျှော်လင့်နေကြောင်း သိရပါတယ်။ ဟယ်ရီကိန်း ကိုတော့ ပရီးမီးယားလိဂ် ကလပ်ဟောင်း အပြင် လာလီဂါ ကလပ် ဘာစီလိုနာ ကလည်း ခေါ်ယူချင်နေကြောင်း သိရပါတယ်။
မန်ချက်စတာယူနိုက်တက် ကတော့ လာမယ့် ဇန်နဝါရီမှာ ကိုဘီ မိန်းနူးကို ရောင်းချဖို့ ကမ်းလှမ်းမှု တစ်ခု လက်ခံရရှိခဲ့ပါတယ်။ နာပိုလီဟာ မိန်းနူးရဲ့ အပြောင်းအရွှေ့ကို ဦးဆောင်နေပြီး သတ်မှတ်ထားတဲ့ အခြေအနေတွေနဲ့ ကိုက်ညီရင် မဖြစ်မနေ ဝယ်ယူရမယ့်အချက် ပါဝင်တဲ့ အငှားစာချုပ်နဲ့ ခေါ်ယူသွားဖွယ် ရှိနေပါတယ်။
မိန်းနူး အနေနဲ့ မန်ချက်စတာယူနိုက်တက် ကနေ ထွက်ခွာခဲ့ရင်တော့ ဇန်နဝါရီလမှာ အိုးထရက်ဖို့ဒ်ဆီ ကွင်းလယ် ကစားသမားသစ် တစ်ဦး ရောက်ရှိလာဖွယ် ရှိနေပါတယ်။ ယူနိုက်တက်ရဲ့ ကွင်းလယ် ပစ်မှတ်တွေထဲ မှာတော့ အက်တလက်တီကိုမက်ဒရစ်က ကော်နာ ဂယ်လာဟာ၊ စပို့တင်းလစ္စဘွန်းက မော်တန် ဂျူးလ်မန်းနဲ့ နော့တင်ဟမ်ဖောရက်စ်က အဲလီယော့တ် အန်ဒါဆန်တို့ ပါဝင်နေပါတယ်။
ပရီးမီးယားလိဂ် ချန်ပီယံ လစ်ဗာပူးလ် ကတော့ လာမယ့် ဇန်နဝါရီလမှာ ကစားသမား ၃ ဦး ခေါ်ယူဖို့ စုစုပေါင်း ပေါင် သန်း ၂၃၀ (ဒေါ်လာ ၃၀၂.၁ သန်း) သုံးစွဲဖို့ အသင့်ဖြစ်နေပြီလို့ သိရပါတယ်။ လစ်ဗာပူးလ်ဟာ ရီးရဲလ်မက်ဒရစ်က ကာမာဗင်ဂါ၊ ပီအက်စ်ဂျီက ဗစ်တင်ညာနဲ့ အင်တာမီလန် ဗဟိုနောက်ခံလူ အလက်ဆန်ဒရို ဘက်စတိုနီ တို့ကို ခေါ်ယူဖို့ ပြင်ဆင်နေကြောင်း Fichajes က ဖော်ပြပါတယ်။

တခြားတစ်ဖက် မှာတော့ လစ်ဗာပူးလ်ဟာ လာမယ့် နွေရာသီမှာ ဘေယန်မြူးနစ် ဗဟိုခံစစ်မှူး ဒါယော့တ် အူပါမီကာနိုကို ခေါ်ယူချင်နေပါတယ်။ ဒီကစားသမားဟာ ရာသီကုန်မှာ ဘေယန်မြူးနစ်နဲ့ စာချုပ် သက်တမ်း ကုန်ဆုံးမှာ ဖြစ်ပြီး ချဲလ်ဆီး၊ မန်ချက်စတာယူနိုက်တက်နဲ့ ရီးရဲလ်မက်ဒရစ် တို့က ဒီကစားသမားကို ခေါ်ယူချင်နေကြပါတယ်။
ချဲလ်ဆီး ကတော့ လာမယ့် ဇန်နဝါရီမှာ ဘာစီလိုနာ ကနေ အလွတ်နဲ့ ထွက်ခွာဖို့ ရှိနေတဲ့ ဂျာမန် ဂိုးသမား မာ့ခ် အန်ဒရီ တာစတီဂျန်ကို ခေါ်ယူချင်နေပါတယ်။ ဒီဂိုးသမားကို ခေါ်ယူဖို့ အတွက် ဆိုရင်တော့ ချဲလ်ဆီးက မန်ချက်စတာယူနိုက်တက်၊ နယူးကာဆယ်ယူနိုက်တက် တို့နဲ့ အပြိုင် ကြိုးစားရဖို့ ရှိနေပါတယ်။
ချဲလ်ဆီးကို ပြောင်းရွှေ့ဖို့ ချိတ်ဆက်နေတဲ့ ကစားသမားတွေထဲမှာ အေစီမီလန် တောင်ပံကစားသမား ရာဖေးလ် လီယာအိုလည်း ပါဝင်နေပါတယ်။ ချဲလ်ဆီးဟာ ဒီကစားသမား အတွက် ယူရို သန်း ၁၂၀ (ပေါင် ၁၀၅.၄ သန်း၊ ဒေါ်လာ ၁၃၈.၄ သန်း) ပေးချေဖို့ အသင့် ဖြစ်နေပြီး အေစီမီလန် ကတော ပြောင်းရွှေ့ကြေး ထိုက်ထိုက်တန်တန် ရရှိရင် လက်လွှတ်သွားဖို့ အဆင်သင့် ရှိနေပါတယ်။
လက်စတာစီးတီး ကတော့ မန်ချက်စတာစီးတီးနဲ့ မန်ချက်စတာယူနိုက်တက် တို့ရဲ့ စိတ်ဝင်စားခြင်း ခံနေရတဲ့ လူငယ်တောင်ပံ ကစားသမား ဂျရယ်မီ မွန်ဂါကို ကလပ်မှာ ဆက်ထိန်းထားဖို့ အစီအစဉ် တစ်ခု လုပ်ဆောင်နေပါတယ်။
ဝက်စ်ဟမ်း ယူနိုက်တက်ဟာ ဇန်နဝါရီမှာ တောင်ပံကစားသမား ဂျရော့ဒ် ဘိုဝင် အတွက် ကမ်းလှမ်းမှုတွေကို လက်ခံမှာ မဟုတ်ကြောင်း အခိုင်အမာ ပြောဆိုထားပါတယ်။ တော့တင်ဟမ်ဟော့စပါး ကလည်း ဘိုဝင်ကို ခေါ်ယူဖို့ ရည်မှန်းချက်ကို လက်လျှော့သွားမှာ မဟုတ်ပဲ ညှိနှိုင်းမှု အဆင်ပြေရေး အဖြေထုတ်သွားမယ်လို့ သိရပါတယ်။
အက်စတွန်ဗီလာ၊ ယူနိုက်တက်နဲ့ လိုက်ပ်ဇစ် တို့ရဲ့ ကင်းထောက်တွေဟာ အသက် ၁၆ နှစ် အရွယ် AIK တိုက်စစ်မှူး ကီဗင် ဖေးလင်းကို စောင့်ကြည့်နေကြပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.
					
										
										
										
										
										
										
			
							
							
							
							
									
				

