စကော့တ် မက်တော်မီနေး ကတော့ ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် ကနေ ထွက်ခွာသွားပြီးကတည်းက နာပိုလီမှာ ခြေစွမ်းပြနေသူ ဖြစ်ပါတယ်။ သူ့ကို ယူနိုက်တက်က ရောင်းချခဲ့တဲ့ အပေါ် သရဲနီ ဂန္တဝင် တိုက်စစ်မှူးဟောင်း ဝိန်း ရွန်နီ တစ်ယောက် အခုထိ မယုံနိုင်အောင် ဖြစ်နေရပါတယ်။
ဝိန်း ရွန်နီ အနေနဲ့ ယူနိုက်တက်ရဲ့ မက်တော်မီနေးကို လက်လွှတ်ခဲ့တဲ့ ဆုံးဖြတ်ချက် အပေါ် အံ့အားသင့်မိသလို၊ ဒီစကော့တလန်သားကို ပရီးမီးယားလိဂ်ဆီ ပြန်လာစေချင်နေပါတယ်။ ယူနိုက်တက် လူငယ် အကယ်ဒမီ ကနေ ကြီးပြင်းလာပြီး ၂၀၁၇-၁၈ ရာသီမှာ စီနီယာ အသင်းကြီးဆီ စတင် ခြေလှမ်းလှမ်းနိုင်ခဲ့တဲ့ မက်တော်မီနေးဟာ ၂၀၂၄ ခုနှစ်မှာ ယူရို ၃၀.၅ သန်း (ပေါင် ၂၆.၃ သန်း) ဝန်းကျင်နဲ့ နာပိုလီ အသင်းဆီ ပြောင်းရွှေ့ခဲ့တာပါ။
သူဟာ နာပဲလ်မြေဆီ ရောက်ရောက်ချင်းမှာပဲ အချိန်ဆိုင်းမနေဘဲ အသင်း အပေါ် အကျိုးပြုနိုင်ခဲ့ပြီး ပထမဆုံးရာသီ မှာတင် နာပိုလီ အသင်း စကူဒက်တို ချန်ပီယံဆု ရရှိအောင် ကူညီပေးနိုင်ခဲ့သလို စီးရီးအေရဲ့ အကောင်းဆုံး ကစားသမားဆု ကိုပါ ဆွတ်ခူးနိုင်ခဲ့ပါတယ်။ နာပိုလီ အသင်းဟာ အဲဒီနောက် ၂၀၂၅-၂၆ ရာသီ မှာတော့ အီတလီ စူပါဖလားကို ကိုင်မြှောက်နိုင်ခဲ့ပြီး စီးရီးအေမှာ ဒုတိယနေရာနဲ့ ရာသီပိတ်နိုင်ခဲ့ပါတယ်။

ရွန်နီ ကတော့ သူ့ရဲ့ ပရီးမီးယားလိဂ် ကလပ်ဟောင်း အနေနဲ့ အသက် ၂၉ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ နာပိုလီ ကြယ်ပွင့်ကို အလွယ်တကူ မလွှတ်ခဲ့သင့်ကြောင်း ပြောဆိုခဲ့တာပါ။ ဒါ့အပြင် အသင်းဆီ ပြန်လာမယ် ဆိုရင်လည်း လှိုက်လှိုက်လှဲလှဲ ကြိုဆိုသွားမှာ ဖြစ်ကြောင်း အခုလို ပြောကြားခဲ့ပါတယ်။
“ယူနိုက်တက်က သူ့ကို အဲဒီတုန်းက ဘာလို့လွှတ်လိုက်လဲ ဆိုတာ ကျွန်တော် တကယ်ကို မယုံနိုင်ခဲ့ပါဘူး။ ဘာလို့လဲ ဆိုတော့ သူဟာ အမြဲတမ်း အစွမ်းကုန် ကြိုးစား အားထုတ်တတ်တဲ့ ကစားသမား တစ်ယောက်မို့လို့ပါ။ သူ အသင်းက ထွက်ခွာခါနီးအချိန်တုန်းက ဆိုရင် ကွင်းထဲမှာ ကစားသမားတွေ အကောင်းဆုံး မခြေစွမ်းမပြနိုင်တာ၊ ပျင်းနေတာတွေ ရှိပေမယ့် သူကတော့ အမြဲတမ်း သက်ရောက်မှု ရှိပြီး အပတ်တိုင်း ကွင်းထဲမှာ မြင်ချင်ရတဲ့ ကစားသမား တစ်ယောက် ဖြစ်ခဲ့ပါတယ်။”
“အဲဒီတုန်းက သူက တိုက်စစ်ဆင်တဲ့ နေရာမှာ ကစားပြီး အရေးကြီးတဲ့ သွင်းဂိုးတွေ ကိုပါ သွင်းပေးခဲ့တာပါ။ ဒါကြောင့် ယူနိုက်တက်က သူ့ကို လက်လွှတ်လိုက်တဲ့အချိန်မှာ ‘ဝေါင်း… ဘာတွေ ဖြစ်ကုန်တာလဲ’ လို့တောင် တွေးမိခဲ့တယ်။ ဒါပေမယ့် အခုအချိန်မှာတော့ သူ့ကို ယူနိုက်တက်ဆီ ပြန်ခေါ်နိုင်ရင် အရမ်းကောင်းမှာပါ” လို့ The Wayne Rooney Show အစီအစဉ်မှာ ရွန်နီက ဖွင့်ဟခဲ့ပါတယ်။
မက်တော်မီနေးဟာ နာပိုလီ အသင်း အတွက် ပြိုင်ပွဲစုံ ပွဲ ၈၀ ကစားပေးထားပြီး ၂၇ ဂိုး သွင်း၊ ၇ ဂိုး ဖန်တီးပေးထားနိုင်ခဲ့ကာ အသင်းရဲ့ အရေးပါဆုံး မရှိမဖြစ် ကစားသမား တစ်ဦး ဖြစ်လာခဲ့ပါတယ်။ သူ အီတလီကလပ်ကို ရောက်ရှိလာပြီးကတည်းက စီးရီးအေ ကွင်းလယ်လူတွေထဲမှာ ခရစ္စတီယန် ပူလီဆစ် (ဂိုးပါဝင် ပတ်သက်မှု ၄၁ ဂိုး) နဲ့ ဟာကန် ချာဟန်နိုဂလူ (၃၈ ဂိုး) တို့က လွဲရင် မက်တော်မီနေး (၃၄ ဂိုး) ထက် တိုက်ရိုက်ဂိုး ပါဝင်ပတ်သက်မှု ပိုများတဲ့သူ မရှိသေးပါဘူး။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


