နိုနီ မာဒူခေးက အာဆင်နယ် ကစားသမား ဘဝ သူ့ရဲ့ ပထမဦးဆုံး ၆ လ အတွင်း သူဘယ်လောက် ပျော်ရွှင်နေသလဲ ဆိုတာ ဝန်ခံခဲ့ပြီး ဂန်းနားတွေဟာ အဓိက အကြောင်းရင်း နှစ်ခုမှာ အသင်းဟောင်း ချဲလ်ဆီးထက် ပိုမို သာလွန်ကြောင်း အခိုင်အမာ ပြောဆိုခဲ့ပါတယ်။ မာဒူခေးဟာ ချဲလ်ဆီးမှာ ၂ နှစ်ကြာ ကစားခဲ့ပြီးနောက် ဒီနွေရာသီမှာ ပေါင် ၅၂ သန်း (ဒေါ်လာ ၆၈.၄ သန်း)နဲ့ ပရီးမီးယားလိဂ် ပြိုင်ဘက် အာဆင်နယ်ဆီ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပါတယ်။
ချဲလ်ဆီးဟာ အင်္ဂလန်သားကို ၂၀၂၃ ခုနှစ်မှာ ပေါင် ၂၉ သန်းနဲ့ ခေါ်ယူခဲ့တာ ဖြစ်ပြီး ပြန်လည် ရောင်းထုတ်ချိန် မှာတော့ အမြတ်အစွန်းများစွာ ရရှိခဲ့တာ ဖြစ်ပါတယ်။ သူဟာ ချဲလ်ဆီး အတွက် ၉၂ ပွဲ ကစားခဲ့ပြီး အင်္ဂလန် တောင်ပံကစားသမားဟာ စုစုပေါင်း ဂိုး ၂၀ သွင်းပြီး ၉ ဂိုး ဖန်တီးပေးခဲ့ပါတယ်။
မာဒူခေးဟာ အမ်းမရိတ်စ်ကို ပြောင်းရွှေ့ချိန်မှာလည်း အခြေကျဖို့ အနည်းငယ်သာ အချိန်ယူခဲ့ရပါတယ်။ ရာသီအစ ဘူကာယို ဆာကာ ဒဏ်ရာ ရရှိချိန်မှာ မာဒူခေးက အာဆင်နယ် အတွက် မိနစ် များစွာ ကစားခွင့်ရပြီး ဂန်းနားတွေ အတွက် ပထမဦးဆုံး ၆ ပွဲမှာ အကောင်းဆုံး စွမ်းဆောင်ရည်တွေ ပြသနိုင်ခဲ့ပါတယ်။ အဲဒီနောက် အသက် ၂၃ နှစ်အရွယ် ကစားသမားဟာ ဒူးဒဏ်ရာကြောင့် အနားယူနေခဲ့ရ ကတော့ လက်ရှိအချိန်ထိပဲ ဖြစ်ပါတယ်။

လက်ရှိမှာတော့ မာဒူခေးက ပရီးမီးယားလိဂ် ကလပ် အာဆင်နယ်ကို ပြောင်းရွှေ့ခဲ့လို့ သူ ဘယ်လောက် ပျော်ရွှင်ခဲ့ရသလဲ ဆိုတာ ထုတ်ဖော် ပြောကြားလာခဲ့ပါတယ်။ မာဒူခေးရဲ့ အဆိုအရ အာဆင်နယ်ရဲ့ အသိုင်းအဝိုင်း ဓလေ့ထုံးတမ်း ပုံစံက သူ့ရဲ့ ငယ်ရွယ်တဲ့ ကစားသမား ဘဝ တစ်လျှောက်မှာ အကောင်းဆုံး ဖြစ်တယ် သိရပါတယ်။
မာဒူခေးက “အာဆင်နယ်ဟာ ထူးချွန်ပြီး အရည်အချင်းရှိတဲ့ ကစားသမားတွေနဲ့ ပြည့်နှက်နေတဲ့ အသင်း တစ်သင်း ဖြစ်နေရုံသာမက ကစားသမားကောင်းတွေနဲ့ ပြည့်နှက်နေတဲ့ အသင်း တစ်သင်းလည်း ဖြစ်ပါတယ်။ ဒီနေရာမှာ ရှိတဲ့ ဓလေ့ထုံးတမ်းက ကျွန်တော် မြင်ဖူးသမျှထဲမှာ အကောင်းဆုံးလို့ ကျွန်တော် ထင်ပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။
တကယ်တော့ မာဒူခေးကို ခေါ်ယူခဲ့စဉ်က အာဆင်နယ် ပရိသတ် ၅၀၀၀ ကျော်ဟာ #NOTOMADUEKE’ ဆိုတဲ့ စာပါတဲ့ အသနားခံစာ တစ်ခုကို လက်မှတ်ထိုးခဲ့ကြတဲ့ အထိ အပြောင်းအရွှေ့ကို ဆန့်ကျင်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း မာဒူခေးက အလုပ်နဲ့ပဲ သက်သေပြနိုင်ခဲ့ပြီး ပရိသတ်တွေရဲ့ အမြင်ကို ပြောင်းပြန်လှန်နိုင်ခဲ့ပါတယ်။
ဒီအခြေအနေ အပေါ် မာဒူခေးက “ကျွန်တော် ကလပ်ကို မရောက်ခင် လူမှုကွန်ရက်တွေနဲ့ တခြား နေရာတွေမှာ နည်းနည်းတော့ ရှုပ်ထွေးခဲ့ပါတယ်။ ကျွန်တော်က ကွင်းဘေးမှာ ကစားရသူပါ။ ဒါကြောင့် ပွဲတစ်လျှောက်လုံး ပရိသတ်တွေရဲ့ အသံကို ကြားနေပါတယ်။ ဘောလုံးရတိုင်း ကျွန်တော့်ကို တွန်းအားပေးပါတယ်။ ဒါကြောင့် ဘုရားသခင်အလိုတော် အတိုင်း ဆိုရင် ဒါက ကျွန်တော့်ကို ကြီးမားတဲ့ တွန်းအား တစ်ခု ပေးစွမ်းနိုင်ခဲ့ပါတယ်။ ကျွန်တော် အမ်းမရိတ်စ်မှာ ကစားရတာကို အမြဲ နှစ်သက်ပါတယ်၊ အမ်းမရိတ်စ်ကို ပြန်လာရမယ့် နောက် ပွဲစဉ်ကို အမြဲ မျှော်လင့်နေပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။
မာဒူခေးဟာ လက်ရှိမှာ ဒဏ်ရာ ကနေ ပြန်လည် သက်သာလာတာကြောင့် နိုင်ငံတကာ အားလပ်ရက်တွေ အပြီး ပရီးမီးယားလိဂ် ကလပ် အာဆင်နယ် အတွက် ပြန်လည် ကစားပေးနိုင်ဖို့ မျှော်လင့်နေပြီ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.


