နယူးကာဆယ် – လစ်ဗာပူးလ်
အခု တစ်ပတ် စနေနေ့ရဲ့ ပရီးမီးယားလိဂ် နောက်ကျ ပွဲစဉ် အဖြစ် နယူးကာဆယ်နဲ့ လစ်ဗာပူးလ်တို့ ယှဉ်ပြိုင်ကစားဖို့ ရှိပြီး ဒီပွဲနဲ့ ပတ်သတ်ပြီး သိထားသင့်တဲ့ ပွဲကြိုအချက်အလက်တွေ၊ နှစ်ဖက် အသင်း သတင်းတွေနဲ့ ခန့်မှန်းချက်တွေကို ဖော်ပြပေးချင်ပါတယ်။
နယူးကာဆယ်က ဟုတ်တော့မလိုလိုနဲ့ သရေပွဲတွေ များနေပါတယ်။ ဘုန်းမောက်လို အသင်း ကိုတောင်မှ အနိုင်ရအောင် မကစားနိုင်ခဲ့တာက တော်တော်လေး နစ်နာပါတယ်။ ချန်ပီယံလိဂ် ဝင်ခွင့် အတွက် ဆိုရင် ဒီလို ပွဲမျိုးတွေကို အနိုင်ကစားထားမှ တော်ကာကျမှာပါ။ အက်ဒီဟောင်းရဲ့ အသင်း ခြေစွမ်းက အကျဘက်ကို ပြန်ရောက်နေပြီလို့ သုံးသပ်လို့ရပါတယ်။
လစ်ဗာပူးလ်က ပရီးမီးယားလိဂ် မာဆေးဆိုက်ဒ် ဒါဘီမှာ အဲဗာတန်ကို အနိုင်ရလိုက်ပါတယ်။ ဂက်ခ်ပိုလည်း ဂိုးစရသွားပြီး ဆာလာလည်း ဂိုးပေါက် ပြန်တွေ့လာပါပြီ။ ဒါက လစ်ဗာပူးလ် အတွက် အားတက်စရာပါ။ သူတို့တွေ ချန်ပီယံလိဂ် ဝင်ခွင့် အတွက်တော့ အားထည့် ကစားရတော့မှာ ဖြစ်ပါတယ်။
နယူးကာဆယ်မှာ ဂျိုးဝီလော့ခ်နဲ့ စိန့်မက်ဆီမင်တို့ ကစားနိုင်ပါပြီ။ ဒါပေမယ့် ကော်လမ် ဝီလ်ဆင်နဲ့ လက်စ်ဆဲလက်စ် တို့လည်း ဒဏ်ရာ မသက်သာသေးပါဘူး။ ဘရူနို ဂွီမာရေ့စ်က ပြီးခဲ့တဲ့ ပွဲမှာ ဒဏ်ရာကြောင့် လူစားလဲခဲ့ရသလို ပွဲပယ်ပြစ်ဒဏ်လည်း ကျခံရမှာပါ။

ကျန်အဓိက ကစားသမားတွေ အားလုံး ကတော့ ပါဝင်နိုင်မှာပါ။ လစ်ဗာပူးလ်မှာ ဂျိုတာ၊ ဗန်ဒိုက်၊ ဖာမီနိုတို့ အားလုံး လေ့ကျင့်ခန်း ပြန်ဆင်းနေပါပြီ။ ကိုနာတေး၊ လူး၀စ္စ ဒီယက်ဇ်နဲ့ သီယာဂို တို့ကတော့ အနားယူရဦးမှာပါ။
ဖြစ်နိုင်ဖွယ် လူစာရင်း
နယူးကာဆယ် – နစ်ခ် ပုပ်၊ ထရစ်ပီယာ၊ ဖေဘီယန်ရှား၊ ဘော့တ်မန်း၊ ဘန်းန်၊ အယ်လ်မီရွန်၊ လောင်းစတက်ဖ်၊ ဂျိုလင်တန်၊ စိန့်မက်ဆီမင်၊ ဝီလ်ဆင်၊ ဂေါ်ဒွန်
လစ်ဗာပူးလ် – အယ်လစ်ဆန်၊ အာနိုးလ်၊ ဂိုမက်ဇ်၊ ဗန်ဒိုက်၊ ရောဘတ်ဆန်၊ ဘာဆီတစ်၊ ဖာဘင်ဟို၊ ဟန်ဒါဆန်၊ ဆာလာ၊ နူနက်ဇ်၊ ဂက်ခ်ပို
ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်
ပရီးမီးယားလိဂ် နောက်ဆုံး ၅ ပွဲ တွေ့ဆုံခဲ့မှုမှာ နယူးကာဆယ်တို့ အနိုင်မရခဲ့ဘဲ ၃ ပွဲ ရှုံး၊ ၂ ပွဲ သရေသာ ကစားနိုင်ခဲ့ပါတယ်။ ဒီရာသီ သူတို့ရဲ့ ရှားရှားပါးပါး ရှုံးပွဲ ကလည်း ပထမအကျော့တုန်းက လစ်ဗာပူးလ်ကို အရေးနိမ့်ခဲ့တာပါ။ လိဂ်ပွဲ နောက်ဆုံး ၅ ပွဲမှာ ၄ ပွဲ အထိ နယူးကာဆယ်တို့ သရေကျခဲ့ပြီး ၅ ပွဲစလုံး ဂိုးအောက် ကစားခဲ့ပါတယ်။ လစ်ဗာပူးလ် ကတော့ နောက်ဆုံး ၅ ပွဲမှာ ၁ပွဲသာ အနိုင်ရပြီး ၃ ပွဲ ရှုံး၊ ၁ပွဲ သရေကျခဲ့ပါတယ်။ ဂိုးပေါ် ၃ ပွဲ အထိ ကစားခဲ့ပါတယ်။
လောင်းကစားဆိုင်ရာ အကြံပြုချက်များ
1X2 မှာ နယူးကာဆယ် နိုင်ရင် ၂.၃၈ ဆ၊ လစ်ဗာပူးလ် နိုင်ရင် ၂.၉ ဆရမှာပါ။ Handicap မှာ ဒဲ့ကြေးပေးထားပြီး ဂိုးပေါင်းက ၂ လုံးအရှုံးပါ။ နယူးကာဆယ် သရေတွေချည်း ဆက်တိုက် ကျနေပြီး ခြေစွမ်းကျလာပေမယ့် အပေါ်ကြေး သဘောမျိုး ဖြစ်နေပါတယ်။ ထိပ်တိုက်တွေ့ဆုံမှု အရလည်း လစ်ဗာပူးလ် သာနေတာတောင် ဒီကြေးပေးထားတာက စဉ်းစားစရာပါ။ စိန့်ဂျိမ်းစ်ပတ်မှာ အနည်းဆုံး သရေ တစ်မှတ်ကို ကာဆယ်တို့ ရမယ့် ပုံပါပဲ။ နယူးကာဆယ်နဲ့ ဂိုးပေါင်းအောက်ကို ရွေးချယ်တာ မမှားပါဘူး။
ခန့်မှန်းရလဒ်
နယူးကာဆယ် ၁-၁ လစ်ဗာပူးလ်
ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (![]() |
|||
---|---|---|---|
![]() |
![]() |
![]() |
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.