ဒီနေ့ အတွက် နောက်ဆုံး ရရှိထားသမျှ စိတ်ဝင်စားစရာ ပရီးမီးယားလိဂ် ထိပ်တန်း ကလပ်တွေရဲ့ အပြောင်းအရွှေ့ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ခရစ္စတီယာနို ရော်နယ်ဒို ကတော့ စာချုပ်သစ် မချုပ်ဆိုမီ အလက်ဟန်ဒရို ဂါနာချိုကို ခေါ်ယူဖို့ အတွက် အဲလ်နာဆာ အသင်းထံ တောင်းဆိုခဲ့ကြောင်း Fichajes က ဖော်ပြပါတယ်။ အဲလ်နာဆာ ကတော့ လစ်ဗာပူးလ် တိုက်စစ်မှူး လူးဝစ္စ ဒီးယက်ဇ်ကို ခေါ်ယူဖို့ အဆင်မပြေတာကြောင့် ဂါနာချိုကို ပြောင်းလဲ ကြိုးပမ်းသွားဖို့ ရှိနေပါတယ်။ လက်ရှိမှာ ဂါနာချိုက စီးရီးအေ၊ လာလီဂါနဲ့ ပရီးမီးယားလိဂ် ထိပ်သီး ကလပ် တော်တော်များများနဲ့ သတင်းတွေ ထွက်ပေါ်နေသူ ဖြစ်ပါတယ်။ အာဂျင်တီးနားသားဟာ ဒီနွေရာသီမှာ မန်ချက်စတာယူနိုက်တက် ကနေ ကျိန်းသေပေါက် ထွက်ခွာမယ့်သူလည်း ဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက် ကတော့ ဂါနာချို အတွက် ပေါင် သန်း ၇၀ လိုချင်နေကြောင်း The Independent က ထပ်လောင်း ဖော်ပြထားပါတယ်။ ဂါနာချို ကိုယ်တိုင် ကလည်း ပရီးမီးယားလိဂ် မှာသာ ဆက်နေချင်နေပြီး အာဆင်နယ်၊ အက်စတွန်ဗီလာနဲ့ ချဲလ်ဆီး တို့အပြင် အက်တလက်တီကိုမက်ဒရစ်၊ လေဗာကူဆင်နဲ့ နာပိုလီ တို့ကလည်း ခေါ်ယူဖို့ စိတ်အားထက်သန်နေပါတယ်။
နာပိုလီ တိုက်စစ်မှူး ဗစ်တာ အိုဆင်မ်ဟန် အနေနဲ့ မန်ချက်စတာယူနိုက်တက်ရဲ့ စိတ်ဝင်စားမှုကို သတိပြုမိကြောင်း La Gazzetta dello Sport က ဖော်ပြခဲ့ပါတယ်။ ယူနိုက်တက်ဟာ အိုဆင်မ်ဟန်ကို ခေါ်ယူဖို့ ဂျော်ရွှာ ဇီယက်ခ်ဇီးကို အလဲထပ် အနေနဲ့ ကမ်းလှမ်းသွားဖွယ် ရှိနေပါတယ်။ ယူနိုက်တက်ဟာ ဒီနွေရာသီမှာ မားသီးယက်စ် ကူညာကို ခေါ်ယူထားခဲ့ပေမယ့် အထောင် တိုက်စစ်မှူး တစ်ဦး ခေါ်ယူချင်နေသေးသလို အသင်းမှာ ရှိတဲ့ ဟွိုက်ဂျ်လန်းနဲ့ ဇီယက်ခ်ဇီး ကိုလည်း ပြန်လည် ရောင်းထုတ်ချင်နေပါတယ်။
TBR Football ကတော့ အိုဆင်မ်ဟန်ကို လိုက်နေတဲ့ အသင်းဟာ ယူနိုက်တက် တစ်သင်းတည်း မဖြစ်နိုင်ပဲ လစ်ဗာပူးလ်လည်း ပါဝင်နေတယ်လို့ သိရပါတယ်။ အာနေး ဆလော့တ်ရဲ့ အသင်းဟာ အိုဆင်မ်ဟန် အဲလ်ဟီလာနဲ့ မတွေ့ဆုံခင် ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

အဲလ်ဟီလာ ကတော့ ဒီနွေရာသီမှာ စူပါစတား ကစားသမားသစ် တစ်ဦး ခေါ်ယူဖို့ စိတ်အား ထက်သန်နေပြီး မန်စီးတီး ကွင်းလယ်လူ ဘာနာဒို ဆေးလ်ဗားကို ဆန်ခါတင် စာရင်းမှာ ထည့်သွင်းထားကြောင်း သတင်းထောက် ဆန်တီ အူနာက ဖော်ပြခဲ့ပါတယ်။ ဘာနာဒို ဆေးလ်ဗား ကတော့ မန်စီးတီးနဲ့ စာချုပ်သက်တမ်း နောက်ဆုံး နှစ်ထဲကို ရောက်ရှိဖို့ နီးကပ်လာနေပြီး စာချုပ် သက်တမ်းတိုးဖို့ အလားအလာ မရှိကြောင်းလည်း သိရပါတယ်။
အာဆင်နယ် နည်းပြ မီခဲလ် အာတေးတား ကတော့ ဒီနွေရာသီမှာ ဗဟိုနောက်ခံလူသစ် တစ်ဦး ခေါ်ယူဖို့ စိတ်အားထက်သန်နေတယ်လို့ သိရပါတယ်။ The Athletic ရဲ့ ဖော်ပြချက်အရ အာဆင်နယ်က ခရစ္စတယ်ပဲလေ့စ် ကြယ်ပွင့် မာ့ခ် ဂူဟီကို အဓိက ပစ်မှတ် အဖြစ် သတ်မှတ်ထားကြောင်း သတင်းတွေ ပေါ်ထွက်လျက် ရှိပါတယ်။ ဒါပေမယ့်လည်း ဂူဟီ အနေနဲ့ ပရီးမီးယားလိဂ် ကလပ် အာဆင်နယ်ကို ပြောင်းရွှေ့ရင် ပွဲထွက်ကစားခွင့် မိနစ်တွေ အတွက် တိုက်ပွဲဝင်ရမှာ ဖြစ်ပါတယ်။
တော့တင်ဟမ်ဟော့စပါး နည်းပြသစ် ဖြစ်လာတော့မယ့် သောမတ်စ် ဖရန့်ခ် ကတော့ မက်သီ တဲလ်ကို ဒီနွေရာသီမှာ အပြီးအပိုင် ခေါ်ယူသွားလိုကြောင်း ရှင်းရှင်းလင်းလင်း ပြောကြားခဲ့တယ်လို့ tEAMtalk က ဖော်ပြထားပါတယ်။ ပြင်သစ် တိုက်စစ်မှူး ကလည်း မြောက်လန်ဒန် ကလပ် မှာသာ ဆက်နေလိုကြောင်း ဖွင့်ဟထားပါတယ်။
ဂျူဗင်တပ်စ် ကတော့ ချဲလ်ဆီး နောက်ခံလူ အက်ဆဲလ် ဒီယာဆီကို ခေါ်ယူဖို့ ကမ်းလှမ်းထားတယ်လို့ TuttoJuve က ဖော်ပြခဲ့ပါတယ်။ အသက် ၂၇ နှစ် အရွယ် ကစားသမား ကတော့ အပြန်အလှန် သဘောတူညီချက်နဲ့ စတန်းဖို့ဒ်ဘရစ်ချ် ကနေ ထွက်ခွာဖို့ မျှော်လင့်နေကြောင်း သိရပါတယ်။ နယူးကာဆယ် ကတော့ ဘရိုက်တန် တိုက်စစ်မှူး ယာအို ပက်ဒရိုကို စိန့်ဂျိမ်းစ်ပါ့ခ်ဆီ ခေါ်ဆောင်နိုင်ဖို့ အတွက် အရှိန်အဟုန်မြှင့် ကြိုးပမ်းလာကြောင်း TBR Football က ဖော်ပြခဲ့ပါတယ်။ ဘရာဇီးလ် လက်ရွေးစင် ကတော့ ယာအို ပက်ဒရိုကို ပေါင် သန်း ၆၀ အောက်နဲ့ ခေါ်ယူနိုင်ဖို့ ရှိနေကြောင်း သိရပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.