နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အိမ်ကွင်းမှာ နိုင်ပွဲ ပြန်ရှာမယ့် ဇင်ယော်များ | ပရီးမီးယားလိဂ် (ပွဲကြိုသုံးသပ်ချက်)

ဘရိုက်တန် – လိဒ်စ်ယူနိုက်တက်

ပရီးမီးယားလိဂ် ပွဲစဉ် ၁၀ ရဲ့ အစောဆုံး ပွဲစဉ် တစ်ပွဲ အဖြစ် ဘရိုက်တန်နဲ့ လိဒ်စ်ယူနိုက်တက်တို့ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂ ပွဲဆက် ရှုံးပွဲ ကြုံထားတဲ့ ဘရိုက်တန်တို့ နောက်ပိုင်း တွေ့ဆုံမှုတွေမှာ သူတို့ အမြဲတမ်း အသာရခဲ့တဲ့ လိဒ်စ်ယူနိုက်တက်ကို ထပ်ပြီး အသာရသွားဦးမလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ဘရိုက်တန်က ပရီးမီးယားလိဂ် ပွဲစဉ် ၉ မှာ မန်ချက်စတာယူနိုက်တက်ကို ၄-၂ နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် အာဆင်နယ် ကိုလည်း ခရာဘောင်ဖလားမှာ ထပ်ပြီး ရှုံးထားပါတယ်။ ပြောရမယ် ဆိုရင် ဘရိုက်တန်က အသင်းကြီး နှစ်သင်းနဲ့ တွေ့လို့သာ ရှုံးပွဲ ဆက်သွားပေမယ့်‌ ခြေစွမ်း ကတော့ ကောင်းမွန်နေဆဲ ဖြစ်ပါတယ်။ ဒီရာသီ ဖေဘီယန် ဟက်ဇီလာရဲ့ အသင်းက ပရီးမီးယားလိဂ် ၉ ပွဲ ကစားပြီး ၃ ပွဲနိုင်၊ ၃ ပွဲသရေ၊ ၃ ပွဲ ရှုံးပြီး အမှတ်ပေးဇယား အဆင့် ၁၃ နေရာမှာ ရှိနေပါတယ်။ အိမ်ကွင်း စွမ်းဆောင်ရည်ကို ပြန်ကြည့်မယ် ဆိုရင်တော့ ဘရိုက်တန်က ၂ ပွဲနိုင်၊ ၂ ပွဲ သရေကျပြီး ရှုံးပွဲတော့ လုံးဝ မရှိသေးပါဘူး။

လိဒ်စ်ယူနိုက်တက် ကတော့ ပြီးခဲ့တဲ့ ပွဲမှာ ဝက်စ်ဟမ်းကို အနိုင်ယူပြီး ဒီရာသီ အတွက် တတိယမြောက် ပရီးမီးယားလိဂ် နိုင်ပွဲကို ရရှိခဲ့ပါတယ်။ လိဒ်စ်က ပွဲစဉ် ၉ ပြီးဆုံးချိန်မှာ ၃ ပွဲနိုင်၊ ၂ ပွဲ သရေ၊ ၄ ပွဲ ရှုံးပြီး အမှတ်ပေးဇယား အဆင့် ၁၅ နေရာမှာ ရှိနေပါတယ်။ လိဒ်စ်ရဲ့ ဒီရာသီ အဝေးကွင်း စွမ်းဆောင်ရည်ကို ပြန်ကြည့်မယ် ဆိုရင်လည်း ၁ ပွဲနိုင်၊ ၃ ပွဲ ရှုံးထားလို့ အားရစရာတော့ မရှိပါဘူး။ လိဒ်စ်ဟာ ခံစစ် ပိတ်ကစားတတ်တဲ့ အသင်း မဟုတ်တာကြောင့်တော့ ပွဲက အကြိတ်အနယ် ရှိလာဦးမှာ ဖြစ်ပြီး ဘရိုက်တန်ရဲ့ ပုံစံကောင်း တစ်ခုကို တားဆီးနိုင်ပါ့မလား ဆိုတာတော့ စောင့်ကြည့်ရမှာပါ။

 

နှစ်ဖက်အသင်း သတင်းများ

အခုပွဲ ကိုတော့ ဘရိုက်တန် ဘက်က ဝက်ဘ်စတား၊ ဂရူဒါ၊ ဟင်ရှဲလ်ဝုဒ်၊ မီလ်နာ၊ မီတိုမာ၊ မာ့ချ် တို့ လွဲချော်မှာ ဖြစ်ပါတယ်။

လိဒ်စ်ယူနိုက်တက် ဘက်မှာတော့ ဂတ်ဒ်မန်ဆန်နဲ့ ဂျီနွန်တိုတို့ လွဲချော်မှာ ဖြစ်ပါတယ်။

 

ဖြစ်နိုင်ဖွယ် လူစာရင်း 

ပရီးမီးယားလိဂ် နောက််ဆုံး ၆ ကြိမ် တွေ့ဆုံမှု မှာတော့ ဘရိုက်တန်က ၃ ကြိမ်နိုင်ပြီး ၃ ကြိမ် သရေကျထားပါတယ်။
ဘရိုက်တန်နဲ့ တွေ့ဆုံခဲ့တဲ့ နောက်ဆုံး ၆ ပွဲဆက် အနိုင်မရခဲ့တဲ့ လိဒ်စ်ယူနိုက်တက်

ဘရိုက်တန် – စတီးလ်၊ ဗန်ဟက်ကီ၊ ကော့ပိုလာ၊ ဘော့စ်ကက်ဂ်လီ၊ ကာဒီယိုဂလူ၊ ဘယ်လီဘာ့၊ ဂိုးမက်ဇ်၊ ဒီကူ့ပါး၊ ကော့စ်တူလက်စ်၊ ရက်တာ၊ ဇီမက်စ်

လိဒ်စ်ယူနိုက်တက် – ပါရီ၊ ဂတ်ဒ်မန်ဆန်၊ ဘီဂျိုးလ်၊ ရွန်ဒွန်၊ ဘိုဂဲလ်၊ တာနာကာ၊ အမ်ပါဒူ၊ လောင်းစတက်ဖ်၊ အိုကာဖော၊ ကဲလ်ဗက်လီဝင်း၊ အာရွန်ဆန်

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

ဒီနှစ်သင်းက ၁၈ ကြိမ် တွေ့ဆုံခဲ့ရာမှာ ဘရိုက်တန်က ၁၁ ကြိမ်နိုင်၊ ၅ ကြိမ် သရေ၊ လိဒ်စ်က ၂ ကြိမ် အနိုင်ရထားပါတယ်။ ပရီးမီးယားလိဂ် နောက််ဆုံး ၆ ကြိမ် တွေ့ဆုံမှု မှာတော့ ဘရိုက်တန်က ၃ ကြိမ်နိုင်ပြီး ၃ ကြိမ် သရေကျထားပါတယ်။ ဘရိုက်တန် အိမ်ကွင်းမှာ ကစားခဲ့တဲ့ နောက်ဆုံး ၉ ကြိမ် မှာလည်း ဘရိုက်တန်က ၆ ကြိမ်နိုင်၊ ၃ ကြိမ် သရေကျထားခဲ့ပါတယ်။

 

လောင်းကစားဆိုင်ရာ အကြံပြုချက်

SBOTOPရဲ့ 1X2 မှာ ဘရိုက်တန် နိုင်ရင် ၁.၈၉ ဆ နီးပါး ရမှာ ဖြစ်ပြီး လိဒ်စ်ယူနိုက်တက် နိုင်ရင်တော့ ၃.၆၆ ဆ နဲ့ သရေ ဆိုရင်တာ့ ၃.၃၅ ဆ ရမှာ ဖြစ်ပါတယ်။ အာရှဟန်းဒီးကပ် မှာတော့ သရေရှုံး၊ တစ်လုံး တစ်ဝက်စား၊ တစ်လုံး သရေကြေးတွေ ပေးထားပြီး ဂိုးပေါင်း ကတော့ ၃ လုံးက စဖွင့်ပါတယ်။ နှစ်သင်းစလုံးက ဒီရာသီမှာ ပေးဂိုး‌တွေ များနေပါတယ်။ နောက်ပြီး ဒီပွဲကို ဘရိုက်တန်ရဲ့ ပထမအသင်း ကစားသမား အများအပြား လွဲချော်မှာ ဖြစ်ပါတယ်။ ဘရိုက်တန်တို့ အနည်းငယ် ခက်ခက်ခဲခဲ ကစားရဖို့ ရှိပြီး ၂-၁ လောက်နဲ့ ကပ်နိုင်သွားဖို့ များပါတယ်။

ခန့်မှန်းရလဒ်

ဘရိုက်တန် ၁-၁ လိဒ်စ်ယူနိုက်တက်

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်