နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

သရဲနီတွေနဲ့ ရာသီကြို ခြေစမ်းမယ့် ရွိုင်ယန် ရေးနိုးလ်ရဲ့ အသင်း၊ ဆာကာကို ၄ နှစ် သက်တမ်း ရှိတဲ့ စာချုပ်သစ်ချုပ်နိုင်တော့မယ့် အာဆင်နယ် (ပရီးမီးယားလိဂ် နောက်ဆုံးရ သတင်းများ)

သရဲနီတွေနဲ့ ရာသီကြို ခြေစမ်းမယ့် ရွိုင်ယန် ရေးနိုးလ်ရဲ့ အသင်း၊ ဆာကာကို ၄ နှစ် သက်တမ်း ရှိတဲ့ စာချုပ်သစ်ချုပ်နိုင်တော့မယ့် အာဆင်နယ် စတဲ့ သတင်းတွေ အပါအဝင် မတ် ၂၉ ရက်နေ့ရဲ့ ပရီးမီးယားလိဂ် သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

 

သရဲနီတွေနဲ့ ရာသီကြို ခြေစမ်းမယ့် ရွိုင်ယန် ရေးနိုးလ်ရဲ့ အသင်း

နေရှင်နယ်လိဂ် ကလပ် ရက်စ်ဟမ်း အသင်း ကတော့ ၂၀၂၃ ရာသီကြို ခြေစမ်းပွဲ အဖြစ် ပရီးမီးယားလိဂ် ထိပ်သီး မန်ချက်စတာယူနိုက်တက်နဲ့ အမေရိကန် နိုင်ငံမှာ ယှဉ်ပြိုင် ကစားသွားဖို့ ရှိနေပါတယ်။

လက်ရှိ နေရှင်နယ်လိဂ် အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ ရက်စ်ဟမ်း အသင်း ကိုတော့ ရော့ဘ် မက်အဲလ်ဟီနီနဲ့ အတူ နာမည်ကျော် ရုပ်ရှင် သရုပ်ဆောင် ရွိုင်ယန် ရေးနိုးလ် တို့က ပူးတွဲ ပိုင်ဆိုင်ကြပါတယ်။

မန်ချက်စတာယူနိုက်တက် ကလည်း ၂၀၂၃-၂၀၂၄ ဘောလုံးရာသီ မတိုင်ခင် ရာသီကြို ခြေစမ်းပွဲတွေကို အမေရိကန် နိုင်ငံမှာ သွားရောက် ယှဉ်ပြိုင်ကစားမှာ ဖြစ်ကြောင်း ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ အတည်ပြုထားခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲ ကတော့ ယူနိုက်တက်ရဲ့ ရာသီကြို အမေရိက ခရီးစဉ် အတွင်း ပထမဦးဆုံး အတည်ပြုနိုင်တဲ့ ပွဲဖြစ်လာခဲ့ပြီး ဇူလိုင်လ ၂၅ ရက်နေ့၊ အမေရိကန် ဆန်ဒီယေဂိုမြို့က စနက်ပ်ဒရက်ဂွန်ကွင်းမှာ ကစားမယ်လို့လည်း သိရပါတယ်။

ယူနိုက်တက် တာဝန်ရှိသူတွေရဲ့ အဆိုအရ ရာသီကြို ခြေစမ်းပွဲ ခရီးစဉ် အတွင်း အကယ်ဒမီထွက် လူငယ် ကစားသမားတွေကို အဓိက ပွဲထုတ်ဖို့ ရှိနေတာကြောင့် စီနီယာ ကစားသမားတွေ အားလုံး ပါဝင်တဲ့ အသင်း တစ်သင်း အဖြစ်တော့ မြင်တွေ့ရမှာ မဟုတ်ပါဘူး။

ပရီးမီးယား လိဂ်
ချဲလ်ဆီး
အက်စတန် ဗီလာ
1X2 အက်စတန် ဗီလာ @ 4.90
မချဲလ်ဆီး အာရှ ဟန်းဒီးကပ် -1.00 @ 2.23
ဂိုးပေါ် 2.50 @ 1.94
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

စပါး ပရိသတ်တွေကို နှုတ်ဆက်ခဲ့တဲ့ကွန်တီ

အီတလီ နာမည်ကျော် နည်းပြ အန်တိုနီယို ကွန်တီ ကတော့ တော့တင်ဟမ်ဟော့စပါး အသင်းနဲ့ အသင်း ပရိသတ်တွေကို လူမှုကွန်ယက် ကနေ တဆင့် နှုတ်ဆက်သွားခဲ့ပါတယ်။ စပါးကို တစ်နှစ်ကျော်ကြာ ကိုင်တွယ်ပြီး ချန်ပီယံလိဂ် ဝင်ခွင့် ရအောင် စွမ်းဆောင်ပေးခဲ့တဲ့ ကွန်တီက ဒီရာသီ မှာတော့ အသင်း တာဝန်ရှိသူတွေ အပြင် ကစားသမားတွေနဲ့ပါ အဆင်မပြေ ဖြစ်ခဲ့ပါတယ်။

ဆောက်သမ်တန်နဲ့ ၃ ဂိုးစီ သရေကျခဲ့တဲ့ ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲမှာ ကွန်တီ တစ်ယောက် ကစားသမားတွေနဲ့ အသင်းကို စိတ်ပျက်ကြောင်း ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီး အီတလီကို တန်းပြန်သွားခဲ့ပါတယ်။ အဲ့နောက် အန်တိုနီယို ကွန်တီနဲ့ လမ်းခွဲလိုက်ပြီ ဖြစ်ကြောင်း ခရစ္စတီယန် စတဲလ်လီနီကို ရာသီကုန်ထိ ကိုင်တွယ်ဖို့ တာဝန်ပေးခဲ့ကြောင်း စပါး ဘက်က တရားဝင် ထုတ်ပြန် ကြေညာခဲ့ပြီး သတင်းတွေကို သေချာသွားစေခဲ့တာပါ။

ကွန်တီရဲ့ နှုတ်ဆက်စာထဲ မှာတော့ “ဘောလုံးက စိတ်အား ထက်သန်မှုပါ။ ကျွန်တော့်ကို ဘောလုံး နည်းပြ အဖြစ် ရပ်တည်ခွင့်ပေးခဲ့ပြီး စိတ်အား ထက်သန်မှုကို ပြသခွင့်ပေးခဲ့တဲ့ စပါးမှာ ရှိတဲ့ လူတိုင်းကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်။”

“ကျနော့်ကို အားပေးခဲ့ကြတဲ့ ပရိသတ်တွေက အတွေးထဲမှာ အမြဲတမ်း ရှိနေမှာပါ။ ကျနော့်ရဲ့ နာမည်ကို သီချင်းလုပ်ဆိုခဲ့ကြတဲ့ သူတို့ကို ဘယ်တော့မှ မေ့နိုင်တော့မှာ မဟုတ်ပါဘူး။ ကျနော်တို့ အတူတူ လျှောက်လှမ်းခဲ့တဲ့ ခရီး ကတော့ ဒီမှာတင်ပဲ ပြီးဆုံးသွားပါပြီ။ အနာဂတ်မှာ မင်းတို့ အားလုံး အကောင်းဆုံးတွေ ဖြစ်ကြပါစေလို့ ငါဆုတောင်းပေးလိုက်ပါတယ်။” ဆိုပြီး ရေးသားသွားခဲ့တာ ဖြစ်ပါတယ်။

စပါးက လက်ရှိမှာ နည်းပြသစ် တစ်ဦး ရှာဖွေနေပြီး ဘေယန်မြူးနစ် ကနေ ထုတ်ပယ်ခံလိုက်ရတဲ့ ဂျူလီယန် နေဂဲလ်စ်မန်းကို အဓိက ပစ်မှတ်ထားနေသလို ကွန်တီ ကလည်း အသင်းဟောင်း အင်တာမီလန်ကို ပြန်လည် ကိုင်တွယ်နိုင်ချေ ရှိတယ် ဆိုပြီး သတင်းတွေ ထွက်နေပါတယ်။

 

ဆာကာကို ၄ နှစ် သက်တမ်း ရှိတဲ့ စာချုပ်သစ်ချုပ်နိုင်တော့မယ့် အာဆင်နယ်

ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ အာဆင်နယ် ကတော့ သူတို့ အားထားရတဲ့ ကြယ်ပွင့် ဘူကာယို ဆာကာကို စာချုပ်သစ်ချုပ်ဆိုနိုင်ဖို့ သေချာသလောက် ရှိနေပြီလို့ သိရပါတယ်။
စာချုပ်သစ်အရ အာဆင်နယ်မှာ တစ်ပတ်လုပ်ခ ပေါင် ၃ သန်း အထိ ရရှိမယ့် ဆာကာ

ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ အာဆင်နယ် ကတော့ သူတို့ အားထားရတဲ့ ကြယ်ပွင့် ဘူကာယို ဆာကာကို စာချုပ်သစ်ချုပ်ဆိုနိုင်ဖို့ သေချာသလောက် ရှိနေပြီလို့ သိရပါတယ်။

အာဆင်နယ်ရဲ့ ဟေးလ်အန့် အကယ်ဒမီထွက် ဆာကာဟာ ကလပ် အသင်းမှာရော၊ နိုင်ငံ လက်ရွေးစင် အသင်း အတွက်ပါ တောက်လျောက် ခြေစွမ်းပြနေပြီး သူ့ရဲ့ ကာလတန်ကြေး ကလည်း ယူရို သန်း ၁၂၀ ထိ ရှိနေသူပါ။ ဒါကြောင့် ၂၀၂၄ ဇွန် မှာ စာချုပ်သက်တမ်းကုန်မယ့် အသက် ၂၁ နှစ် အရွယ် တောင်ပံကစားသမားကို နည်းပြ မီခဲလ် အာတေတာနဲ့ အာဆင်နယ် ဘက်က အသင်းမှာ ဆက်ထိန်းထားနိုင်ဖို့ အသည်းအသန် ကြိုးစားနေခဲ့တာ ဖြစ်ပါတယ်။

သတင်းတွေအရ ဆာကာ အနေနဲ့ အာဆင်နယ်နဲ့ ၂၀၂၈ ခုနှစ် အထိ စာချုပ်သစ် ချုပ်ဖို့ သဘောတူညီထားခဲ့ပြီလို့ သိရပြီး အပိုဆုကြေးတွေ အပါအဝင် တစ်ပတ်လုပ်ခ ပေါင် ၃ သိန်း အထိ ရရှိသွားမယ်လို့ သိရပါတယ်။

ဆာကာဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ ၁၂ ဂိုးသွင်းကာ၊ ဖန်တီးမှု ၁၀ ကြိမ် ပြုလုပ်ထားသလို အာဆင်နယ်တို့ အမှတ်ပေးဇယားကို ဦးဆောင်နိုင်ဖို့ အဓိက ကူညီပေးထားသူလည်း ဖြစ်ပါတယ်။ ဒီကစားသမားလေးက အင်္ဂလန် လက်ရွေးစင် အသင်း မှာတော့ ပြိုင်ပွဲ အဆင့် ၁၉ ပွဲ ကစားပြီး သွင်းဂိုးနဲ့ ဖန်တီးမှု နှစ်ခုပေါင်း ၁၅ ကြိမ် ပြုလုပ်ကာ၊ ပွဲစဉ်ရဲ့ အကောင်းဆုံး ကစားသမားဆုကိုတော့ ၉ ကြိမ် အထိ ရရှိထားခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်