နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဖူလ်ဟမ်မှာ ကစားသမား ဘဝ အခန်းကဏ္ဍသစ် စတင်တော့မယ့် အော်စကာ ဘော့ဘ် | ပရီးမီးယားလိဂ်

မန်ချက်စတာစီးတီးရဲ့ လူငယ် အကယ်ဒမီထွက် ကြယ်ပွင့် အော်စကာ ဘော့ဘ် ကတော့ မာကို ဆေးလ်ဗားရဲ့ ဖူလ်ဟမ် အသင်းထံကို ၅ နှစ်ခွဲ သက်တမ်း ရှိတဲ့ စာချုပ်နဲ့ တရားဝင် ပြောင်းရွှေ့သွားခဲ့ပြီ ဖြစ်ပါတယ်။ ဘော့ဘ်ဟာ ပရီးမီးယားလိဂ် ထိပ်သီး ကလပ်မှာ ပုံမှန် ပွဲထွက်ခွင့်ရဖို့ မသေချာတော့တာကြောင့် ခရေဗင်ကော့တေ့ဂျ်ဆီ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

ဘော့ဘ်ရဲ့ ပြောင်းရွှေ့ကြေးနဲ့ ပတ်သက်ပြီး ကလပ် ဘက်က တရားဝင် ထုတ်ပြန် ကြေညာခြင်း မရှိပေမယ့် သတင်းရင်းမြစ်တွေရဲ့ ဖော်ပြချက်အရ ဗြိတိန် ပေါင် ၂၇ သန်း ဝန်းကျင် ရှိမယ်လို့ ခန့်မှန်းရပါတယ်။ အော်စကာ ဘော့ဘ့်ဟာ ၂၀၁၉ ခုနှစ်မှာ နော်ဝေကလပ် ဗယ်လာရန်ဂါ အသင်း ကနေ မန်ချက်စတာစီးတီး အကယ်ဒမီကို ရောက်ရှိလာခဲ့သူပါ။ သူဟာ စီနီယာ အသင်း အတွက် ပထမဆုံး ပွဲထွက်မှုကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလမှာ စတင်ခဲ့ပါတယ်။

အဲဒီနောက် ဘော့ဘ်က မန်စီးတီး အတွက် ပြိုင်ပွဲစုံ ၄၇ ပွဲ ကစားပေးခဲ့ပြီး ၃ ဂိုးသွင်း၊ ၃ ဂိုး ဖန်တီးပေးခဲ့ပါတယ်။ ဒီရာသီမှာ မန်စီးတီး အတွက် ၁၇ ပွဲ ကစားပေးထားပြီး (၉ ပွဲ ပွဲထွက် လူစာရင်းမှာ ပါဝင်) ၊ ဘရန့်ဖို့ဒ်နဲ့ ကစားခဲ့တဲ့ ခရာဘောင်ဖလား ကွာတားဖိုင်နယ်မှာ ပေါင်ခြံ ဒဏ်ရာ ရရှိခဲ့ပြီး နောက်ပိုင်း ကတည်းက ပွဲထွက်ကစားနိုင်ခြင်း မရှိသေးပါဘူး။

ဖူလ်ဟမ်ရဲ့ ရုပ်သံလိုင်း (FFCtv) နဲ့ ပထမဦးဆုံး အင်တာဗျူး မှာတော့ အော်စကာ ဘောဘ့်က အခုလိုပဲ ပြောကြားလာခဲ့ပါတယ်။ “ဒီကို ရောက်လာရတာ တကယ့်ကို စိတ်လှုပ်ရှားဖို့ ကောင်းပါတယ်။ အသင်းသားတွေနဲ့ တွေ့ဆုံခွင့်ရတဲ့ ဒီနေ့ဟာ ကျွန်တော့် အတွက် အရမ်းကောင်းတဲ့ နေ့တစ်နေ့ပါပဲ။ ဖူလ်ဟမ်ဟာ ကစားသမားကောင်းတွေ ရှိတဲ့၊ ကွင်းကောင်းတဲ့ ကလပ် အသင်းကောင်း တစ်ခု ဆိုတာ အမြဲတမ်း သိထားပါတယ်။” လို့ ဘော့ဘ်က ဆိုရပါတယ်။

ဒါ့အပြင် ဘော့ဘ်က ဖူလ်ဟမ်ကို ပြောင်းရွှေ့ဖို့ အတွက် သူ့ရဲ့ သူငယ်ချင်း ဖြစ်သူ ဆန်ဒါ ဘာ့ဂျ်၊ အသင်း မန်နေဂျာ မာကို ဆေးလ်ဗား တို့နဲ့လည်း စကားပြောခဲ့တယ်လို့ သိရပြီး အသင်းရဲ့ ကစားကွက် ပုံစံနဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့တယ်လို့ ဖွင့်ဟခဲ့ပါတယ်။

“မန်နေဂျာက အသင်းရဲ့ နည်းစနစ်တွေ၊ ကစားသမားတွေ အကြောင်းနဲ့ ကလပ် အသင်း အခြေအနေတွေကို ရှင်းပြပေးခဲ့ပါတယ်။ သူက အရမ်းကို ဖော်ရွေတဲ့သူ တစ်ယောက်လို့ ခံစားရတာကြောင့် ဒီအသင်းကို ပြောင်းဖို့ အတွက် ဆုံးဖြတ်ရတာ အရမ်းကို လွယ်ကူသွားခဲ့ပါတယ်။” လို့ ဘော့ဘ်က ဖြည့်စွက် ပြောကြားခဲ့ပါတယ်။

တိုက်ဆိုင်စွာနဲ့ပဲ အော်စကာ ဘော့ဘ်ဟာ သူ့ရဲ့ ပရီးမီးယားလိဂ် ပွဲဦးထွက်ကို ၂၀၂၃-၂၀၂၄ ဘောလုံးရာသီတုန်းက သူအခု ပြောင်းရွှေ့သွားတဲ့ ဖူလ်ဟမ်နဲ့ ပွဲစဉ်မှာ စတင် ပွဲထွက် ကစားခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီရာသီမှာ သူက မန်စီးတီးနဲ့ အတူ ပရီးမီးယားလိဂ် ဖလားနဲ့ ဖီဖာ ကလပ်ကမ္ဘာ့ဖလား တို့ကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ အသက် ၂၂ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ဒီနော်ဝေ ကြယ်ပွင့်ဟာ အခုအခါမှာတော့ လန်ဒန် ကလပ် ဖူလ်ဟမ်နဲ့ အတူ သူ့ရဲ့ ကစားသမား ဘဝ အခန်းကဏ္ဍသစ်ကို စတင်တော့မှာ ဖြစ်ပါတယ်။

ဖူလ်ဟမ် ကတော့ အခုတစ်ပတ် ပရီးမီးယားလိဂ်မှာ မန်ချက်စတာယူနိုက်တက်ကို အိုးထရက်ဖို့ဒ်မှာ သွားရောက် ရင်ဆိုင်ရဖို့ ရှိနေပါတယ်။ ဖူလ်ဟမ်ဟာ ဒီရာသီ ပရီးမီးယားလိဂ် ပထမအကျော့ အိမ်ကွင်းမှာ ယူနိုက်တက်ကို ၁ ဂိုးစီ သရေကစားထားနိုင်ပါတယ်။ ဒါ့အပြင် ဖူလ်ဟမ်က နောက်ပိုင်း ပွဲစဉ်တွေမှာ ရလဒ်တွေ ကောင်းမွန်နေလို့ ယူနိုက်တက်ကို ဒုက္ခပေးနိုင်ဦးမလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်