ဘုန်းမောက် – နယူးကာဆယ်
အခုတစ်ပတ် တနင်္ဂနွေနေ့ မှာတော့ ပရီးမီးယားလိဂ် ပွဲစဉ် ၃ ပွဲ ယှဉ်ပြိုင်ကစားဖို့ ရှိပြီး ပထမဦးဆုံး တစ်ပွဲ အနေနဲ့ ဘုန်းမောက်နဲ့ နယူးကာဆယ်တို့ ကစားကြမှာ ဖြစ်ပါတယ်။ နိုင်ပွဲတွေ ဆက်လာခြင်းနဲ့ အတူ အမှတ်ပေးဇယား ထိပ်ပိုင်းကို တက်လှမ်းလာတဲ့ အန်ဒိုနီ အိုင်ရာအိုလာရဲ့ အသင်း ကပဲ နိုင်ပွဲ ထပ်ရသွားမလား။ ဒါမှမဟုတ် အစဉ်အလာအတိုင်း သရေရလဒ် ထွက်ပေါ်မလား။ ဒါမှမဟုတ် အက်ဒီဟောင်းဝ်ရဲ့ အသင်းကပဲ အဝေးကွင်း နိုင်ပွဲ စတင် ရရှိသွားမလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
ဘုန်းမောက် ကတော့ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်မှာ လစ်ဗာပူးလ်ကို ရှုံးနိမ့်ခဲ့ပြီး နောက်ပြီး တောက်လျောက် နိုင်ပွဲဆက်နေပါတယ်။ ဝုဗ်၊ စပါး၊ ဘရိုက်တန် တို့ကို ဆက်တိုက် အနိုင်ရထားပြီးတော့ ခရာဘောင်ဖလား မှာတော့ ဘရန့်ဖို့ဒ်ကို ရှုံးနိမ့်ထားပါတယ်။ ဘုန်းမောက်က ဒီနွေရာသီမှာ ကစားသမားကောင်းတွေ လက်လွှတ်ထားရသည့် တိုင်အောင် ဟန်မပျက် ရှေ့ဆက်နေဆဲ ဆိုတာထက် ပိုပါတယ်။ နည်းပြကောင်း တစ်ဦး ဖြစ်တဲ့ အိုင်ရာအိုလာ လက်အောက်မှာ နည်းနည်းနဲ့ ကျဲကျဲဝိုင်းရင်း အတတ်နိုင်ဆုံး အမှတ်တွေ ယူနေပါတယ်။
နယူးကာဆယ် ကတော့ ဒီရာသီ ပရီးမီးယားလိဂ် မှာရော၊ ချန်ပီယံလိဂ် မှာပါ ရလဒ်တွေ ဆိုးရွားနေပါတယ်။ ပွဲစဉ် ၄ ပြီးတဲ့ အချိန်ထိ ငှက်ကြားတွေက နိုင်ပွဲ ၁ ပွဲသာ ရထားပြီး၊ သရေ ၂ ပွဲ၊ ရှုံးပွဲ ၁ ပွဲ ရှိထားပါတယ်။ သူတို့ အနိုင်ရထားတာ ကလည်း ဇယားအောက်မှာ ကြမ်းတိုက်နေတဲ့ ဝုဗ် ဖြစ်နေတာကြောင့် သိပ်တော့ အားရစရာ ရှိမနေပါဘူး။ ကြားရက်မှာ ကစားခဲ့တဲ့ ချန်ပီယံလိဂ် မှာလည်း နယူးကာဆယ်က ဘာစီလိုနာကို ပွဲချိန်တချို့ အသာစီးနဲ့ ကစားနိုင်ခဲ့ပေမယ့် နောက်ဆုံး မှာတော့ ရှုံးပွဲနဲ့ပဲ ရင်ဆိုင်ထားရပါတယ်။ နယူးကာဆယ်ဟာ တိုက်စစ်မှူး အလက်ဇန္တား အိဆက်ခ်ကို ဆုံးရှုံးလိုက်ရပြီးတဲ့နောက် တိုက်စစ်ပိုင်း သိသိသာသာ အားနည်းသွားတယ် ဆိုတာကိုတော့ လက်ခံရမှာ ဖြစ်ပါတယ်။
နှစ်ဖက်အသင်း သတင်းများ
နယူးကာဆယ် ဘက်မှာတော့ အန်သိုနီ ဂေါ်ဒွန် ပွဲပယ်ထိထားပြီး ရှား ရမ်ဆေး၊ ဝစ်ဆာတို့ လွဲချော်မှာ ဖြစ်ကာ ထရစ်ပီယာ ကလည်း ပါဝင်ကစားဖို့ မသေချာသေးပါဘူး။
ဖြစ်နိုင်ဖွယ် လူစာရင်း

ဘုန်းမောက် – ပီထရိုဗစ်၊ ဟေးလ်၊ မီလိုဆဗယ်လ်ဂျီဗစ်၊ ဆီနက်ဆီ၊ ထရူးဖတ်၊ အဒမ်စ်၊ စကော့တ်၊ ဆီမီညို၊ တာဗာနီယာ၊ ဘရွတ်ခ်၊ အီဗန်နီလ်ဆင်
နယူးကာဆယ် – ပုပ်၊ လစ်ဗာရာမန်တို၊ သီယော၊ ဘန်း၊ ဟောလ်၊ ဂီမာရေးစ်၊ တိုနာလီ၊ ဂျိုးလင်တန်၊ အီလန်ဂါ၊ ဝေါလ်တီမိတ်ဒ်၊ ဘန်းစ်
ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်
ဒီနှစ်သင်းရဲ့ နောက်ဆုံး တွေ့ဆုံမှု ၁၅ ကြိမ်မှာ သရေက ၆ ကြိမ် အထိ ရှိခဲ့ပြီး ဘုန်းမောက်က ၄ ကြိမ်နိုင်၊ နယူးကာဆယ်က ၅ ကြိမ် နိုင်ခဲ့ပါတယ်။ ပရီးမီးယားလိဂ် နောက်ဆုံး ၅ ကြိမ် တွေ့ဆုံမှုမှာတော့ ဘုန်းမောက်က ၂ ကြိမ်နိုင်ပြီး ၃ ကြိမ် သရေကျခဲ့ပါတယ်။ ဘုန်းမောက် အိမ်ကွင်းမှာ ကစားခဲ့တဲ့ နောက်ဆုံး ၅ ပွဲမှာတော့ ၁ ကြိမ်စီ အနိုင်ရထားကာ ၃ ကြိမ် သရေကျထားပါတယ်။
လောင်းကစားဆိုင်ရာ အကြံပြုချက်
SBOTOPရဲ့ 1X2 မှာ ဘုန်းမောက် နိုင်ရင် ၂.၄၂ ဆ၊ နယူးကာဆယ် နိုင်ရင် ၂.၇၁ ဆ၊ သရေ ဆိုရင်တော့ ၃.၁၃ ဆ ရမှာ ဖြစ်ပါတယ်။ အာရှဟန်းဒီးကပ် မှာတော့ ဒဲ့ကြေးနဲ့ ဘုန်းမောက် ဘက်က ခပ်ပါးပါးကြေး ဖွင့်ပေးထားပြီး ဂိုးပေါင်း ကတော့ ၂.၂၅၊ ၂.၅၀၊ ၂.၇၅ ဆိုပြီး ဖွင့်လှစ်ပေးထားပါတယ်။ လက်ရှိ စုဖွဲမှုနဲ့ ခြေစွမ်းအရ ဘုန်းမောက်ကို နယူးကာဆယ်တို့ အသာရဖို့ မလွယ်သလို ရှုံးတောင် ရှုံးသွားနိုင်တဲ့ပွဲ ဖြစ်ပါတယ်။ ကျွန်တော် ကတော့ အိုင်ရာအိုလာရဲ့ ဘုန်းမောက် ကိုပဲ သဘောကျနေပြီး အကျိုးအမြတ် ၂ ဆ ခွဲ နီးပါး မျှော်လင့်ထားချင်ပါတယ်။
ခန့်မှန်းရလဒ်
ဘုန်းမောက် ၂-၁ နယူးကာဆယ်
ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (![]() |
|||
---|---|---|---|
![]() |
![]() |
![]() |
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.