မန်ချက်စတာယူနိုက်တက် ဂန္တဝင် ပေါလ် စခိုးလ် ကတော့ ဒီရာသီ ပရီးမီးယားလိဂ်မှာ အာဆင်နယ်ထက် မန်ချက်စတာစီးတီး ချန်ပီယံ ဖြစ်ဖို့ ရေပန်းအစားဆုံးလို့ ယုံကြည်နေပါတယ်။ အာဆင်နယ်ဟာ ပြီးခဲ့တဲ့ နှစ်ရာသီဆက် ပရီးမီးယားလိဂ် ချန်ပီယံဆုနဲ့ လွဲချော်ခဲ့ပေမယ့် ဒီရာသီ မှာတော့ ချန်ပီယံ ဖြစ်ဖို့ ရေပန်းအစားဆုံး အသင်း အဖြစ် သတ်မှတ်ခံထားရတာ ဖြစ်ပါတယ်။
ရာသီအစ တည်ငြိမ်နေတဲ့ ခြေစွမ်းကြောင့် အာဆင်နယ်တို့ အခုလိုမျိုး အခြေအနေ ကောင်းနေကောင်း ခန့်မှန်းခံထားရတာ ဖြစ်ပေမယ့် စနေနေ့ညက ဆန်းဒါးလန်းကို ၂-၂ နဲ့ သရေကျခဲ့ချိန်မှာတော့ တမျိုးတဖုံ ပြောင်းလဲတဲ့ ခန့်မှန်းချက်တွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ အာဆင်နယ်ဟာ နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ၃ မှတ် အပြည့် မယူနိုင်ခဲ့ခြင်းက လစ်ဗာပူးလ်နဲ့ မန်စီးတီးတို့ တွေ့ဆုံမှုကိ အသုံးမချနိုင်ခဲ့သလို ဖြစ်ခဲ့ပြီး မန်စီးတီးနဲ့ ရမှတ် ကွာဟချက်ကို ၄ မှတ် အထိ လျှော့ချခွင့် ပေးခဲ့ရတာ ဖြစ်ပါတယ်။
မန်စီးတီးရဲ့ ပရီးမီးယားလိဂ် ဆုဖလား အတွက် စိန်ခေါ်နိုင်စွမ်း ကတော့ သြဂုတ်လမှာ စပါးနဲ့ ဘရိုက်တန်ကို ဆက်တိုက် ရှုံးနိမ့်ခဲ့ပြီး နောက်ပိုင်း မေးခွန်းထုတ်ခံခဲ့ရတာ ဖြစ်ပေမယ့်လည်း အဲဒီနောက်ပိုင်း ကတည်းက ဂွါဒီယိုလာရဲ့ အသင်းက ၈ ပွဲမှာ ၆ ပွဲ အထိ အနိုင်ရခဲ့ကာ ပြန်လည် ဦးမော့လာခဲ့တာ ဖြစ်ပါတယ်။

ပေါလ် စခိုးလ်က “ကျွန်တော်က မန်စီးတီးရဲ့ စွမ်းဆောင်ရည်ကို သိပ်ပြီး အထင်မကြီးခဲ့ပေမယ့်လည်း လစ်ဗာပူးလ်နဲ့ ပွဲမှာ ပထမဦးဆုံး အကြိမ် သူတို့တွေ ဆုဖလား စိန်ခေါ်သူတွေ ဖြစ်လာတော့မယ်လို တွေးမိခဲ့ပါတယ်။ သူတို့တွေက အာဆင်နယ်ထက် နည်းနည်း ပိုပြီး ရေပန်းအစားဆုံး ဖြစ်နေတယ်လို့ ထင်တယ်။ ဘာလို့လဲ ဆိုတော့ သူတို့တွေ စွမ်းဆောင်ပြခဲ့တာတွေကြောင့်ပါ။ အာဆင်နယ်က ဇယားထိပ်မှာ ၄ မှတ်သာနေတယ် ဆိုတာ ကျွန်တော် သိပါတယ်။ ဒါပေမယ့် သူတို့ ရခဲ့တဲ့ အတွေ့အကြုံမျိုး အာဆင်နယ်က မရခဲ့ဖူးပါဘူး။ ခင်ဗျား မန်စီးတီးကို သူတို့ထက်တော့ နည်းနည်း ပိုတဲ့ နေရာမှာ ထားရပါလိမ့်မယ်။” လို့ ပြောကြားခဲ့ပါတယ်။
တစ်ဖက် မှာလည်း အာဆင်နယ် နည်းပြဟောင်းကြီး အာစင်ဝင်းဂါးက လစ်ဗာပူးလ်ကို ပရီးမီးယားလိဂ် ချန်ပီယံ ပြေးလမ်း ကနေ မထုတ်ပယ်သင့်ကြောင်း သုံးသပ်ထားပါတယ်။ ဝင်းဂါးက လစ်ဗာပူးလ် အနေနဲ့ မန်စီးတီးကို ရှုံးနိမ့်ခဲ့ရင်တောင် ချန်ပီယံ ပြေးလမ်း ကနေ မထုတ်ပယ်သင့်သေးကြောင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။ လစ်ဗာပူးလ် ကတော့ နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ မန်စီးတီးကို ၃-၀ နဲ့ ရှုံးနိမ့်ခဲ့သလို အာဆင်နယ် ကတော့ ဆန်းဒါးလန်းနဲ့ ၂-၂ သရေကျခဲ့တာ ဖြစ်ပါတယ်။
လက်ရှိမှာ Opta ရဲ့ တွက်ချက်မှုအရ ဆိုရင် အာဆင်နယ်က ချန်ပီယံ ဖြစ်နိုင်ခြေ ၅၄.၅ ရာခိုင်နှုန်း အထိ ရှိနေဆဲ ဖြစ်ပြီး မန်စီးတီးက ၁၇.၃၂ ရာခိုင်နှုန်း၊ လစ်ဗာပူးလ်က ၁၇.၂၁ ရာခိုင်နှုန်း ရှိနေပါတယ်။ တခြားသော ပရီးမီးယားလိဂ် ကလပ်တွေရဲ့ ချန်ပီယံ ဖြစ်နိုင်ခြေကို ကြည့်ရင်တော့ ချဲလ်ဆီးက ၄.၆၀ ရာခိုင်နှုန်း၊ စပါးက ၀.၅၁ ရာခိုင်နှုန်း၊ မန်ချက်စတာယူနိုက်တက်က ၀.၂၇ ရာခိုင်နှုန်း ရှိနေပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.


