လူမျိုး နည်းပြ အဲရစ်ခ် တန်ဟက်ဂ် ကတော့ မကြာခင်မှာ ပရီးမီးယားလိဂ်ဆီ တကျော့ပြန်လာဖွယ် ရှိနေပါတယ်။ အဲရစ်ခ် တန်ဟက်ဂ်ဟာ ဂယ်ရီ အိုနီးလ်နဲ့ အပြိုင် ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရားစ် နည်းပြသစ် ဖြစ်လာဖို အပြိုင်အဆိုင် ရေပန်းစားနေကြတာလည်း ဖြစ်ပါတယ်။
ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရားစ်ဟာ ဒီရာသီ ပရီးမီးယားလိဂ် ပွဲစဉ် ၁၀ ပွဲ ကစားပြီးချိန်မှာ နိုင်ပွဲ လုံးဝ မရရှိပဲ ၂ ပွဲ သရေ၊ ၈ ပွဲ ရှုံးထားခဲ့တာပါ။ ရမှတ် ကလည်း ၂ မှတ်သာ ရရှိထားတဲ့ ဝုဗ်က အမှတ်ပေးဇယား အောက်ဆုံးမှာ ကြမ်းတိုက်နေရပြီး တန်းဆင်းဇုန် အထက်က အသင်းနဲ့လည်း ၈ မှတ် ကွာဟနေပါတယ်။ ဒါကြောင့် ဝုဗ် အသင်း တာဝန်ရှိသူတွေက ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က နည်းပြ ဗစ်တာ ပါရဲရားကို ရာထူး ကနေ ထုတ်ပယ်ခဲ့ပါတယ်။
လက်ရှိအချိန် မှာတော့ အမှတ်ပေးဇယား အောက်ခြေကို ရောက်ရှိနေတဲ့ ဝုဗ်ရဲ့ နည်းပြသစ် ဖြစ်လာဖို ရေပန်းစားနေတဲ့သူတွေ အထဲမှာ အဲရစ်ခ် တန်ဟက်ဂ်က ထိပ်ဆုံးက ရှိနေပါတယ်။ ဝုဗ်က လောလောဆယ်မှာ သူတို့ရဲ့ နည်းပြဟောင်း ဂယ်ရီ အိုနီးလ် ကိုလည်း ခန့်အပ်ဖို့ စဉ်းစားနေဆဲ ဖြစ်ပါတယ်။ ဂယ်ရီ အိုနီးလ်ဟာ ဝုဗ်ကို ၂၀၂၃ သြဂုတ်လ ကနေ ၂၀၂၄ ဒီဇင်ဘာလ အထိ ကိုင်တွယ်ခဲ့ဖူးပြီး ရလဒ်ဆိုးတွေကြောင့် ထုတ်ပယ်ခံခဲ့ရသူ ဖြစ်ပါတယ်။

အဲရစ်ခ် တန်ဟက်ဂ် ကတော့ ဘွန်ဒက်စ်လီဂါ ကလပ် လေဗာကူဆင် နည်းပြ အဖြစ် စက်တင်ဘာ ၁ ရက်နေ့မှာ စတင်ကိုင်တွယ်ခဲ့ပေမယ့် ရာသီအစ ၃ ပွဲသာ ကိုင်တွယ်ပြီး ၆၂ ရက် အကြာမှာပဲ ရာထူး ကနေ ထုတ်ပယ်ခံခဲ့ရပါတယ်။ ထူးခြားချက် ကတော့ အဲရစ်ခ် တန်ဟက်က သူ့ရဲ့ နည်းပြ ဘဝမှာ တန်းဆင်းဇုန် အတွင်း ရပ်တည်နေတဲ့ အသင်းကို တစ်ကြိမ် တစ်ခါမှ ကိုင်တွယ်ဖူးခြင်း မရှိသေးပါဘူး။
အဲရစ်ခ် တန်ဟက်ဂ်ဟာ ယူနိုက်တက်နဲ့ အတူ ခရာဘောင်ဖလားနဲ့ အက်ဖ်အေဖလားတွေ ရယူနိုင်ခဲ့ပေမယ့် ပြီးခဲ့တဲ့ရာသီ အစပိုင်းက ရလဒ်ဆိုးတွေကြောင့် အောက်တိုဘာလ အရောက် မှာတော့ ယူနိုက်တက် နည်းပြ ရာထူး ကနေ ထုတ်ပယ်ခံရတာ ဖြစ်ပါတယ်။ တန်ဟက်ဂ်ဟာ မန်ချက်စတာမှာ ရှိခဲ့စဉ်က ခံစစ် ကစားပုံ ညံ့ဖျင်းခြင်း၊ ရလဒ်များ မတည်မငြိမ်ဖြစ်ခြင်းနှင့် စူပါစတား အတွေ့အကြုံရင့် ခရစ္စတီယာနို ရော်နယ်ဒိုနဲ့ ပြဿနာ တက်ခဲ့ခြင်း စတဲ့ အချက်တွေကြောင့် နာမည်ကြီးခဲ့သူ ဖြစ်ပါတယ်။ ဒတ်ချ် လူမျိုးဟာ ရက်ပေါင်း ၈၅၀ ကြာ ယူနိုက်တက်ကို တာဝန်ယူခဲ့ပြီး ပြိုင်ပွဲစုံ ၁၂၈ ပွဲ ကိုင်တွယ်ခဲ့ပါတယ်။ တန်ဟက်ဂ်ဟာ အိုးထရက်ဖို့ဒ်မှာ တာဝန်ယူခဲ့တဲ့ ကာလ အတွင်း ယူနိုက်တက်ကို ပွဲ ၇၀ နိုင်၊ ၂၃ ပွဲ သရေနဲ့ ၃၅ ပွဲ ရှုံး ရလဒ် ရရှိအောင် စွမ်းဆောင်ခဲ့ပါတယ်။ တန်ဟက်ဂ်ရဲ့ ယူနိုက်တက်က ပရီးမီးယားလိဂ် ၈၅ ပွဲ ကစားရာမှာ ရှုံးပွဲ ကတော့ ၂၇ ပွဲ ရှိခဲ့ပါတယ်။
အေဂျက်စ် နည်းပြဟောင်းဟာ ၂၀၂၄-၂၀၂၅ ဘောလုံးရာသီရဲ့ ပထမဦးဆုံး ၉ ပွဲမှာ ၁၁ မှတ်သာ ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပြီးနောက် နောက်ဆုံးမှာ ရာထူး ကနေ ထုတ်ပယ်ခံခဲ့ရတာပါ။ ယူနိုက်တက်ဟာ တန်ဟက်ဂ် လက်ထက်မှာ ပရီးမီးယားလိဂ် ခေတ်တစ်ခေတ်ရဲ့ အဆိုးရွားဆုံး ရလဒ်တွေကို ပိုင်ဆိုင်ခဲ့ရတာလည်း ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.
					
										
										
										
										
										
										
			
							
							
							
							
									
				

