နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ချန်ပီယံလိဂ် ဝင်ခွင့် ၂ နေရာ အတွက် အကြိတ်အနယ် လုကြရမယ့် နယူးကာဆယ်၊ ယူနိုက်တက်နဲ့ လစ်ဗာပူးလ် (ပရီးမီးယားလိဂ်)

ပရီးမီးယားလိဂ် ကတော့ ထုံးစံ အတိုင်း ရာသီသိမ်းခါနီးလေ ပြိုင်ဆိုင်မှု ပြင်းထန်ပြီး စိတ်ဝင်စားဖို့ ကောင်းလေပါပဲ။

ပရီးမီးယားလိဂ် အမှတ်ပေးချန်ပီယံဆု အတွက် ထိပ်ဆုံးက အမှတ်ဖြတ် ဦးဆောင်နေတဲ့ မန်စီးတီးနဲ့ အာဆင်နယ်တို့ အခွင့်အရေး ကိုယ်စီ ရှိနေသေးသလို ချန်ပီယံလိဂ် ဝင်ခွင့် အတွက်လည်း အသင်း ၃ သင်း အကြိတ်အနယ် ဖြစ်နေပါတယ်။ ဒါ့အပြင် ရာသီအကုန် ပရီးမီးယားလိဂ်မှာ တင်ကျန်ရေး အတွက် ရုန်းကန်နေရတဲ့ အသင်းပေါင်း ကလည်း ၆ သင်း အထိ ရှိနေပါတယ်။

အမှတ်ပေးဖလား အတွက် ၄ ပွဲ အလိုမှာ မန်စီးတီးက အာဆင်နယ်ထက် ၁ ပွဲလျော့ ၁ မှတ် အသာရထားပြီး လက်ရှိ ခြေစွမ်းအရလည်း သူတို့ပဲ ဆုဖလားရယူနိုင်ဖို့ အကောင်းဆုံး အနေအထားမှာ ရှိနေပါတယ်။ တစ်ဖက်မှာ ဖလားလုပွဲက အကြိတ်အနယ် ရှိနေသလို ချန်ပီယံလိဂ် ဝင်ခွင့် တိုက်ပွဲ ကလည်း ဇာတ်ရှိန်မြင့်နေပါပြီ။

ဒါကြောင့် ဘယ်အသင်းတွေက ဥရောပရဲ့ အမြင့်ဆုံး ပြိုင်ပွဲ တစ်ခုကို ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရသွားမလဲ ဆိုတာ ပရီးမီးယားလိဂ် ပွဲစဉ် (၃၈) ပြီးတဲ့ အထိ စိတ်ဝင်တစား စောင့်ကြည့်ရဦးမှာပဲ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ် အဆင့် ၃ နေရာမှာ ရပ်တည်နေတဲ့ နယူးကာဆယ်၊ အဆင့် ၄ နေရာမှာ ရှိနေတဲ့ ယူနိုက်တက်

အခုဆိုရင် အဆင့် ၃ နေရာက နယူးကာဆယ်နဲ့ အဆင့် ၄ နေရာက ယူနိုက်တက် တို့က ၂ မှတ်သာ ကွာဟပြီးတော့ အဆင့် ၅ နေရာက လစ်ဗာပူးလ် ကတော့ ၁ ပွဲ ပိုကစားထားပြီး နယူးကာဆယ်နဲ့ ၃ မှတ်၊ ယူနိုက်တက်နဲ့ ၁ မှတ်သာ ကွာပါတယ်။ လစ်ဗာပူးလ်က ၁ ပွဲ ပိုကစားထားပေမယ့်လည်း လက်ရှိ ခြေစွမ်းက ကောင်းမွန်နေပြီး ၆ ပွဲ ဆက်တိုက် အနိုင်ရထားကာ အပေါ် အသင်းတွေ ခြေချော်တာနဲ့ အခွင့်အရေးယူဖို့ အသင့် ဖြစ်နေပါတယ်။

လက်ကျန်ပွဲ ကလည်း လေးငါးပွဲလောက်သာ လိုတော့တာကြောင့် အသင်း ၃ သင်းက ဝင်ခွင့် နေရာ ၂ နေရာ အတွက် အကြိတ်အနယ် အားပြိုင်နေရပြီး အဆင့် ၅ နေရာက စပါး ကလည်း သင်္ချာနည်းအရ မျှော်လင့်ချက် ရှိနေပြန်ပါသေးတယ်။ ဒါပေမယ့် ကာဆယ်၊ ယူနိုက်တက်နဲ့ လစ်ဗာပူးလ် တို့ပဲ အဓိက အားပြိုင်ရမှာပါ။ လက်ကျန်ပွဲ အနေအထားတွေကို ကြည့်ရင် နယူးကာဆယ်က လိဒ်စ်၊ ဘရိုက်တန်၊ လက်စတာ၊ ချဲလ်ဆီး တို့နဲ့ ကစားရဦးမှာပါ။ ယူနိုက်တက် ကတော့ ၀ုဗ်၊ ဘုန်းမောက်၊ ချဲလ်ဆီး၊ ဖူလ်ဟမ် တို့ကို ကျော်ဖြတ်ရဦးမှာ ဖြစ်ပါတယ်။

လစ်ဗာပူးလ် ကတော့ လက်စတာ၊ ဗီလာ၊ ဆောက်သမ်တန် တို့နဲ့ ရင်ဆိုင်ဖို့ ကျန်နေပါ။ ဒီတော့ကာ လက်ကျန်ပွဲတွေ အရဆိုရင် လစ်ဗာပူးလ်က မျှော်လင့်ခွင့် ရှိပေမယ့် မျှော်လင့်ချက် ကတော့ နည်းပါးနေတယ်လို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့်လည်း မနေ့ညက ကာဆယ်ရော၊ ယူနိုက်တက်ပါ ရှုံးပွဲ ကိုယ်စီ တွေ့ခဲ့ကြလို့ ဘာမှပြောလို့ မရတဲ့ အခြေအနေ ဖြစ်သွားပြန်ပါတယ်။

အဓိက ကတော့ ဒီ ၃ သင်းက လက်ကျန် ပွဲတွေမှာ အမှတ် ဘယ်လောက်ယူနိုင်မလဲ ဆိုတာ အဓိကကျနေပါတယ်။ ဒါကြောင့် ဘယ်အသင်းတွေက ဥရောပရဲ့ အမြင့်ဆုံး ပြိုင်ပွဲ တစ်ခုကို ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရသွားမလဲ ဆိုတာ ပရီးမီးယားလိဂ် ပွဲစဉ် (၃၈) ပြီးတဲ့ အထိ စိတ်ဝင်တစား စောင့်ကြည့်ရဦးမှာပဲ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်