နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ယူနိုက်တက်မှာ သူ့ရဲ့ အိုက်ဒေါလ် ဇလာတန်ထက် ပိုပြီး စွမ်းဆောင်ပြမယ်လို့ ကြုံးဝါးလာတဲ့ ဆက်စ်ကို | ပရီးမီးယားလိဂ်

မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူးသစ် ဘင်ဂျာမင် ဆက်စ်ကို ကတော့ သူ့ရဲ့ စံပြ ဖြစ်တဲ့ ဇလာတန် အီဘရာဟီမိုဗစ်ထက် ပိုပြီး စွမ်းဆောင်ပြနိုင်ဖို့ မျှော်လင့်နေကြောင်း ကြုံးဝါး ပြောဆိုလိုက်ပါတယ်။ ဆက်စ်ကိုဟာ ပြီးခဲ့တဲ့ ရက်ကမှ ပရီးမီးယားလိဂ် ကလပ် ယူနိုက်တက်ကို ယူရို ၈၅ သန်းနဲ့ ပြောင်းရွှေ့လာခဲ့ပြီး ယူနိုက်တက် ပရိသတ်တွေ အတွက် အားရစရာ စကားတွေ ပြောဆိုနေခဲ့တာ ဖြစ်ပါတယ်။

အခုလည်း ဆက်စ်ကို သူ့ရဲ့ Idol ဖြစ်တဲ့ ဇလာတန် အီဗရာဟီမိုဗစ် မန်ယူနိုက်တက်မှာ ကစားစဉ်ကထက် ပိုသာအောင် စွမ်းဆောင်ပြမယ်လို့ ပြောကြားလာခဲ့ပါတယ်။ ဆက်စ်ကိုက “ကျွန်တော် ငယ်ငယ်လေး ကတည်းက သူ့ (ဇလာတန်)ကို စောင့်ကြည့်ခဲ့ပါတယ်။ YouTube ဗီဒီယို တစ်ခုချင်းစီတိုင်းမှာ ကျွန်တော် သူ့ကိုပဲ ရှာဖွေခဲ့ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ သူက ကျွန်တော့် အတွက် အံ့အားသင့်စရာ ဖြစ်လို့ပါ။ ကျွန်တော် တို့က စရိုက်လက္ခဏာ မတူကြပါဘူး။ ဒါပေမယ့် သူ ကစားပုံ၊ ဘောလုံးမှာ ပျော်ရွှင်နေတာ၊ အရာရာတိုင်းကို ဘယ်လို လုပ်ဆောင်သလဲကို ကျွန်တော် ကြည့်ရတာ ကြိုက်ပါတယ်။ တစ်နေ့မှာ သူနဲ့ ဆုံတွေ့ဖို့က ကျွန်တော့်ရဲ့ အိပ်မက်ပါပဲ။ ဒါက ကြီးကျယ် ခမ်းနားပြီး ယေဘုယျအနေနဲ့ သူက ကျွန်တော့် စံပြပါပဲ။ ကျွန်တော် တို့ဟာ ကစားဟန် ကွဲပြား ခြားနားပါတယ်။ ဒါပေမယ့် ဘယ်လိုအခြေအနေပဲ ဖြစ်ဖြစ် ကျွန်တော်က သူလုပ်ခဲ့တဲ့ အတိုင်း လိုက်လုပ်ဖို့ ကြိုးပမ်းခဲ့ပါတယ်။” လို့ ဆက်စ်ကိုက ပြောခဲ့ပါတယ်။

ဆွီဒင် တိုက်စစ်မှူးဟောင်း ဇလာတန် အီဘရာဟီမိုဗစ် ကတော့ ပရီးမီးယားလိဂ် ကလပ်မှာ နှစ်နှစ်နီးပါးသာ ကစားခဲ့သူ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း မိုဗစ်က ၅၃ ပွဲ ကစားရာမှာ ၂၉ ဂိုး သွင်း၊ ၁၀ ဂိုး ဖန်တီးပေးခဲ့ပြီး ယူနိုက်တက် ပရိသတ်တွေရဲ့ နှလုံးသားကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ အဲဒီနောက် ဆက်စ်ကိုက ဇလာတန် အပြင် အသင်းရဲ့ တိုက်စစ်မှူးဟောင်းတွေ ဖြစ်တဲ့ ရောဘင် ဗန်ပါစီနဲ့ ဝိန်း ရွန်နီ တို့ကိုလည်း ချီးကျူးစကား ပြောကြားခဲ့ပါသေးတယ်။

တကယ်တော့ ဆက်စ်ကိုကို ယူနိုက်တက်နဲ့ အပြိုင် နယူးကာဆယ် ကလည်း ကမ်းလှမ်းခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဆက်စ်ကိုက ယူနိုက်တက် ကိုသာ ရွေးချယ်ခဲ့ပြီး ဘာကြောင့် ရွေးခဲ့သလဲ ဆိုတာ ကိုတော့ အခုလိုပဲ ပြောကြားခဲ့ပါတယ်။ “ပထမဆုံး ကတော့ ကလပ်ကြောင့်ပါ။ ဒါဟာ မယုံနိုင်လောက်အောင် ကောင်းပြီး သမိုင်းဝင်တဲ့ ကလပ် အသင်း တစ်သင်း ဖြစ်ပါတယ်။ အသင်း ကလည်း ကောင်းမွန်ပြီး တဖြည်းဖြည်း ပိုကောင်းလာနေပါတယ်။ ဒါက ကိုယ်တိုင် ပါဝင်ချင်စိတ်ဖြစ်လာအောင် စွမ်းအင်တွေ ပေးပါတယ်။ စီမံကိန်းကောင်း တစ်ခု ရှိပြီး အမြန်ဆုံး စတင်ဖို့ ကျွန်တော် မစောင့်နိုင်တော့ပါဘူး။ မှန်ပါတယ်။ နည်းပြ ကလည်း အရေးကြီးတဲ့ အခန်းကဏ္ဍ ကနေ ပါဝင်ပါတယ်။ သူက ထူးချွန်သူ တစ်ယောက် ဖြစ်သလို နည်းပြကောင်း တစ်ယောက်လည်း ဖြစ်ပါတယ်။ သူ့လက်အောက်မှာ ကစားရမှာက စိတ်လှုပ်ရှားစရာကောင်းလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်။” လို့ ဆက်စ်ကိုက ပြောကြားခဲ့ပါတယ်။ ဆလိုဗေးနီးယားသားရဲ့ ဝန်ခံချက်အရ ဆိုရင် ကူညာနဲ့ အမ်ဘူမို တို့ရဲ့ အပြောင်းအရွှေ့တွေက သူ့ကို ပရီးမီးယားလိဂ် ထိပ်သီး တို့ဆီ လာဖို့ ဆွဲဆောင်နိုင်ခဲ့တယ်လို့ သိရပါတယ်။ လက်ရှိ မှာတော့ ဘင်ဂျမင် ဆက်စ်ကိုက ပြိုင်ဘက် အသင်းတွေကို သတိပေးစကားဆိုလိုက်ပြီး ယူနိုက်တက်ကို အချိန်တိုတွင်း ထိပ်တန်း အသင်း တစ်သင်း အဖြစ် ပြန်လည် ရောက်ရှိအောင် ပိုဆောင်ပေးမယ်လို့လည်း ကတိပေးခဲ့ပါတယ်။ အဲဒီနောက် ယူနိုက်တက်နဲ့ ပတ်သတ်လို့ ရည်မှန်းချက်တွေကို မေးမြန်းရာ မှာတော့ ဆက်စ်ကိုက “ကျွန်တော်တို့ တစ်ဆင့်ပြီး တစ်ဆင့် ပိုကောင်းလာနေပါတယ်။ ပိုပြီး အချိတ်အဆက်မိလာတယ်။ အတူတကွ ကြီးထွားလာနေတယ်။ ကျွန်တော်တို ပြန်လည် ပျံသန်းဖို့ ဆိုတာ အချိန်တစ်ခုပဲ လိုပါတော့တယ်။” လို့ ယုံကြည်ချက် အပြည့်နဲ့ ပြောဆိုခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်