လစ်ဗာပူးလ် ကစားသမားဟောင်း မိုက်ကယ် အိုဝင် ကတော့ နယူးကာဆယ် ကနေ ပြောင်းရွှေ့လိုနေတဲ့ ဆွီဒင် တိုက်စစ်မှူး အလက်ဇန်းဒါး အိဆက်ခ်ရဲ့ လုပ်ရပ်နဲ့ ရပ်တည်ချက်ကို နားလည်ပေးနိုင်ကြောင်း ကာကွယ် ပြောဆိုလိုက်ပါတယ်။ အိဆက်ခ် ကတော့ ဒီနွေရာသီမှာ ပရီးမီးယားလိဂ် ချန်ပီယံ လစ်ဗာပူးလ်ကို ပြောင်းရွှေ့လိုနေတာကြောင့် လက်ရှိ ကလပ် နယူးကာဆယ်နဲ့ ပွတ်တိုက်မှုတွေ ဖြစ်ပွားနေသူ ဖြစ်ပါတယ်။
အိဆက်ခ်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်း ကပဲ နယူးကာဆယ်ရဲ့ ကတိမတည်မှုကြောင့် ယုံကြည်မှု ပျောက်ဆုံးသွားပြီး ငှက်ကြားတွေ အတွက် ဘယ်တော့မှ ပြန်ကစားတော့မှာ မဟုတ်ကြောင်း ကြေညာချက် ထုတ်ပြန်ထားခဲ့ပါတယ်။ ဒီလို အိဆက်ခ်ရဲ့ ထုတ်ပြန်ချက်ကို နယူးကာဆယ် ဘက်ကလည်း စိတ်ပျက်မိကြောင်း ပြန်လည် တုန့်ပြန်ခဲ့ရာမှာတော့ နှစ်ဦး နှစ်ဖက် တင်းမာသထက် တင်းမာလာနေပါတယ်။ ဒါပေမယ့် ဒီအခြေအနေနဲ့ ပတ်သတ်လို့ လစ်ဗာပူးလ် အတွက်ရော နယူးကာဆယ် အတွက်ပါ ကစားပေးခဲ့ဖူးတဲ့ မိုက်ကယ် အိုဝင်က အိဆက်ခ်ရဲ့ လုပ်ရပ်ကို ဝေဖန်ဖို့ ငြင်းဆန်ခဲ့ပြီး လက်ရှိ အခြေအနေမျိုးမှာ ကစားသမား တစ်ယောက် ရင်ဆိုင်ရလေ့ ရှိတဲ့ ပုံစံကို သုံးသပ် ပြောဆိုသွားခဲ့ပါတယ်။
အိုဝင်က “သူ့ရဲ့ သဘောထားကို အကုန်ဖွင့်ချလိုက်ပြီ မဟုတ်လား။ သူအသင်း ပြောင်းချင်နေတာ အရမ်းပဲ ထင်ရှားနေပါပြီ။ နယူးကာဆယ် ပရိသတ်တွေ ကတော့ သူ့ကို ခွင့်လွှတ်ပါ့မလား ဆိုတာ ကတော့ မေးခွန်းထုတ်စရာပါပဲ။ သူက ကလပ် အတွက် ထူးချွန် ပြောင်မြောက်စွာ ကစားပေးခဲ့တယ်။ ဖလား တစ်လုံး ရအောင် ကူညီခဲ့တယ်။ ချန်ပီယံလိဂ် ဝင်ခွင့်လည်း ရခဲ့တယ်လေ။”
“သူ့ရဲ့ ထုတ်ပြန်ချက်အရ ဆိုရင်တော့ သူ့ဘက်က လုပ်ပေးရမယ့် ကတိကို တည်ခဲ့ပြီးပြီလို့ သူခံစားနေရပုံပါပဲ။ အရင် ကတည်းက သူ့ကို ထွက်ခွာခွင့်ပေးမယ့် သဘောတူညီမှုမျိုး ရှိခဲ့ပုံရပေမယ့် နယူးကာဆယ်က အဲ့ဒီအတိုင်း လိုက်မလုပ်ပေးချင်တဲ့ ပုံစံမျိုးပါပဲ။ ဒီအခြေအနေ တစ်ခုလုံးက စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ဘာလိုလဲ ဆိုတော့ ၁၀ ကြိမ်မှာ ၉ ကြိမ် လောက်က ကလပ် အသင်းက ကစားသမား တစ်ယောက်ကို အတင်းအကျပ် ထွက်ခွာခိုင်းတဲ့အခါ ဘယ်သူမှ ဘာမှ ဝင်မပြောကြပါဘူး။ အဲ့ဒီကစားသမားရဲ့ ကလေးတွေ ကျောင်းတက်နေတာ မိသားစု တစ်ခုလုံး အခြေကျနေတာတွေကို ဘယ်သူမှ ဂရုမစိုက်ကြဘူး။”
“တကယ်တော့ ဘောလုံးသမား တစ်ယောက်ရဲ့ ဘဝကို ဘယ်သူမှ တကယ် ဂရုမစိုက်ပါဘူး။ ဒါပေမယ့် ကစားသမား ဘက်က အသင်းပြောင်းချင်လို့ တွန်းအားပေးတဲ့ အခါမှ တစ်ကမ္ဘာလုံးက ပွက်လော ရိုက်သွားပြီး ဘယ်လိုတောင် လုပ်ရဲရတာလဲလို့ မေးခွန်းထုတ်ကြပါလိမ့်မယ်။ ဒါကြောင့် ကျွန်တော် ဒီနေရာမှာ ထိုင်ပြီး အိဆက်ခ်ကို ဝေဖန်နေမှာ မဟုတ်ပါဘူး။” လို့ အိုဝင်က ပြောကြားသွားခဲ့ပါတယ်။

ဒါပေမယ့်လည်း အိုဝင်က သူ့အနေနဲ့ အိဆက်ခ် လုပ်ခဲ့တဲ့ လုပ်ရပ်မျိုး ကိုတော့ သူကိုယ်တိုင် လုပ်မှာ မဟုတ်ကြောင်း ဒါပေမယ့်လည်း အိဆက်ခ်က ထိပ်တန်း အဆင့် ရောက်ချင်နေတဲ့ ကစားသမားကောင်း တစ်ယောက် ဖြစ်တာကြောင့် အသင်း အရမ်းပြောင်းချင်နေတာ ကိုတော့ နားလည်ကြောင်း ပြောကြားခဲ့ပါသေးတယ်။ အိုဝင်က “ကစားသမား ဘဝက တိုတောင်းပြီး သူကလည်း လက်ရှိ ကမ္ဘာ့အကောင်းဆုံး အသင်းလို့ ပြောနိုင်တဲ့ အသင်းဆီ သွားချင်နေတာလေ။ သူ့ဘက်က ကြည့်ရင် ကျွန်တော် နားလည်ပါတယ်။ ဒါပေမယ့် ဒီလို ကိစ္စတွေ မီဒီယာ အပေါ်မှာ လူသိရှင်ကြား ဖြစ်လာတာ ကတော့ စိတ်မကောင်းစရာ အခြေအနေ တစ်ခုပါပဲ။ သူ့ရဲ့ နာမည် ဂုဏ်သတင်း အတွက်တော့ သိပ်မကောင်းဘူးပေါ့။” လို့ အိုဝင်က သုံးသပ်ခဲ့ပါတယ်။
တစ်ဖက် မှာလည်း ပရီးမီးယားလိဂ် ကလပ်ရဲ့ ကစားသမားဟောင်း ဂျေမီ ကာရေဂါက အိဆက်ခ် အတွက် ပေးချေရမယ့် ပြောင်းရွှေ့ကြေး ပေါင်သန်း ၁၃၀ က များပြားလွန်းတယ်လို့ ဝေဖန် ပြောကြားခဲ့ပါတယ်။ လစ်ဗာပူးလ်ဟာ အစောပိုင်းမှာ ဆွီဒင် တိုက်စစ်မှူး ပေါင် သန်း ၁၁၀ နဲ့ ကမ်းလှမ်းခဲ့ပေမယ့် ပယ်ချခံခဲ့ရပါတယ်။ အဲဒီနောက်ပိုင်း လစ်ဗာပူးလ်က ထပ်မကြိုးစားပေမယ့် လက်တလော နယူးကာဆယ်နဲ့ အိဆက်ခ်တို ဆက်ဆံရေး တင်းမာနေချိန် ပေါင် သန်း ၁၃၀ + အပိုဆုကြေးတွေ ပေးပြီး ထပ်မံ ကမ်းလှမ်းဖွယ် ရှိနေကြောင်း သတင်းတွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
ဒါကို ကာရေဂါက “ကျွန်တော် ဆွီဒင် တိုက်စစ်မှူးကို လစ်ဗာပူးလ် ကစားသမား ဖြစ်လာစေချင်ပါတယ်။ ဒါပေမယ့် ပထမအကြိမ် ကမ်းလှမ်းမှု ပေါင် သန်း ၁၁၀ က မဖြစ်စလောက် ပမာဏ မဟုတ်ပါဘူး။ လစ်ဗာပူးလ်က ပေါင် သန်း ၁၃၀ အထက် ပေးရမယ် ဆိုရင်တော့ အရမ်းများပါတယ်။ အဲဒီ ပြောင်းရွှေ့ကြေးနဲ့တော့ အမ်ဘာပေး ကိုပဲ ခင်ဗျား ခေါ်ချင်ပါလိမ့်မယ်။” လို့ ပြောကြားခဲ့ပါတယ်။
လစ်ဗာပူးလ် ကတော့ ဒီနွေရာသီမှာ ထိပ်တန်း ကစားသမား တော်တော်များများကို ခေါ်ယူ အားဖြည့်ထားပြီးတော့ ပရီးမီးယားလိဂ် ချန်ပီယံဘွဲ့ကို ထိန်းသိမ်းဖို့ ရည်ရွယ်ထားပါတယ်။ ဒါပေမယ့်လည်း လစ်ဗာပူးလ်က ကစားသမား ရောင်းချရမှု ကနေ များပြားတဲ့ ငွေကြေး တစ်ရပ် ပြန်လည် ရရှိထားတာကြောင့် ကောင်းမွန်တဲ့ အပြောင်းအရွှေ့တွေ လုပ်ဆောင်ထားနိုင်တယ်လို့ပဲ ဆိုရမှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.