နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

ရစ်ချာလီဆင်ရဲ့ နောက်ကျ ချေပဂိုးနဲ့ အတူ လစ်ဗာပူးလ်နဲ့ အမှတ်ခွဲယူခဲ့တဲ့ စပါး | ပရီးမီးယားလိဂ်

ချန်ပီယံလိဂ် ဝင်ခွင့် အတွက် တိုက်ပွဲဝင်နေတဲ့ လစ်ဗာပူးလ် ကတော့ မနေ့ညက ပရီးမီးယားလိဂ် ပွဲစဉ်မှာ တန်းဆင်းဇုန် ဖိအား‌တွေ ရှိနေတဲ့ စပါးနဲ့ သရေကျသွားခဲ့ပါတယ်။ အန်ဖီးလ်မှာ ဆိုရင် ခြေစွမ်းပြလေ့ ရှိတဲ့ တိုက်စစ်မှူး ရစ်ချာလီဆင် ကတော့ ပွဲပြီးခါနီးမှာ တော့တင်ဟမ်ဟော့စပါး အတွက် အဖိုးတန် ချေပဂိုး သွင်းယူပေးခဲ့တာကြောင့် လစ်ဗာပူးလ်နဲ့ တစ်ဂိုးစီ သရေရလဒ် ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။

ဒီရလဒ်ဟာ ပရီးမီးယားလိဂ်မှာ ဆက်လက် ရပ်တည်နိုင်ဖို့ ကြိုးစားနေရတဲ့ စပါး အတွက်တော့ အဖိုးတန် ရမှတ် ၁ မှတ် ဖြစ်ခဲ့ပါတယ်။ ၂၀၂၂ ခုနှစ်တုန်းက လစ်ဗာပူးလ်ရဲ့ မြို့ခံပြိုင်ဘက် အဲဗာတန် တန်းမဆင်းရအောင် ကယ်တင်ပေးခဲ့ဖူးတဲ့ ရစ်ချာလီဆင်ဟာ အခုတစ်ကြိမ် မှာလည်း မိနစ် ၉၀ ပြည့်ခါနီးမှ ဒေါမနစ်ခ် ဆိုဘို့ဇ်ဆလိုင်းရဲ့ ဦးဆောင်ဂိုးကို ချေဖျက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

 

ပွဲစဉ်အကျဉ်း

ပွဲအစပိုင်းမှာ စပါးတို့ ကစားပုံ ကောင်းခဲ့ပေမယ့် ဆိုဘို့ဇ်ဆလိုင်းက အလွတ်တည်ကန်ဘော ကနေ တဆင့် လစ်ဗာပူးလ် အတွက် ဦးဆောင်ဂိုး သွင်းယူပေးခဲ့ပါတယ်။ ဒါဟာ သူရဲ့ ဒီရာသီ ၄ ဂိုးမြောက် အလွတ်တည်ကန်ဘော သွင်းဂိုး ဖြစ်ပြီး လစ်ဗာပူးလ် ကစားသမား တစ်ဦးရဲ့ တစ်ရာသီ အတွင်း အများဆုံး စံချိန်သစ်လည်း ဖြစ်ပါတယ်။ စပါး ဂိုးသမား ဗီကာရီယိုဟာ ဆိုဘို့ဇ်ဆလိုင်းရဲ့ ဂိုးကို ကာကွယ်ရမှာ အမှားအယွင်း ရှိခဲ့ပေမယ့် နောက်ပိုင်းမှာ ကိုဒီ ဂက်ခ်ပိုရဲ့ ကန်ချက်ကို ဂိုးတိုင်ထိအောင် ပုတ်ထုတ်နိုင်ခဲ့ကာ အမှားကို ပြန်လည် ချေဖျက်နိုင်ခဲ့ပါတယ်။ 

ရစ်ချာလီဆင်ဟာ ပရီးမီးယားလိဂ်မှာ လစ်ဗာပူးလ် အသင်းဘက်ကို ဂိုးအများဆုံး (၆ ဂိုး) သွင်းယူထားနိုင်သူ ဖြစ်ပါတယ်။
လစ်ဗာပူးလ် ဘက်ကို ၆ ဂိုး အထိ သွင်းယူထားနိုင်တဲ့ ရစ်ချာလီဆင်

ဒုတိယပိုင်းမှာ လစ်ဗာပူးလ်တို့ ဂိုးထပ်ရဖို့ ဖိအားမပေးနိုင်ခဲ့ဘဲ ရစ်ချာလီဆင် ကသာ လစ်ဗာပူးလ် ဂိုးသမား အလီဆွန် ဘက်ကာကို အကြိမ်ကြိမ် ခြိမ်းခြောက်နိုင်ခဲ့ပါတယ်။ အဲဒီနောက် မှာတော့ အာနေး ဆလော့တ်က မိုဟာမက် ဆာလာနဲ့ ဟူဂို အစ်ကီတီကေး တို့ကို လူစားလဲပြီး အားဖြည့်ခဲ့ပေမယ့် ဒုတိယဂိုး မရရှိခဲ့ပါဘူး။ မိနစ် ၉၀ မှာတော့ လစ်ဗာပူးလ်ရဲ့ ခံစစ်အားနည်းချက်ကို အခွင့်ကောင်းယူပြီး ရစ်ချာလီဆင်က အပိုင်ပိတ်သွင်းကာ စပါး နည်းပြသစ် အီဂေါ် တူဒါ အတွက် ပထမဆုံး ရမှတ်ကို ရှာဖွေပေးခဲ့ပါတယ်။

 

ပွဲပြီးအချက်အလက်နဲ့ မှတ်တမ်းများ

ရစ်ချာလီဆင်ဟာ ပရီးမီးယားလိဂ်မှာ လစ်ဗာပူးလ် အသင်းဘက်ကို ဂိုးအများဆုံး (၆ ဂိုး) သွင်းယူထားနိုင်သူ ဖြစ်ပါတယ်။ ဒါ့အပြင် သူဟာ ပရီးမီးယားလိဂ်မှာ ဂိုးပါဝင် ပတ်သက်မှု ၁၀၀ (၇၃ ဂိုးသွင်း၊ ၂၇ ကြိမ် ဖန်တီး) ပြည့်မြောက်တဲ့ တတိယမြောက် ဘရာဇီးလ် ကစားသမား (ဖေမီနိုနဲ့ ဂျေဇုစ်တို့ နောက်ပိုင်း) ဖြစ်လာပါတယ်။

ရစ်ချာလီဆင်ဟာ ပရီးမီးယားလိဂ် သမိုင်းမှာ အန်ဖီးလ်ကွင်း အတွင်း ဧည့်သည် ကစားသမား အဖြစ် မိနစ် ၉၀ နဲ့ အထက်မှာ (၂) ဂိုး အထိ သွင်းယူနိုင်တဲ့ တစ်ဦးတည်းသော ကစားသမား ဖြစ်လာပါတယ်။ လစ်ဗာပူးလ်ဟာ ဒီရာသီမှာ မိနစ် ၉၀ နောက်ပိုင်း ဂိုးပေးရမှု ၈ ဂိုး အထိ ရှိလာပြီး ဒါဟာ အသင်း သမိုင်းတစ်လျှောက် အများဆုံး စံချိန် ဖြစ်ပါတယ်။ ဒါ့အပြင် အန်ဖီးလ်ကွင်းမှာ ဦးဆောင်ဂိုး ရပြီးမှ ရမှတ် ဆုံးရှုံးခဲ့ရတာ ၇ မှတ် အထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

၂၀၂၆ ခုနှစ် အတွင်း မှာတော့ အင်္ဂလန် ထိပ်တန်းလိဂ် ၄ ခုမှာ စပါးနဲ့ ရှက်ဖီးဝမ်းနက်စ်ဒေး တို့သာ နိုင်ပွဲ မရသေးတဲ့ အသင်းတွေ အဖြစ် ကျန်ရှိနေပါတယ်။ နောက်အပတ် နော့တမ်ဟမ်ဖောရက်စ်နဲ့ ကစားရမယ့် ပွဲစဉ် မတိုင်ခင် စပါးတို့ ဒီရလဒ်ကြောင့် ယုံကြည်မှု ပြန်ရလာနိုင်မလား ဆိုတာ စောင့်ကြည့်ရမှာပါ။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်