လိုက်ပ်ဇစ် တိုက်စစ်မှူး ဘင်ဂျာမင် ဆက်စ်ကို ကတော့ မန်ချက်စတာယူနိုက်တက်နဲ့ သတင်းတွေ ထွက်ခဲ့ပေမယ့် လက်ရှိမှာတော့ နယူးကာဆယ်က ခေါ်ယူဖို့ အခြေအနေ ကောင်းနေတယ်လို့ သိရပါတယ်။ ဗြိတိန် မီဒီယာတွေရဲ့ ဖော်ပြချက်အရ ပရီးမီးယားလိဂ် ကလပ် နယူးကာဆယ်က လက်ရှိမှာ ဆက်စ်ကိုရဲ့ အပြောင်းအရွှေ့ကို ဦးဆောင်နေတဲ့ အနေအထားကို ရောက်ရှိနေပြီ ဖြစ်ကြောင်းလည်း သိရပါတယ်။
Daily Mail ရဲ့ ဖော်ပြချက်အရ ငှက်ကြားတွေက ဆက်စ်ကို အနေနဲ့ ယူနိုက်တက်ထက် သူတို့ အသင်းဆီကို ပြောင်းရွှေ့လာဖို့ အတွက် ပိုပြီး ဆွဲဆောင်မှု ရှိတဲ့ ကမ်းလှမ်းမှုနဲ့ အသင်းရဲ့ အနာဂတ် အစီအစဉ်တွေကို တင်ပြထားခဲ့ကြောင်း သိရပါတယ်။ နယူးကာဆယ်ဟာ ဒီနွေရာသီမှာ နံပါတ် ၉ အထောင် တိုက်စစ်မှူး တစ်ဦးကို အသည်းအသန် ရှာဖွေနေခဲ့တာ ဖြစ်ပြီး သူတို့ ပစ်မှတ်ထားခဲ့တဲ့ ဖရန့်ဖတ်က ဟူဂို အစ်ကီတီကီ ကလည်း လစ်ဗာပူးလ်ကို ပြောင်းရွှေ့သွားခဲ့ပါပြီ။ ဒါ့အပြင် လက်ရှိ တိုက်စစ်မှူး အလက်ဇန္တား အိဆက်ခ် ကလည်း လစ်ဗာပူးလ်ကို ပြောင်းရွှေ့ဖို့ သတင်းတွေ ထွက်နေတာကြောင့် အဆုံးသတ်ကောင်းတဲ့ တိုက်စစ်မှူး တစ်ဦး ခေါ်ယူချင်နေတာ ဖြစ်ပါတယ်။
တစ်ဖက် မှာလည်း တိုက်စစ်ပိုင်းကို မဖြစ်မနေ အင်အားဖြည့်တင်းဖို့ ပြင်ဆင်နေတဲ့ ယူနိုက်တက် ကလည်း ဆက်စ်ကို ကို ကြိုးပမ်းနေဆဲ ဖြစ်ပါတယ်။ ဖာဘရီဇီယို ရိုမာနို ကတော့ လက်ရှိ အချိန်ထိ ဆက်စ်ကိုရဲ့ ဆုံးဖြတ်ချက်ကို ရှင်းရှင်းလင်းလင်း မသိရသေးကြောင်း ဖော်ပြထားပါတယ်။ ဆလိုဗေးနီးယား သတင်းဌာန တစ်ခု ဖြစ်တဲ့ Delo ကတော့ အက်ဒီ ဟောင်းဝ်ရဲ့ နယူးကာဆယ် ကသာ ဆက်စ်ကို အတွက် အကောင်းဆုံး ကမ်းလှမ်းမှုကို ပြုလုပ်ထားနိုင်တာကြောင့် ကစားသမားဟာ ယူနိုက်တက်ထက် နယူးကာဆယ် ကိုသာ ရွေးချယ်သွားဖွယ် ရှိနေကြောင်း ဖော်ပြထားပါတယ်။

နည်းပြ ရူဘင် အမော်ရင်ဟာ ရက်စ်မက်စ် ဟွိုက်ဂျ်လန်းနဲ့ ဂျော်ရွှာ ဇီယက်ခ်ဇီး တို့ ရှိနေတဲ့ တိုက်စစ်ပိုင်းကို စံနှုန်း မပြည့်မီဘူးလို့ ယူဆထားတာကြောင့် ဆက်စ်ကိုကို ခေါ်ယူချင်နေတာ ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ လက်ရှိမှာ အာဆင်နယ်ကို ရောက်ရှိသွားခဲ့တဲ့ ဗစ်တာ ယိုကီးရက်စ် ကိုလည်း ကြားဖြတ် ခေါ်ယူဖို့ ကြိုးပမ်းခဲ့ဖူးပါသေးတယ်။ လောလောဆယ် မှာတော့ အိဆက်ခ်က လစ်ဗာပူးလ်ကို ပြောင်းရွှေ့ဖို့ စိတ်အားထကန်သန်နေတာကြောင့် ပရီးမီးယားလိဂ် ကလပ် နှစ်သင်းစလုံးဟာ ထိပ်တန်း တိုက်စစ်မှူး တစ်ဦး မဖြစ်မနေ ခေါ်ယူဖို့ လိုအပ်နေပါတယ်။
လိုက်ပ်ဇစ် ကတော့ ဆက်စ်ကိုကို လက်လွှတ်ဖို့ ပြောင်းရွှေ့ကြေး ဘယ်လောက်အထိ တောင်းဆိုမလဲ ဆိုတာ ကတော့ လက်ရှိ အချိန်ထိ ရှင်းရှင်းလင်းလင်း မဖော်ပြထားသေးပါဘူး။ အစောပိုင်းမှာ ဆလိုဗေးနီးယား လက်ရွေးစင်က အာဆင်နယ်ကို ပြောင်းရွှေ့ဖို့ သေချာသလောက် ဖြစ်ခဲ့ပေမယ့် ဂျာမန် ကလပ်နဲ့ ဆက်စ်ကိုရဲ့ အေးဂျင့် တို့က ငွေကြေး ကိစ္စ အငြင်းပွားခဲ့တာကြောင့် အာဆင်နယ်က ဗစ်တာ ယိုကီးရက်စ် ကိုသာ အစားထိုး ခေါ်ယူသွားခဲ့တာ ဖြစ်ပါတယ်။ ဆက်စ်ကိုဟာ ပရီးမီးယားလိဂ် ထိပ်သီး မန်ချက်စတာယူနိုက်တက် ကိုသာ ပြောင်းရွှေ့ချင်နေပြီး အခုချိန်ထိလည်း ပြောင်းလဲသေးကြောင်း သိရပါတယ်။ ဒီလို တိုက်စစ်မှူး တစ်ဦး ခေါ်ယူဖို့ ကိစ္စနဲ့ ပတ်သတ်လို့ နည်းပြ အက်ဒီ ဟောင်းဝ် ကတော့ အခုလိုပဲ ပြောကြားခဲ့ပါတယ်။ “ဘာတွေဖြစ်နေလဲ ဆိုတာ ကျွန်တော် သိပါတယ်။ ဒါပေမယ့် ဒီကိစ္စကို ကျွန်တော် ကိုင်တွယ်နေတာ မဟုတ်ပါဘူး။ ဒီနေ့ မနက် အိပ်ရာထ လေ့ကျင့်ရေး နှစ်ချိန် ဆင်းပြီး ဒီကို တန်းလာခဲ့တာပါ။ ဖြစ်ပြီးသွားမှသာ ကျွန်တော်က ပြန်သိနေရတာပါ။ ဒါပေမယ့် အသင်း အတွက် အကောင်းဆုံးကို ယူဆောင်လာဖို ကြိုးစားသွားမှာ ဖြစ်ကြောင်းတော့ ရှင်းရှင်းလင်းလင်း ပြောချင်ပါတယ်။ ကစားသမား တစ်ဦးချင်းစီရဲ့ အကြောင်း ကိုတော့ ကျွန်တော် ပြောလို့ မရပါဘူး။” လို့ အက်ဒီဟောင်းဝ်က ပြောကြားခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.