နယူးကာဆယ် ကတော့ ဒီနွေရာသီ အပြောင်းအရွှေ့မှာ ဘန်လေက အင်္ဂလန် ဂိုးသမား ဂျိမ်းစ် ထရက်ဖို့ဒ်ကို ခေါ်ယူဖို့ ကြိုးပမ်းနေခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပေါင်သန်း ၄၀ တန်ကြေး ရှိတဲ့ ဒီဂိုးသမားကို ပရီးမီးယားလိဂ် ပြိုင်ဘက် ချဲလ်ဆီး ကလည်း ကြားဖြတ် ခေါ်ယူဖို့ ကြိုးပမ်းသွားဖွယ် ရှိနေကြောင်း သတင်းတွေက ဖော်ပြပါတယ်။
မန်ချက်စတာစီးတီး အကယ်ဒမီထွက် ဂိုးသမား ဂျိမ်းစ် ထရက်ဖို့ဒ်ဟာ ချန်ပီယံရှစ်မှာ ဘန်လေနဲ့ အတူ အကောင်းဆုံး လက်စွမ်းပြခဲ့သူ ဖြစ်ပါတယ်။ ထရက်ဖို့ဒ်ဟာ ဘန်လေတို့ ပရီးမီးယားလိဂ်ဆီ ပြန်လည် တက်လှမ်းနိုင်ရာမှာ အဓိကကျခဲ့သူလည်း ဖြစ်ပါတယ်။ ထရက်ဖိုဒ်ဟာ ဘန်လေ အတွက် ချန်ပီယံရှစ်မှာ စံချိန်တင် လက်စွမ်းပြခဲ့ပြီး တစ်ရာသီ အတွင်း ၄၆ ပွဲ ကစားခဲ့ရာမှာ ပေးဂိုး ၁၆ ဂိုးသာ ခွင့်ပြုပေးခဲ့ရပါတယ်။ ဒါကြောင့်လည်း ဒီဂိုးသမားကို ပရီးမီးယားလိဂ် ထိပ်တန်း ကလပ်တွေက စိတ်ဝင်စားလာခဲ့ပြီး အစောပိုင်းမှာ ယူနိုက်တက် ကလည်း လိုချင်ခဲ့ပါသေးတယ်။ The Telegraph ရဲ့ ဖော်ပြချက်အရ ဆိုရင်တော့ ချန်ပီယံလိဂ် ဝင်ခွင့် ရထားတဲ့ ကလပ် နှစ်ခုက ထရက်ဖို့ဒ်ကို ပစ်မှတ်ထားနေကြောင်း သိရပါတယ်။ အစောပိုင်းမှာ ထရက်ဖို့ဒ်ကို နယူးကာဆယ် တစ်သင်းတည်းကသာ စိတ်ဝင်စားနေခဲ့တာ ဖြစ်ပေမယ့်လည်း ဒီနောက်ပိုင်းမှာတော့ အေစီမီလန်က မိုက်ခ် မိုက်ဂ်နန်ကို မခေါ်ယူနိုင်ခဲ့တဲ့ ချဲလ်ဆီး ကပါ အပြောင်းအရွှေ့ထဲ ပါဝင်လာဖွယ် ရှိကြောင်း သတင်းတွေ ထွက်နေခဲ့တာ ဖြစ်ပါတယ်။
လက်ရှိမှာ ထရက်ဖို့ဒ်က သောမက်စ် တူချယ်ရဲ့ အင်္ဂလန် လက်ရွေးစင် အသင်း လူစာရင်းမှာ ရွေးချယ်ခံထားရပြီး မကြာခင်မှာ ပြောင်းရွှေ့ကြေး ပိုတိုးသွားနိုင်သူလည်း ဖြစ်ပါတယ်။ ဒါကြောင့် သူ့ကို ခေါ်ယူချင်နေတဲ့ အသင်းတွေ အနေနဲ့ ပေါင်သန်း ၄၀ အထိ သုံးစွဲရဖွယ် ရှိနေပြီးတော့ အက်ဒီဟောင်းဝ်ရဲ့ အသင်းက အသည်းအသန် လိုချင်နေတာလည်း ဖြစ်ပါတယ်။ ပရီးမီးယားလိဂ် ကလပ် နယူးကာဆယ်ဟာ ထရက်ဖို့ဒ်ကို စိန့်ဂျိမ်းစ်ပါ့ခ်မှာ နစ်ခ် ပုပ်နဲ့ ပထမ ပွဲထွက် နေရာ အတွက် ယှဉ်ပြိုင်စေချင်နေတာ ဖြစ်ပါတယ်။

တစ်ဖက်မှာ ချဲလ်ဆီးက အခုတစ်ပတ် အတွင်း အေစီမီလန် ဂိုးသမား မိုက်ခ် မိုက်ဂ်နန်ကို ကြိုးပမ်းခဲ့ပေမယ့် ခေါ်ယူဖို့ မအောင်မြင်ခဲ့တာကြောင့် ဂိုးသမားသစ် တစ်ဦး အသည်းအသန် ရှာဖွေနေတာ တွေ့ရပါတယ်။ လက်ရှိ ချဲလ်ဆီးရဲ့ ဂိုးသမား စာရင်းမှာ ကစားသမား ၇ ဦး အထိ ရှိနေပေမယ့် ရောဘတ် ဆန်းချက်ဇ်နဲ့ ဖီလစ် ဂျော်ဂျန်ဆန် တို့သာ အဆင်သင့် အသုံးပြုနိုင်ဖို့ ရှိနေပါတယ်။ ကျန်ဂိုးသမားတွေ ဖြစ်တဲ့ ကီပါ အရစ်ဇာဘာလာဂါက အာဆင်နယ်ကို ပြောင်းရွှေ့သွားခဲ့ပြီ ဖြစ်သလို တခြား ဂိုးသမားတွေ ကတော့ အတွေ့အကြုံနုနယ်နေသေးတာကြောင့် ချဲလ်ဆီးတို့ ဂိုးသမားသစ် တစ်ဦး ရှာဖွေနေရတာ ဖြစ်ပါတယ်။
သတင်းတွေ အရ ဆိုရင်တော့ ထရက်ဖို့ဒ်ရဲ့ အနာဂတ်ဟာ နယူးကာဆယ်က နွေရာသီ အပြောင်းအရွှေ့မှာ ဘယ်ကစားသမားကို ပိုပြီး ဦးစားပေးမလဲ ဆိုတဲ့ အပေါ် မူတည်နေတယ်လို့ သိရပါတယ်။ နယူးကာဆယ်ဟာ လာမယ့် ရာသီ ချန်ပီယံလိဂ် ဝင်ခွင့်ရရှိထားတာကြောင့် အသင်းကို အင်အားဖြည့်တင်းမှုတွေ ပြုလုပ်သွားဖို့ ရှိပြီး ခရစ္စတယ်ပဲလေ့စ်က မာ့ခ် ဂူဟီ၊ နော့တင်ဟမ်ဖောရက်စ် က အန်တိုနီ အီလန်ဂါနဲ့ ဘရိုက်တန်က ယာအို ပက်ဒရို တို့ကို လည်း ပစ်မှတ်ထားနေကြောင်း သိရပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.