ချဲလ်ဆီး ကတော့ မနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ဇယား အောက်ဆုံးက ဝုဗ်ကို ကိုးလ် ပါးလ်မားရဲ့ ဟက်ထရစ်ဂိုးတွေနဲ့ အတူ ၁-၃ ရလဒ်နဲ့ အနိုင်ရခဲ့ပါတယ်။ ချဲလ်ဆီး နည်းပြသစ် လီယမ် ရိုစီနီယာ အနေနဲ့ ပရီးမီးယားလိဂ်မှာ တာဝန်ယူခဲ့တဲ့ ပထမဆုံး ၄ ပွဲ စလုံးကို အနိုင်ရရှိတဲ့ မှတ်တမ်းကောင်းကို ပိုင်ဆိုင်ခဲ့သလို ပါးလ်မား ကလည်း စံချိန်သစ် တင်နိုင်ခဲ့ပါတယ်။
ပွဲစဉ်အကျဉ်း
ပွဲစချိန်ကတည်း ဝုဗ် နောက်ခံလူတွေရဲ့ အမှားအယွင်းတွေကို အခွင့်ကောင်းယူပြီး ချဲလ်ဆီးတို့ ပွဲကို ထိန်းချုပ်ဖို့ ကြိုးစားခဲ့သလို အောင်လည်း အောင်မြင်ခဲ့ပါတယ်။ ပွဲချိန် ၁၃ မိနစ် မှာတော့ ဝုဗ်နောက်ခံလူ မတ် ဒိုဟာတီက ယာအို ပက်ဒရိုကို ဧရိယာထဲမှာ ဖျက်ထုတ်ပုံ ကြမ်းတမ်းခဲ့တာကြောင့် ချဲလ်ဆီးတို့ ပင်နယ်တီ ရရှိခဲ့ပြီး ကိုးလ် ပါးလ်မားက သွင်းယူပေးခဲ့ပါတယ်။

အဲဒီနောက် ၃၅ မိနစ် မှာတော့ ယာအို ပက်ဒရို ကိုပဲ ဝုဗ်နောက်ခံလူ မော့စ်ကွဲယားက ဧရိယာထဲမှာ တွန်းလှဲခဲ့လို့ ချဲလ်ဆီးတို့ ပင်နယ်တီ ထပ်ရခဲ့ပြီး ပါးလ်မား ကပဲ ဒုတိယဂိုး အဖြစ် ပြောင်းလဲပေးခဲ့ပါတယ်။ နောက်ထပ် ၃ မိနစ် အကြာမှာလည်း မာ့ခ် ကူကူရယ်လာရဲ့ ဖြတ်တင်ဘော ကနေ တစ်ဆင့် ပါးလ်မား ကပဲ အနီးကပ် ကန်သွင်းခဲ့လို့ ပထမပိုင်း အတွင်း မှာပဲ အင်္ဂလန်သားက ဟက်ထရစ်ရသွားခဲ့ပါတယ်။
ဒုတိယပိုင်း မှာတော့ ဝုဗ်တို့ ကစားပုံ သိသိသာသာ တိုးတက်လာပြီး ပွဲချိန် ၅၄ မိနစ်မှာ တိုလူ အာရိုကိုဒါရေးက ချေပဂိုးတစ်ဂိုး ပြန်သွင်းနိုင်ခဲ့ပေမဲ့ ပွဲရလဒ် ကိုတော့ ပြောင်းလဲနိုင်ခြင်း မရှိခဲ့ပါဘူး။ ချဲလ်ဆီးဟာ ဒီနိုင်ပွဲကြောင့် အဆင့် ၄ နေရာက မန်ချက်စတာယူနိုက်တက်နဲ့ ၁ မှတ်အကွာ အဆင့် ၅ နေရာမှာ ရပ်တည်နေပြီး၊ ဝုဗ် ကတော့ တန်းဆင်းဇုန် အောက်ခြေမှာပဲ ဆက်လက် ကြမ်းတိုက်နေဆဲ ဖြစ်ပါတယ်။ တနည်းအားဖြင့်တော့ ဝုဗ်တို့ ရာသီကုန်ရင် ပရီးမီးယားလိဂ် ကနေ ချန်ပီယံရှစ်ဆီ ဆင်းကန်ရနိုင်ခြေ ပိုများသွားခဲ့ပြီလို့ပဲ ဆိုရမှာပါ။
ပွဲပြီးအချက်အလက်နဲ့ မှတ်တမ်းများ
ပါးလ်မားဟာ ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် ပထမပိုင်းမှာတင် ဟက်ထရစ် ၃ ကြိမ် ရရှိဖူးတဲ့ ပထမဆုံးသော ကစားသမား ဖြစ်လာခဲ့ပါတယ်။ (ယခင်က အဲဗာတန်နဲ့ ဘရိုက်တန် တို့ကိုလည်း ပထမပိုင်းမှာ ဟက်ထရစ် သွင်းခဲ့ဖူးပါတယ်)။ နည်းပြ လီယမ် ရိုစီနီယာ ကတော့ ပရီးမီးယားလိဂ် သမိုင်းမှာ သူတာဝန်ယူခဲ့တဲ့ ပထမဆုံး ၄ ပွဲ စလုံး အနိုင်ရတဲ့ ဒုတိယမြောက် အင်္ဂလန် နိုင်ငံသား နည်းပြ ဖြစ်လာပါတယ်။ (ပထမဆုံး တစ်ယောက်က ၂၀၁၇ ခုနှစ်က လက်စတာစီးတီး နည်းပြ ခရိတ် ရှိတ်စပီးယား ဖြစ်ပါတယ်)။
ကိန်းဂဏန်းအချက်အလက်တွေအရ ကြည့်မယ် ဆိုရင် ချဲလ်ဆီးဟာ ပင်နယ်တီတွေကြောင့် မျှော်မှန်းဂိုး (xG) ၃.၁၆ အထိ မြင့်တက်ခဲ့ပြီး ဂိုးကန်သွင်းခွင့် ကတော့ ၁၅ ကြိမ် အထိ ရရှိခဲ့ပါတယ်။ ဝုဗ် ကတော့ ဒုတိယပိုင်းမှ ပြန်လည် ရုန်းကန်ကာ ခြေစွမ်း တိုးတက်လာခဲ့ပေမယ့် မျှော်မှန်းဂိုး (xG) ကတော့ ၁.၀၉ သာ ရှိခဲ့ပါတယ်။ဒီနိုင်ပွဲကြောင့် ချဲလ်ဆီးဟာ ပရီးမီးယားလိဂ် အဆင့် ၄ နေရာက မန်ချက်စတာယူနိုက်တက်ကို ၁ မှတ် အကွာနဲ့ ကပ်လိုက်နေပြီ ဖြစ်ပါတယ်။ လာမယ့် တပတ် မှာတော့ ချဲလ်ဆီးက လိဒ်စ်ယူနိုက်တက်နဲ့ ကစားဖို့ ရှိပြီး ဝုဗ် ကတော့ ဖောရက်စ်နဲ့ ခက်ခဲတဲ့ ပွဲစဉ်ကို ဆက်လက် ကစားရဦးမှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


