နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ချဲလ်ဆီး အသင်းဖော်တွေနဲ့ ပရိသတ်တွေကို ထားခဲ့ရတဲ့ အတွက် ဝမ်းနည်းမိကြောင်း ဖွင့်ဟလာတဲ့ နီကိုးလက်စ် ဂျက်ဆန် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ်: နီကိုးလက်စ် ဂျက်ဆန် ကတော့ ဒီနွေရာသီ အပြောင်းအရွှေ့ နောက်ဆုံး ရက်မှာ ချဲလ်ဆီး ကနေ ဘွန်ဒက်စ်လီဂါ ထိပ်သီး ဘေယန်မြူးနစ်ကို အငှားစာချုပ်နဲ့ ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။ ဒီလို ပြောင်းရွှေ့ပြီးနောက် မှာတော့ ဆီနီဂေါ တိုက်စစ်မှူးက ပထမဦးဆုံး အကြိမ် အဖြစ် ချဲလ်ဆီးနဲ့ ပတ်သတ်ပြီး ဖွင့်ဟပြောဆိုမှုတွေ ပြုလုပ်လာခဲ့ပါတယ်။

ဂျက်ဆန်က သူ့ရဲ့ အသင်းဟောင်းနဲ့ ပတ်သက်ပြီးတော့ “အရမ်းကို ပြင်းထန်တဲ့ စိတ်ခံစားမှုတွေ ဖြစ်ခဲ့ရပါတယ်။ ဒါပေမဲ့ ခင်ဗျားတို့ ထင်သလို အကြောင်းပြချက်တွေကြောင့် မဟုတ်ပါဘူး။ ကမ္ဘာ့အကြီးဆုံး ကလပ်တွေ ထဲက တစ်သင်းကို ပြောင်းရွှေ့ခွင့်ရတဲ့ အတွက် လိဂ်အသစ်၊ ကစားသမားအသစ်တွေနဲ့ တွဲဖက် ကစားရတော့မှာ ဖြစ်လို ကျွန်တော် အရမ်းပဲ ပျော်ရွှင်ခဲ့ပါတယ်။”

“တစ်ဖက် မှာလည်း ချဲလ်ဆီးက ကျွန်တော့် အနေနဲ့ အသင်းဖော်တွေနဲ့ ပရိသတ်တွေကို ထားခဲ့ရတဲ့ အတွက် နည်းနည်းတော့ ဝမ်းနည်းမိပါတယ်။ ကျွန်တော် အဲ့ဒီမှာ စိတ်လှုပ်ရှားစရာတွေ အတွေ့အကြုံတွေ အများကြီး ရခဲ့ပါတယ်။ ကျွန်တော်တို့ ယူရိုပါကွန့်ဖရန့်လိဂ်နဲ့ ကလပ် ကမ္ဘာ့ဖလားတွေကို အတူတကွ ရယူနိုင်ခဲ့ကြပါတယ်။ အခုတော့ ကျွန်တော့်ရဲ့ စီမံကိန်း အသစ် အပေါ်မှာပဲ ရာခိုင်နှုန်းပြည့် အာရုံစိုက်ထာ်ပြီး အလိုင်းရန့်ဇ် အရီနာကွင်းကြီးရဲ့ အံ့မခန်း အငွေ့အသက်တွေကို ခံစားဖို့ မစောင့်ဆိုင်းနိုင်တော့ပါဘူး။” လို့ ပြောကြားခဲ့ပါတယ်။

ဒါကြောင့် ဂျက်ဆန်လည်း ဘွန်ဒက်စ်လီဂါ ကလပ်ဆီ စိတ်လွတ်လက်လွတ် ပြောင်းရွှေ့နိုင်ခဲ့ကာ အခုလိုပဲ ဖွင့်ဟလာခဲ့တာ ဖြစ်ပါတယ်။
အန်ဇို မာရက်စ်ကာကို လေးစားကြောင်း ပြောကြားခဲ့တဲ့ ဂျက်ဆန်

ဘွန်ဒက်စ်လီဂါ ထိပ်သီး တို့ဟာ ဆီနီဂေါ တိုက်စစ်မှူးကို တစ်ရာသီ အငှားစာချုပ်နဲ့ ခေါ်ယူခဲ့တာ ဖြစ်ပြီး လာမယ့် နွေရာသီမှာ ပေါင် ၅၆ သန်းနဲ့ အပြီးသတ် ဝယ်ယူရမယ့် အချက်လည်း ပါဝင်နေပါတယ်။ ဂျက်ဆန်ဟာ ချဲလ်ဆီး နည်းပြ အန်ဇို မာရက်စကာရဲ့ လက်အောက်မှာ ပုံမှန် ပွဲထွက်ခွင့် ပျောက်ဆုံးခဲ့ပြီး ဒီနွေရာသီမှာ အသင်း ပြောင်းရွှေ့ဖို့ သတင်းတွေ ထွက်ပေါ်ခဲ့သူ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဂျက်ဆန်ရဲ့ အပြောင်းအရွှေ့ဟာ အစပိုင်းမှာ ပျက်ပြယ်မလို ဖြစ်ခဲ့ပါသေးတယ်။ ဖူလ်ဟမ်နဲ့ ပွဲမှာ တိုက်စစ်မှူး လီယမ် ဒီလက်ပ်ကို တံကောက်ကြော ဒဏ်ရာရရှိခဲ့တာကြောင့် မြူးနစ်ကို ဆေးစစ်ဖို့ ရောက်ရှိနေတဲ့ ဂျက်ဆန်ကို ချဲလ်ဆီး ဘက်က ပြန်လည် ခေါ်ယူခဲ့ပြီး အပြောင်းအရွှေ့ ဆက်မလုပ်နိုင်တော့ကြောင်း အကြောင်းကြားခဲ့ပါတယ်။ ဂျက်ဆန်နဲ့ သူ့ရဲ့ အေးဂျင့် တို့ကတော့ ဘေယန်မြူးနစ်နဲ့ အပြောင်းအရွှေ့ အပြီးသတ်နိုင်ဖို့သာ တောင်းဆိုခဲ့ကြပါတယ်။ နောက်ဆုံး မှာတော့ ချဲလ်ဆီးက ဂျက်ဆန်ကို လက်လွှတ်ခဲ့ပြီး ဆန်းဒါးလန်းကို အငှားချထားတဲ့ တိုက်စစ်မှူး မာ့ခ် ဂီယူ ကိုသာ အသင်းထံ ပြန်လည် ခေါ်ယူခဲ့ပါတယ်။ ဒါကြောင့် ဂျက်ဆန်လည်း ဘွန်ဒက်စ်လီဂါ ကလပ်ဆီ စိတ်လွတ်လက်လွတ် ပြောင်းရွှေ့နိုင်ခဲ့ကာ အခုလိုပဲ ဖွင့်ဟလာခဲ့တာ ဖြစ်ပါတယ်။

ဆက်လက်ပြီး ဂျက်ဆန်က “ဘောလုံးလောက ဆိုတာ သံသရာလည်နေတာပါပဲ။ တခါတလေမှာ အရာရာက ကိုယ်ဖြစ်ချင်သလို ဖြစ်မလာတတ်ဘူး။ ဒါကလည်း ကစားပွဲရဲ့ အစိတ်အပိုင်း တစ်ခုပါပဲ။ ကျွန်တော် မာရက်စကာကို လေးစားပါတယ်။ သူ့ဆီ ကနေ အများကြီး သင်ယူခဲ့ရတယ်။ သူ့မှာ ကိုယ်ပိုင် အတွေးအခေါ်နဲ့ ကစားဟန် ရှိပါတယ်။ ကျွန်တော့်ရဲ့ ကစားသမားဘဝ ဒီအဆင့် မှာတော့ မတူညီတဲ့ အရာ တစ်ခုကို လိုအပ်ခဲ့တာပါပဲ။ ကျွန်တော့်က နောင်တ လုံးဝ မရတတ်ပါဘူး။ ချဲလ်ဆီးမှာ ရှိခဲ့တဲ့ အချိန်တွေ အတွက် ကျေးဇူးတင်ခြင်းပဲ ရှိပါတယ်။” လို့ ပြောဆိုသွားခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်