နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အိုးထရက်ဖို့ဒ်မှာ ယူနိုက်တက်ကို စာမေးပွဲစစ်မယ့် အဝေးကွင်းကောင်းတဲ့ စပါး | ပရီးမီးယားလိဂ် (ပွဲကြိုသုံးသပ်ချက်)

မန်ချက်စတာယူနိုက်တက် – တော့တင်ဟမ်ဟော့စပါး

မန်ချက်စတာယူနိုက်တက် ကတော့ အခုတစ်ပတ် ပရီးမီးယားလိဂ်မှာ တော့တင်ဟမ်ဟော့စပါးကို အိုးထရက်ဖို့ဒ်မှာ ဧည့်ခံ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ယာယီ နည်းပြ မိုက်ကယ် ကာရစ်ခ်ရဲ့ လက်ထက်မှာ ပရီးမီးယားလိဂ် ၄ ပွဲ ဆက်တိုက် အနိုင်ရလဒ်ကို ဖော်ဆောင်နိုင်မလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပြီး စပါး ကရော ယူနိုက်တက် အတွက် ခက်ခဲတဲ့ ပြိုင်ဘက် ဖြစ်လာဦးမလား ဆိုတာ စိတ်ဝင်စားစရာပါ။

 

မန်ချက်စတာယူနိုက်တက်

ဒီနှစ်သင်းဟာ ပြီးခဲ့တဲ့ သြဂုတ်လက မြောက်လန်ဒန်မှာ ၂-၂ ဂိုးနဲ့ သရေကျခဲ့ပြီး နောက်ပိုင်း ပထမဆုံးအကြိမ် ပြန်လည် ရင်ဆိုင်ရတာ ဖြစ်ပါတယ်။ အဲဒီအချိန်တုန်းက ပွဲပြီးခါနီး ၉၆ မိနစ်မှာ မားသီးယက်စ် ဒီလစ်ဂျ်က အဖိုးတန် ချေပဂိုး သွင်းယူပေးခဲ့လို့ ယူနိုက်တက်တို့ သက်သာရာရခဲ့တာပါ။ အမော်ရင် ထွက်ခွာသွားပြီးနောက် နည်းပြသစ် ကားရစ် ရောက်ရှိလာချိန်မှာ ယူနိုက်တက်ဟာ သိသိသာသာ ပြောင်းလဲသွားခဲ့ပါပြီ။ ကာရစ်ခ် လက်ထက် ပွဲစဉ် ၃ ပွဲမှာ ရမှတ် ၉ မှတ် အပြည့် ရယူထားနိုင်သလို ပရီးမီးယားလိဂ် မှာလည်း ၇ ပွဲ ဆက် ရှုံးပွဲ မရှိ မှတ်တမ်း (၄ ပွဲနိုင်၊ ၃ ပွဲသရေ) ကို ပိုင်ဆိုင်ထားပါတယ်။ အမှတ်ပေးဇယားရဲ့ ထိပ်ဆုံး နှစ်သင်း ဖြစ်တဲ့ အာဆင်နယ်နဲ့ မန်စီးတီး တို့ကို အနိုင်ယူပြီးနောက် မှာတော့ ပြီးခဲ့တဲ့ တပတ်က ဖူလ်ဟမ်ကို ၃-၂ ဂိုးနဲ့ ထပ်မံအနိုင်ရခဲ့ပါတယ်။ ဒါပေမယ့် အဲဒီပွဲမှာ ယူနိုက်တက်ရဲ့ ခြေစွမ်းက ရှေ့ပွဲတွေကလောက် အားရစရာ မရှိခဲ့ပါဘူး။

ယူနိုက်တက်ဟာ ဒီရာသီမှာ ဘောလုံးပိုင်ဆိုင်မှု နည်းတဲ့ ပွဲတိုင်းမှာ ရှုံးပွဲ မရှိသေးပါဘူး (၇ ပွဲနိုင်၊ ၂ ပွဲသရေ)။ အထူးသဖြင့် ပိုင်ဆိုင်မှု ၄၅ ရာခိုင်နှုန်းအောက် ရောက်တဲ့ ၇ ပွဲလုံးကို အနိုင်ရထားပါတယ်။ လက်ရှိမှာ ယူနိုက်တက်ဟာ အဆင့် (၄) နေရာမှာ ရပ်တည်နေပြီး အဆင့် (၅) က ချဲလ်ဆီးထက် ၁ မှတ်၊ အဆင့် (၆) က လစ်ဗာပူးလ်ထက် ၂ မှတ် သာနေပါတယ်။ အကယ်၍ ဒီပွဲမှာ စပါးကိုသာ အနိုင်ရခဲ့ရင် ပြီးခဲ့တဲ့ရာသီက သူတို့ ရရှိခဲ့တဲ့ စုစုပေါင်း ရမှတ် ၄၂ မှတ်ကို ရာသီကုန်ဖို့ ၁၃ ပွဲ အလိုမှာတင် ကျော်ဖြတ်နိုင်မှာ ဖြစ်ပါတယ်။

 

တောတင်ဟမ်ဟော့စပါး

နည်းပြ သောမတ်စ် ဖရန့်ခ်ရဲ့ စပါးဟာ ဒီရာသီ အိမ်ကွင်း ပွဲစဉ်တွေမှာ ရုန်းကန်နေရပါတယ်။ ဝုလ်ဗ် ပြီးရင် အိမ်ကွင်း ရမှတ် အနည်းဆုံး အသင်း ဖြစ်နေပါတယ်။ ပြီးခဲ့တဲ့အပတ်က မန်စီးတီးနဲ့ ပွဲမှာ ပထမပိုင်းမှာ ရုန်းကန်ခဲ့ရပေမယ့် ဒုတိယပိုင်း မှာတော့ ဒေါမနစ် ဆိုလန်ကီရဲ့ သွင်းဂိုး (၂) ဂိုး‌ကြောင့် ၂-၂ ရလဒ်နဲ့ သရေ တစ်မှတ် ခွဲယူနိုင်ခဲ့ပါတယ်။ စပါးဟာ နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၆ ပွဲ ဆက်တိုက် နိုင်ပွဲ ပျောက်ဆုံးနေပါတယ်။ လက်ရှိ အမှတ်ပေးဇယား အဆင့် (၁၄) နေရာမှာ ရောက်ရှိနေပြီး ထိပ်ဆုံး ၅ သင်းနဲ့ ၁၁ မှတ် အထိ ကွာဟနေသလို၊ တန်းဆင်းဇုန်နဲ့လည်း ၉ မှတ်သာ ကွာပါတော့တယ်။ ဒါပေမယ့်လည်း စပါးဟာ အဝေးကွင်းမှာ ပိုမိုခြေစွမ်းပြလေ့ရှိပြီး ဒီရာသီ ရရှိထားတဲ့ နိုင်ပွဲ ၇ ပွဲထဲက ၅ ပွဲဟာ အဝေးကွင်း နိုင်ပွဲတွေ ဖြစ်ပါတယ်။ အာဆင်နယ်နဲ့ ဗီလာ ပြီးရင် အဝေးကွင်း ရမှတ် အများဆုံး အသင်း (၁၉ မှတ်) လည်း ဖြစ်ပါတယ်။

 

နှစ်ဖက်အသင်း သတင်းများ

စပါးဟာ နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၆ ပွဲ ဆက်တိုက် နိုင်ပွဲ ပျောက်ဆုံးနေပါတယ်။
ဒီရာသီမှာ အဝေးကွင်း စွမ်းဆောင်ရည် ကောင်းမွန်နေတဲ့ စပါး

အခုပွဲကိုတော့ ယူနိုက်တက် ဘက်က ဒီလစ်ဂျ်၊ ဒေါဂူနဲ့ မေဆန် မောင့်တို့ ဒဏ်ရာကြောင့် လွဲချော်ကြမှာ ဖြစ်ပါတယ်။ စပါး ဘက်မှာတော့ ကူလူဆက်ဗ်စကီး၊ ဘန် ဒေးဗီးစ်၊ ဗန်ဒီဗန်၊ ပေါ်ရို၊ မက်ဒီဆင်၊ ဘက်ဂျ်ဗဲလ်၊ ဘန်တန်ကော်၊ ကူဒု့စ်၊ ရစ်ချာလီဆင် တို့ လွဲချော်ပါလိမ့်မယ်။

 

ဖြစ်နိုင်ဖွယ် လူစာရင်း 

မန်ချက်စတာယူနိုက်တက် – လမ်မန်းစ်၊ ဒါးလော့တ်၊ မက်ဂွိုင်းယား၊ မာတီနက်ဇ်၊ ရှော၊ ကက်စ်မဲရိုး၊ မိန်းနူး၊ အာမက်ဒ်၊ အမ်ဘွေမို၊ ဖာနန်ဒက်စ်၊ ကူညာ

တော့တင်ဟမ်ဟော့စပါး – ဗစ်ကာရီယို၊ စပန့်စ်၊ ရိုမီယို၊ ဗန်ဒီဗန်၊ အူဒိုဂီ၊ ဘစ်ဆူးမား၊ ဂယ်လာဟာ၊ အိုဒိုဘတ်၊ ဆီမွန်စ်၊ ကိုလို မူအာနီ၊ ဆိုလန်ကီ

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

ယူနိုက်တက်ဟာ စပါးနဲ့ တွေ့ဆုံခဲ့တဲ့ နောက်ဆုံး ၆ ပွဲမှာ တစ်ပွဲမှ အနိုင်မရထားတာ (၃ ပွဲ သရေ၊ ၃ ပွဲ ရှုံး) ကတော့ စိုးရိမ်စရာ မှတ်တမ်း တစ်ခု ဖြစ်နေပါတယ်။ စပါး ဘက်က ပြန်ကြည့်မယ် ဆိုရင်တော့ ယူနိုက်တက်နဲ့ တွေ့ဆုံခဲ့တဲ့ နောက်ဆုံး ၈ ပွဲမှာ ရှုံးပွဲ မရှိထားခြင်း (၅ ပွဲနိုင်၊ ၃ ပွဲသရေ) က သူတို့ အတွက် အားတက်စရာ မှတ်တမ်းကောင်း တစ်ခု ဖြစ်နေပါလိမ့်မယ်။ အိုးထရက်ဖို့ဒ်မှာ ကစားခဲ့တဲ့ နောက်ဆုံး ၅ ပွဲမှာတော့ ၂ ကြိမ်စီ အနိုင်ရထားပေမယ့် စပါးက ၁-၆ ရလဒ်နဲ့ အနိုင်ရဖူးတဲ့ မှတ်တမ်းလည်း ရှိနေပါတယ်။

 

လောင်းကစားဆိုင်ရာ အကြံပြုချက်

SBOTOPရဲ့ 1X2 မှာ မန်ချက်စတာယူနိုက်တက် နိုင်ရင် ၁.၅၃ ဆ၊ တော့တင်ဟမ်ဟော့စပါး နိုင်ရင် ၄.၇၉ ဆ၊ သရေ ဆိုရင်တော့ ၄.၂၀ ဆ ရမှာ ဖြစ်ပါတယ်။ ဟန်းဒီးကပ် မှာတော့ ယူနိုက်တက် ဘက်က တစ်လုံးသွင်းရင် တစ်ဝက်ရှုံးမယ့် ကြေး အထိ ဖွင့်ပေးထားပါတယ်။ မန်ချက်စတာယူနိုက်တက် အတွက်တော့ ကာရစ်ခ် လက်ထက် ပုံစံကောင်းကို ဆက်ထိန်းပြီး ချန်ပီယံလိဂ် ဝင်ခွင့် အတွက် အရေးပါတဲ့ ပွဲ ဖြစ်နေသလို၊ စပါး အတွက် ကတော့ သူတို့ရဲ့ အဝေးကွင်း မှတ်တမ်းကောင်းကို အသုံးချပြီး ရမှတ် ရှာဖွေရမယ့်ပွဲ ဖြစ်ပါတယ်။ အိုးထရက်ဖို့ဒ်မှာ ဘယ်သူက အသာစီးရသွားမလဲဆိုတာ စိတ်လှုပ်ရှားဖွယ် စောင့်ကြည့်ရမှာပါ။ ဒါပေမယ့် စပါးက ဒဏ်ရာရ ကစားသမား များပြားနေခြင်းက သူတို့ အတွက် ကြီးမားတဲ့ ထိုးနှက်ချက် ဖြစ်နေဦးမှာပါ။ ကျွန်တော် ကတော့ ဒီပွဲမှာ BTTS၊ ဂိုးပေါ် ၃.၀၀ တို့ကို သဘောကျနေပြီး 1x ထိုင်ရင်လည်း အကျိုးအမြတ် အရမ်းမနည်းနိုင်ဘူးလို့ တွက်ဆထားပါတယ်။

ခန့်မှန်းရလဒ်

မန်ချက်စတာယူနိုက်တက် ၃-၁ တော့တင်ဟမ်ဟော့စပါး

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်