နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

နွေရာသီမှာ အပြောင်းအရွှေ့ အသုံးစရိတ် ပေါင် ၃ ဘီလီယံ အမှတ်ကို ကျော်လွန်ခဲ့တဲ့ ပရီးမီးယားလိဂ်

၂၀၂၅-၂၀၂၆ ဘောလုံးရာသီ ပရီးမီးယားလိဂ်ရဲ့ နွေရာသီ အပြောင်းအရွှေ့ အသုံးစရိတ်ဟာ ပေါင် ၃ ဘီလီယံ အမှတ်ကို ပထမဦးဆုံး အကြိမ် အဖြစ် ကျော်လွန်သွားခဲ့ပါတယ်။ ပရီးမီးယားလိဂ် ကလပ် အသင်းပေါင်း ၂၀ ရဲ့ စုစုပေါင်း အသုံးစရိတ်ဟာ ပေါင် ၃.၀၈၇ ဘီလီယံ အထိ ရှိခဲ့တာ ဖြစ်ပြီး ဒါဟာ သမိုင်းတလျှောက် စံချိန်တင်ခဲ့တာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၃၁ ရက်နေ့ အထိ ပရီးမီးယားလိဂ် ကလပ်တွေရဲ့ နွေရာသီ အသုံးစရိတ်က ပေါင် ၂.၇၃ ဘီလီယံ အထိသာ ရှိခဲ့တာပါ။ ဒါပေမယ့်လည်း အပြောင်းအရွှေ့ နောက်ဆုံးရက် Deadline Day မှာတော့ လစ်ဗာပူးလ်က အလက်ဇန္တား အိဆက်ခ်ကို ဗြိတိန် စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၁၂၅ သန်းနဲ့ ခေါ်ယူမှုအပါအဝင် မြင့်မားတဲ့ အပြောင်းအရွှေ့တွေ ရှိခဲ့တာကြောင့် ပေါင် ၃ ဘီလီယံကို ကျော်လွန်ခဲ့တာ ဖြစ်ပါတယ်။ အပြောင်းအရွှေ့ နောက်ဆုံး ရက်မှာ ပရီးမီးယားလိဂ် ကလပ်တွေ အနေနဲ့ များပြားလှတဲ့ အပြောင်းအရွှေ့တွေကို လုပ်ဆောင်ခဲ့ကြပြီးတော့ ငွေသုံးကြမ်းခဲ့ကြတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် နွေရာသီက ပရီးမီးယားလိဂ်ရဲ့ အပြောင်းအရွှေ့ အသုံးစရိတ်က ပေါင် ၁.၉၆ ဘီလီယံသာ ရှိခဲ့ပါတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် ပရီးမီးယားလိဂ်ဟာ ဒီနှစ်မှာ အပြောင်းအရွှေ့ အသုံးစရိတ် ၁.၁၂ ဘီလီယံ အထိ တိုးလာခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီနှစ် နွေရာသီ ပရီးမီးယားလိဂ် အသုံးစရိတ်ဟာ တခြားသော ဥရောပ ထိပ်တန်းလိဂ် ၄ ခု ဖြစ်တဲ့ လာလီဂါ၊ စီးရီးအေ၊ ဘွန်ဒက်စ်လီဂါနဲ့ ပြင်သစ် လီဂူးဝမ်းတို့ထက်လည်း များစွာ သာလွန်ခဲ့ပါတယ်။ ဒီအပြောင်းအရွှေ့မှာ စီးရီးအေဟာ ပေါင် ၁.၀၂၆ ဘီလီယံ၊ ဘွန်ဒက်စ်လီဂါက ပေါင် ၇၃၉.၁၃ သန်း၊ လီဂူးဝမ်းက ၅၅၂.၁၇ သန်း၊ လာလီဂါက ၅၉၁.၃ သန်း သုံးစွဲခဲ့တာ ဖြစ်ပါတယ်။ 

လက်ရှိ ချန်ပီယံ လစ်ဗာပူးလ် ကတော့ ဒီနွေရာသီ အပြောင်းအရွှေ့ ဈေးကွက်မှာ ပရီးမီးယားလိဂ် သမိုင်းတလျှောက် အပြောင်းအရွှေ့ကာလ တစ်ခု အတွင်း ငွေသုံးစွဲမှု အများဆုံး အသင်း အဖြစ် စံချိန် မှတ်တမ်းသစ် ရေးထိုးသွားခဲ့ပါတယ်။ အာနေး ဆလော့တ်ရဲ့ အသင်းက ဒီနွေရာသီမှာ ကစားသမားသစ် ခေါ်ယူမှု အတွက် ပေါင် ၄၁၅ သန်း သုံးစွဲခဲ့ပါတယ်။ ဒါဟာ ၂၀၂၃ ခုနှစ် နွေရာသီက ချဲလ်ဆီး သုံးစွဲခဲ့တဲ့ ပေါင် သန်း ၄၀၀ ကို ကျော်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။

လစ်ဗာပူးလ်ဟာ နယူးကာဆယ် တိုက်စစ်မှူး အလက်ဇန္တား အိဆက်ခ်ကို ဗြိတိန် စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၁၂၅ သန်းနဲ့ ခေါ်ယူပြီးနောက် အခုလိုပဲ စံချိန်သစ် တင်ခဲ့တာ ဖြစ်ပါတယ်။ လစ်ဗာပူးလ်ဟာ ပေါင် သန်း ၁၀၀ ကျော် ကစားသမား နှစ်ဦးကို ဒီနွေရာသီ တစ်ခုထဲမှာ ခေါ်ယူခဲ့တာ ဖြစ်ပြီး နည်းပြ အာနေး ဆလော့တ် အနေနဲ့လည်း သူ့ရဲ့ ပထမဆုံးရာသီမှာ ခီယေဇာ တစ်ဦးတည်းကို ပေါင် ၁၀ သန်းနဲ့ ခေါ်ယူခဲ့ပေမယ့် ဒီရာသီမှာတော့ ငွေသုံးကြမ်းခဲ့ပြီလည်း ဖြစ်ပါတယ်။ ဆလောတ့် အနေနဲ့ ပြီးခဲ့တဲ့ ရာသီက ငွေမသုံးပဲ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ရယူပေးနိုင်ခဲ့ပြီးတော့ ဒီရာသီ အားရစရာ အင်အားဖြည့်တင်းမှုတွေ ပြုလုပ်ပြီးချိန်မှာရော ချန်ပီယံဘွဲ့ကို ကာကွယ်နိုင်မလား ဆိုတာ စောင့်ကြည့်ရပါမယ်။ 

ဒီနွေရာသီ အပြောင်းအရွှေ့ ဈေးကွက်မှာ လစ်ဗာပူးလ် ပြီးနောက် ငွေသုံးကြမ်းခဲ့တဲ့ နောက်ထပ် ပရီးမီးယားလိဂ် ကလပ်တွေ ကတော့…

ပြီးခဲ့တဲ့နှစ် နွေရာသီက ပရီးမီးယားလိဂ်ရဲ့ အပြောင်းအရွှေ့ အသုံးစရိတ်က ပေါင် ၁.၉၆ ဘီလီယံသာ ရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့ ရာသီကထက် ပေါင် ၁ ဘီလီယံကျော် ပိုပြီး သုံးစွဲခဲ့ကြတဲ့ ပရီးမီးယားလိဂ်

ချဲလ်ဆီး (ပေါင် ၂၈၂.၁ သန်း)

အာဆင်နယ် (ပေါင် ၂၅၅ သန်း)

နယူးကာဆယ် (ပေါင် သန်း ၂၅၀)

မန်ချက်စတာယူနိုက်တက် (ပေါင် ၂၁၆ သန်း)

နော့တင်ဟမ်ဖောရက်စ် (ပေါင် ၂၀၅ သန်း)

တော့တင်ဟမ်ဟော့စပါး (ပေါင် ၁၈၁ သန်း)

မန်စီးတီး (ပေါင် ၁၇၉.၄ သန်း)

ဆန်းဒါးလန်း (ပေါင် ၁၆၂ သန်း)

ဝက်စ်ဟမ်း (ပေါင် ၁၂၇.၂ သန်း)

ဝုဗ် (ပေါင် ၁၂၂.၈ သန်း)

ဘုန်းမောက် (၁၁၇.၄ သန်း)

အဲဗာတန် (၁၁၀.၁ သန်း)

ဘန်လေ (၁၀၇.၈ သန်း)

လိဒ်စ်ယူနိုက်တက် (ပေါင် ၉၈ သန်း)

ဘရန့်ဖို့ဒ် (ပေါင် ၈၄.၈ သန်း)

အက်စတွန်ဗီလာ (ပေါင် ၅၇.၅ သန်း)

ခရစ္စတယ်ပဲလေ့စ် (ပေါင် ၄၇ သန်း)

ဖူလ်ဟမ် (ပေါင် ၃၄.၅ သန်း) တို့ပဲ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်