ပရီးမီးယားလိဂ် ထိပ်သီး ချဲလ်ဆီး ကတော့ ပြိုင်ပွဲစုံ နောက်ဆုံး ၄ ပွဲ ဆက်တိုက် ရှုံးနိမ့်ထားခဲ့ပြီး တော်တော်လေးကို ရုန်းကန်နေရပါတယ်။ ဒါကြောင့် နည်းပြ ဖြစ်သူ လီယမ် ရိုစီနီယာက အသင်းရဲ့ ခြေစွမ်း ကျဆင်းမှုဟာ ကျပ်တည်းလွန်းတဲ့ ပွဲစဉ်ဇယား ရေးဆွဲမှုကြောင့် ဖြစ်တယ်လို့ ဝန်ခံ ပြောကြားလိုက်ပါတယ်။
ချဲလ်ဆီး နည်းပြ လီယမ် ရိုစီနီယာက အသင်းရဲ့ ရလဒ်ဆိုးတွေ အတွက် ဆင်ခြေမပေးလိုပေမယ့် ကစားသမားတွေရဲ့ ပင်ပန်းနွမ်းနယ်မှုဟာ အဓိက အကြောင်းရင်း ဖြစ်တယ်လို့ ယုံကြည်နေပါတယ်။ အခု လာမယ့် နိုင်ငံတကာ ပွဲစဉ် နားရက်ကို အသင်း အတွက် ပြန်လည် ပြင်ဆင်ခွင့် တစ်ခု အဖြစ် ရိုစီနီယာက ရှုမြင်ထားပါတယ်။
ချဲလ်ဆီးဟာ ဆိုးရွားတဲ့ ခြေစွမ်းနဲ့ အတူ ပြိုင်ပွဲစုံ နောက်ဆုံး ၄ ပွဲ ဆက်တိုက် ရှုံးနိမ့်ထားခဲ့ပါတယ်။ ချန်ပီယံလိဂ် ၁၆ သင်း အဆင့်မှာ ပီအက်စ်ဂျီကို နှစ်ကျော့ပေါင်း ၈-၂ ရလဒ်နဲ့ အရှက်တကွဲ ရှုံးခဲ့သလို၊ ပရီးမီးယားလိဂ် မှာလည်း နယူးကာဆယ်နဲ့ အဲဗာတန် တို့ကို အရေးနိမ့်ခဲ့ပါတယ်။ ချဲလ်ဆီးဟာ ၂၀၂၃ စက်တင်ဘာလ နောက်ပိုင်း ပထမဆုံးအကြိမ် အဖြစ် ပြိုင်ပွဲစုံ ၃ ပွဲ ဆက်တိုက် ဂိုးမသွင်းနိုင်ဘဲ ဖြစ်နေပါတယ်။ အဆိုပါ ၃ ပွဲ အတွင်း ဂိုးပေါက် ခြိမ်းခြောက်မှု ၅၂ ကြိမ် အထိ ပြုလုပ်ခဲ့ပေမယ့် ဂိုးမရခဲ့တာပါ။
နောက်ဆုံး ပရီးမီးယားလိဂ် ၄ ပွဲမှာ ၃ ပွဲ အထိ ရှုံးနိမ့်ခဲ့တာကြောင့် ချဲလ်ဆီးဟာ အဆင့် ၆ နေရာ အထိ ဆင်းပေးလိုက်ရပါတယ်။ အဆင့် ၄ နေရာက အက်စတွန်ဗီလာနဲ့ ၆ မှတ် ကွာဟသွားပေမယ့် အဆင့် ၅ နေရာက လစ်ဗာပူးလ်ရဲ့ နောက် ၁ မှတ် အကွာမှာပဲ ရှိနေပါသေးတယ်။ ပြောရမယ် ဆိုရင် ချဲလ်ဆီးက ရာသီအစမှာ အတိုင်းအတာ တစ်ခု အထိ အောင်မြင်မှုတွေ ရခဲ့ပေမယ့် အခုတော့ ပွဲပန်းတဲ့ ဒဏ်ကို တော်တော်လေး ခံစားနေရပြီး ပြိုင်ပွဲစုံမှာ ကျရှုံးနေတာ ဖြစ်ပါတယ်။

အခုတပတ် အဲဗာတန်ကို ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ် အပြီးမှာတော့ နည်းပြ လီယမ် ရိုစီနီယာက အခုလို ပြောကြားခဲ့ပါတယ်။ “ကျွန်တော် ဆင်ခြေပေးနေတယ်လို့ မထင်စေချင်ပါဘူး။ ပြီးခဲ့တဲ့ တပတ်က ကျွန်တော် တို့ရဲ့ စွမ်းဆောင်ရည်က လုံးဝကို မကောင်းခဲ့ပါဘူး။ ဒါပေမယ့် ခင်ဗျားတို့ အနေနဲ့ ကစားသမားတွေရဲ့ လုပ်အားနှုန်းနဲ့ ကစားခဲ့ရတဲ့ ပွဲအရေအတွက်ကို သေချာကြည့်မယ် ဆိုရင် အဖြေက ရှင်းပါတယ်။”
“ဇူလိုင်လက ကလပ် ကမ္ဘာ့ဖလား ဗိုလ်လုပွဲ အထိ ကစားခဲ့ရတော့ ရာသီသစ် အတွက် ပြင်ဆင်ချိန်က အရမ်းပဲ တိုတောင်းခဲ့ပါတယ်။ အခုတော့ အဲဒီဒဏ်တွေက ကစားသမားတွေ အပေါ် သက်ရောက်လာပါပြီ။ နိုင်ငံတကာ ပွဲစဉ် နားရက်က ကျွန်တော်တို့ အတွက် အချိန်ကောင်းမှာ ရောက်လာတာပါ။ ကစားသမား အများစုက နိုင်ငံတကာပွဲတွေ သွားကစားရမှာ ဖြစ်ပေမယ့် ပတ်ဝန်းကျင် အသစ် တစ်ခုမှာ စိတ်သစ် လူသစ်နဲ့ ပြန်လည် လန်းဆန်းလာဖို့ မျှော်လင့်ရပါတယ်။” လို့ ဆိုပါတယ်။
ချဲလ်ဆီးဟာ ဒီရာသီ အတွက် အဓိက ပြိုင်ပွဲကြီးတွေ အဖြစ် ပရီးမီးယားလိဂ်နဲ့ အက်ဖ်အေဖလားတို့ ကစားဖို့သာ ကျန်ရှိနေပါတယ်။ ချဲလ်ဆီးဟာ အက်ဖ်အေဖလားမှာ ကွာတားဖိုင်နယ်ကို တက်လှမ်းထားပြီး ပို့တ်ဗေးလ်နဲ့ ကစားရမှာ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ် မှာတော့ ပွဲစဉ်တွေ အဖြစ် မန်စီးတီး၊ ယူနိုက်တက်၊ ဘရိုက်တန်၊ ဖောရက်စ်၊ လစ်ဗာပူးလ်၊ တော့တင်ဟမ်ဟော့စပါး၊ ဆန်းဒါးလန်း တို့နဲ့ ကစားရဦးမှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


