နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဒီနွေရာသီ မန်ယူနိုက်တက်ရဲ့ အထင်ရှားဆုံး ခေါ်ယူမှုက ဘယ်သူလဲ ဆိုတာ ပြောပြလာတဲ့ ဆာအဲလက်စ် ဖာဂူဆန် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် ဂန္တဝင် နည်းပြ ဆာအဲလက်စ် ဖာဂူဆန် ကတော့ လက်ရှိ ပွဲထွက် ဂိုးသမား ဆန်နီ လမ်မန်းစ်ကို ခေါ်ယူခဲ့တဲ့ ဆုံးဖြတ်ချက်ကို ချီးကျူးခဲ့ပါတယ်။ ဖာဂူဆန်က ဘယ်လ်ဂျီယံ ဂိုးသမားက အိုးထရက်ဖို့ဒ်ကို ရောက်ရှိချိန် ကတည်းက လက်စွမ်းကောင်းတွေ ပြသနေတယ်လို့ ယုံကြည်နေတာ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ဒီနွေရာသီ စျေးကွက်မှာ အန်ဒရေ အိုနာနာရဲ့ နေရာမှာ အစားထိုးနိုင်မယ့် ဂိုးသမားသစ် တစ်ဦး ရှာဖွေခဲ့ပြီး အက်စတွန်ဗီလာက အီမီ မာတီနက်ဇ်ကို ခေါ်ယူနိုင်ခဲ့ခြင်း မရှိခဲ့တဲ့နောက် ရိုင်ယန် အန့်တ်ဝပ်က လူငယ် ဂိုးသမား လမ်မန်းစ် ကိုပဲ ပေါင် ၁၈ သန်းနဲ့ ခေါ်ယူဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

အသက် ၂၃ နှစ် အရွယ် လမ်မန်းစ်ဟာ ဘယ်လ်ဂျီယံပရိုလိဂ်မှာ ၅၂ ပွဲသာ ပါဝင် ကစားပေးရသေးသူ ဖြစ်တာကြောင့် မန်ချက်စတာယူနိုက်တက်လို အသင်းကြီးမှာ ပွဲထွက်ဂိုးသမား အဖြစ် ချက်ချင်း ကစားနိုင်ပါ့မလား ဆိုပြီး သံသယတွေနဲ့ ရင်ဆိုင်ခဲ့ရသူပါ။ ဒါပေမယ့်လည်း လမ်မန်းစ်က လက်ရှိအချိန်အထိ ပရီးမီးယားလိဂ် ကလပ် အတွက် အကောင်းဆုံး လက်စွမ်းတွေ ပြသပြီး အားလုံးကို အံ့အားသင့်စေခဲ့တာ ဖြစ်ပါတယ်။ အခုဆိုရင်တော့ ဘယ်လ်ဂျီယံ ဂိုးသမားက ဆာအဲလက်စ် ဖာဂူဆန်လို ဂန္တဝင် နည်းပြကြီး ကိုတောင် အထင်ကြီးစေခဲ့တာ ဖြစ်ပါတယ်။

မကြာသေးမီခင်က ပုံစံကောင်း ပြန်ရလာတဲ့ မန်ချက်စတာယူနိုက်တက် အတွက် ပျော်ရွှင်မိလားလို့ မေးမြန်းခံခဲ့ရချိန်မှာ ဖာဂူဆန်က “ရက်စ်။ သူတို့တွေက လက္ခဏာတွေ ပြသနေပါတယ်။ နည်းပြက ကောင်းမွန်တဲ့ လက္ခဏာ တချို့ ရှိခဲ့တယ်။ အထူးသဖြင့် ဂိုးသမားက အရမ်းကို ထူးချွန်ပြောင်မြောက်နေခဲ့တယ်။ သူက ၃ ပွဲ၊ ၄ ပွဲလောက်ပဲ ကစားခဲ့ရသေးပြီး တကယ်ကို ကောင်းမွန်နေတဲ့ ပုံပေါ်ခဲ့ပါတယ်။”

ဒါပေမယ့်လည်း လမ်မန်းစ်က လက်ရှိအချိန်အထိ ပရီးမီးယားလိဂ် ကလပ် အတွက် အကောင်းဆုံး လက်စွမ်းတွေ ပြသပြီး အားလုံးကို အံ့အားသင့်စေခဲ့တာ ဖြစ်ပါတယ်။
ဖာဂူဆန်ရဲ့ ချီးကျူးခြင်း ခံထားရတဲ့ လမ်မန်းစ်

“ဟုတ်တာပေ့ါ။ အမ်ဘူမိုနဲ့ ကွန်ညာတို့ ကလည်း တိုးတက်လာတဲ့ လက္ခဏာတွေထဲကို သူတို့ အရည်အသွေးတွေ ထပ်ဖြည့်နိုင်ခဲ့တယ်။ နည်းပြ အနေနဲ့ အောင်မြင်မှု အနည်းငယ် ရလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဘာလို့လဲဆိုတော့ ယူနိုက်တက်မှာ ခင်ဗျား အနေနဲ့ အောင်မြင်မှု ရဖို့ လိုအပ်လို့ပါ။ လက္ခဏာတွေ ကတော့ ပိုပြီးကောင်းလာ‌တယ်လို့ ပြသနေပါတယ်။ ဆက်တိုက် နိုင်ပွဲတွေက မန်ချက်စတာယူနိုက်တက်လိုမျိုး အသင်း အတွက်တော့ အမြဲတမ်း မျှော်လင့်ထားရမယ့် အရာမျိုးလို့ ထင်တယ်။ ဒါပေမယ့် ခက်ခဲတဲ့ စက်ဝန်း တစ်ခုကို ဖြတ်သန်းခဲ့ရပြီး တိုးတက်မှုတွေ ရောက်လာမှာကို သည်းခံစောင့်ဆိုင်းခဲ့ရတဲ့သူတို့ အတွက်တော့ အခုအချိန်မှာ အဲဒါကို ပျော်ရွှင် ခံစားနေမှာပါ။” လို့ ပြောဆိုခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ပြီးခဲ့တဲ့ နွေရာသီတုန်းက ကူညာ၊ အမ်ဘူမို၊ ဆက်စ်ကို စတဲ့ ကစားသမားတွေ အပြင် ပေါင် ၂၁ သန်းကျော် သုံးပြီး ရွိုင်ရယ် အန့်တ်ဝက် ဂိုးသမားဟောင်း လန်းမန်းစ်ကို အရ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ ဆက်စ်ကို တစ်ယောက်က လွဲရင် ကျန်ကစားသမားသစ် အားလုံး အသီးသီး ခြေစွမ်းပြနေကြပြီး ဂိုးသမားသစ် လန်းမန်းစ်ရဲ့ လက်စွမ်းပြမှုတွေက ဒီနောက်ပိုင်းမှာ ယူနိုက်တက် အတွက် အဓိကကျနေတာ ဖြစ်ပါတယ်။

ဆက်လက်ပြီး ဖာဂူဆန်က “ပြီးခဲ့တဲ့ ခေါ်ယူမှုတွေက တကယ်ပဲ ကောင်းခဲ့ပါတယ်၊ အထူးသဖြင့် ဂိုးသမားပိုင်းကို ခေါ်ယူလိုက်နိုင်မှုက တော်တော်လေးကို အားရ ကျေနပ်ဖို့ ကောင်းနေပါတယ်၊ သူက ကစားခဲ့တဲ့ ပွဲတိုင်းလိုလို တကယ်ကောင်းအောင် ကစားနိုင်ခဲ့ပါတယ်။ ကူညာ နဲ့ အမ်ဘူမို တို့လည်း တကယ်ကောင်းတဲ့ ကစားသမားသစ်တွေ ဖြစ်ပေမယ့် ဂိုးသမား ကိုတော့ ကျွန်တော် ပိုပြီး ချီးကျူးရပါလိမ့်မယ်။ ခေါ်ယူမှုတွေ ပိုကောင်းလာတာကြောင့် နည်းပြ အနေနဲ့လည်း အသင်း အတွက် အောင်မြင်မှုတွေ ရယူပေးနိုင်ဖို့တော့ လိုအပ်နေပါလိမ့်မယ်။” ဆိုပြီး ပြောဆိုသွားခဲ့ပါတယ်။

ဖာဂူဆန် ကတော့ ပရီးမီးယားလိဂ် ကလပ်ကို အကယ်ဒမီထွက် ကစားသမားတွေနဲ့ပဲ ရွှေခေတ်ထူထောင်နိုင်ခဲ့ဖူးသူ ဖြစ်ပါတယ်။ သရဲနီတွေကို သမိုင်းတစ်လျှောက် အမြင့်ဆုံး အောင်မြင်မှုတွေ ရရှိအောင် စွမ်းဆောင်ခဲ့ဖူးသူ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်