နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ချဲလ်ဆီးမှာ အနာဂတ် မသေချာကြောင်း သတင်းတွေ ထွက်နေတဲ့ ပါးလ်မား၊ ဖိုဒန်ရဲ့ စာချုပ်သစ် အတွက် ဆွေးနွေးဖို့ စီစဉ်နေတဲ့ မန်စီးတီး | ပရီးမီးယားလိဂ်

အခုတစ်ခါမှာတော့ စက်တင်ဘာ ၂၅ ရက်နေ့ အတွက် ရရှိထားသမျှ ပရီးမီးယားလိဂ်ရဲ့ စိတ်ဝင်စားစရာ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

ကိုးလ် ပါးလ်မား ကတော့ လက်ရှိ ချဲလ်ဆီးမှာ သူ့ရဲ့ အခန်းကဏ္ဍနဲ့ ပတ်သတ်လို့ မကျေမနပ် ဖြစ်နေကြောင်း သိရပြီး အနာဂတ် မသေချာဖြစ်နေတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။ ပါးလ်မား ကိုတော့ ပရီးမီးယားလိဂ် ကလပ်ဟောင်း မန်ချက်စတာစီးတီးက မြင့်မားတဲ့ ပြောင်းရွှေ့ကြေးနဲ့ ပြန်လည် ခေါ်ယူလိုကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့ဖူးပါတယ်။

မော်ဂန် ရော်ဂျာစ် ကတော့ အက်စတွန်ဗီလာမှာ ဆက်ရှိနေပေမယ့်လည်း ပြိုင်ဘက် အာဆင်နယ်၊ ချဲလ်ဆီးနဲ့ မန်ချက်စတာစီးတီး တို့က စိတ်ဝင်စားလာချိန်မှာတော့ အသင်း ပြောင်းရွှေ့လိုနေတယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း ဗီလာ ဘက်ကတော့ ဒီကစားသမားကို လာမယ့် ဇန်န၀ါရီလ အပြောင်းအရွှေ့မှာ ရောင်းချလိုခြင်း မရှိကြောင်း သိရပါတယ်။ 

ရီးရဲလ်မက်ဒရစ်ရဲ့ စိတ်ဝင်စားမှုကို တုံ့ပြန်တဲ့ အနေနဲ့ လစ်ဗာပူးလ်က ရွိုင်ယန် ဂရာဗန်ဘက်ဂျ်ကို ကာလရှည် စာချုပ်သစ်နဲ့ ကမ်းလှမ်းဖို့ စီစဉ်လျက် ရှိကြောင်း သိရပါတယ်။ နယ်သာလန်သား ကတော့ ပရီးမီးယားလိဂ် ကလပ်ရဲ့ ကွင်းလယ်ပိုင်း အတွက် အရေးပါတဲ့ ကစားသမား အဖြစ် ရှိနေသူပါ။ 

ပရီးမီးယားလိဂ် ထိပ်သီး မန်ချက်စတာစီးတီး ကတော့ ၂၀၂၇ ခုနှစ်မှာ ကုန်ဆုံးမယ့် ဖီးလ် ဖိုဒန်ရဲ့ စာချုပ်သစ် ဆွေးနွေးဖို့ စီစဉ်နေကြောင်း သိရပါတယ်။ ဖိုဒန် ကတော့ ပြီးခဲ့တဲ့ ရာသီက ရုန်းကန်ခဲ့ရပေမယ့် ဒီရာသီမှာတော့ ခြေစွမ်းကောင်းတွေ ပြသနေပြီး အသင်း အတွက် အရေးပါတဲ့ ကစားသမား အဖြစ် ရှိနေပါတယ်။ ဖိုဒန်ဟာ ဒီရာသီမှာ မန်ချက်စတာစီးတီး အတွက် ပြိုင်ပွဲစုံ ၉ ပွဲ ကစားပြီး ၄ ဂိုးသွင်း၊ ၂ ဂိုး ဖန်တီးထားပါတယ်။

ပရီးမီးယားလိဂ် ထိပ်သီး မန်ချက်စတာစီးတီး ကတော့ ၂၀၂၇ ခုနှစ်မှာ ကုန်ဆုံးမယ့် ဖီးလ် ဖိုဒန်ရဲ့ စာချုပ်သစ် ဆွေးနွေးဖို့ စီစဉ်နေကြောင်း သိရပါတယ်။
ဒီရာသီမှာ မန်စီးတီး အတွက် ခြေစွမ်းကောင်းတွေ ပြန်လည် ပြသနေတဲ့ ဖိုဒန်

အိုလီဗာ ဂလက်စ်နာ အနေနဲ့ နွေရာသီမှာ ခရစ္စတယ်ပဲလေ့စ်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးပါက မန်ချက်စတာယူနိုက်တက်ရဲ့ ကမ်းလှမ်းခြင်း ခံရဖွယ် ရှိနေကြောင်း သိရပါတယ်။ အိုလီဗာ ဂလက်စ်နာ ကတော့ ခရစ္စတယ်ပဲလေ့စ်ကို ၃ လ အတွင်း ဖလား ၂ လုံး ရရှိအောင် စွမ်းဆောင်ပေးခဲ့ပြီးတော့ လန်ဒန် ကလပ်က ဒီရာသီမှာ ရှုံးပွဲ လုံးဝ မရှိသေးပါဘူး။

ချဲလ်ဆီး ကတော့ အေစီမီလန် ဂိုးသမား မိုက်ခ် မိုက်ဂ်နန်ကို ပြီးခဲ့တဲ့ စက်တင်ဘာလက ခေါ်ယူဖို့ မအောင်မြင်ခဲ့ပြီးနောက် လာမယ့် နွေရာသီ စာချုပ်သက်တမ်း ကုန်ဆုံးချိန်မှာ ခေါ်ယူဖို့ ထပ်မံ ကြိုးစားသွားမယ်လို့ သိရပါတယ်။ တစ်ဖက် မှာလည်း ပြင်သစ် လက်ရွေးစင် ဂိုးသမားကို မန်ချက်စတာယူနိုက်တက် ကလည်း စိတ်ဝင်စားနေပါတယ်။

နော့တင်ဟမ်ဖောရက်စ် ကနေ ထုတ်ပယ်ခံခဲ့ရတဲ့ နူနို အက်စ်ပီရီတို ဆန်တို ကတော့ ဝက်စ်ဟမ်းရဲ့ နည်းပြသစ် ဖြစ်လာဖို့ ရေပန်းစားနေကြောင်း သိရပါတယ်။ ဝက်စ်ဟမ်း ကတော့ ဂရေဟမ် ပေါ်တာကို အောက်တိုဘာလ နိုင်ငံတကာ အားလပ်ရက် အပြီးမှာ ထုတ်ပယ်ဖို့ ဆုံးဖြတ်ထားကြောင်း သိရပါတယ်။

တစ်ဖက် မှာလည်း ဝက်စ်ဟမ်းက ပေါ်တာကို ထုတ်ပယ်ခဲ့ရင် ဘန်လေ နည်းပြနဲ့ တချိန်က ဟမ်းမား အသင်းခေါင်းဆောင်ဟောင်း စကော့တ် ပါကားကို ခန့်အပ်ချင်နေတယ်လို့ သိရပါတယ်။ 

မနေ့ညက ကစားခဲ့တဲ့ ခရာဘောင်ဖလား တတိယအဆင့် ပွဲစဉ်တွေမှာတော့ ပရီးမီးယားလိဂ် ထိပ်သီး ကလပ် ၄ သင်းစလုံး နိုင်ပွဲ ကိုယ်စီ ရရှိခဲ့ပါတယ်။ မန်စီးတီးက ဟက်ဒါဖီးလ်တောင်းကို ၀-၂၊ အာဆင်နယ်က ပို့တ် ဗေးလ်ကို ၀-၂ နဲ့ အဝေးကွင်းတွေမှာ အနိုင်ရခဲ့ပြီးတော့ နယူးကာဆယ် ကတော့ ဘရက်ဒ်ဖို့ဒ်ကို ၄-၁၊ တော့တင်ဟမ်ဟော့စပါး ကတော့ ဒွန်ကတ်စတာကို ၃-၀ နဲ့ အိမ်ကွင်းတွေမှာ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်