လီဂူးဝမ်း ကလပ် နိစ် အသင်းရဲ့ ဗဟိုခံစစ်မှူး ဂျင်းကလဲ တိုဒီဘိုက ပရီးမီးယားလိဂ် ကလပ်တွေ ဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်၊ တော့တင်ဟမ်ဟော့စပါးတို့နဲ့ အပြောင်းအရွှေ့ အတွက် ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ ဖွင့်ဟလာခဲ့ပါတယ်။
အသက် ၂၄ နှစ် အရွယ် ပြင်သစ် ဗဟိုခံစစ်မှူးဟာ ပြီးခဲ့တဲ့ ရာသီတွေမှာ လီဂူးဝမ်း ကလပ် နိစ်နဲ့ အတူ ခြေစွမ်းကောင်းတွေ ပြသခဲ့ပြီး ဥရောပရဲ့ အတောက်ပဆုံး နောက်ခံလူ တစ်ဦး ဖြစ်လာနိုင်ကြောင်း သုံးသပ်ခံထားရသူ ဖြစ်ပါတယ်။ သူ့ကိုတော့ လက်ရှိမှာ ယူနိုက်တက်နဲ့ စပါး အပါအဝင် ပရီးမီးယားလိဂ် ကလပ် တော်တော်များများက ခေါ်ယူဖို့ ချိတ်ဆက်နေကြတာ ဖြစ်ပါတယ်။
ယူနိုက်တက်၊ စပါး တို့နဲ့ စကားပြောဆိုမှုတွေနဲ့ ရှိခဲ့တာနဲ့ ပတ်သက်လို့ မေးမြန်းရာမှာတော့ တိုဒီဘိုက “ရိုးရိုးသားသား ပြောရရင် ကျွန်တော့်ရဲ့ အနာဂတ်ကို ဒီနေရာနဲ့ ကလပ် အသင်း ပရိသတ်တွေကို လေးစားမှု ရှိတာကြောင့် မပြောလိုပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ ဆွေးနွေးမှု အနည်းငယ်ရှိခဲ့တာ ကတော့ သေချာပါတယ်။
“ကျွန်တော် ဘာစီလိုနာကို သွားကစားတုန်းက ကျွန်တော့် အသက် ၁၈ နှစ် ရှိပါပြီ။ အခု အသက် ၂၄ နှစ် ရှိပြီ၊ ကျွန်တော် အိမ်ထောင်ကျပြီး ကလေး နှစ်ယောက်လည်း ရှိပါတယ်။ ကျွန်တော့်ရဲ့ စိတ်က မတူပါဘူး။ ကျွန်တော်ဟာ နိုင်ငံ လက်ရွေးစင် ကစားသမား တစ်ယောက်ပါ။ အဲ့တော့ နည်းနည်း ပိုစဉ်းစားရမှာပေါ့။ ကျွန်တော် လိုချင်တဲ့ ဘဝ ရရှိဖို့ ဆိုတာက ကိုယ် ဘာလုပ်မလဲ ဆိုတာ အပေါ် မူတည်ပြီး စဉ်းစားပါတယ်။
“ကျွန်တော့်ရဲ့ ရည်မှန်းချက်က ကမ္ဘာ့အကောင်းဆုံး ပြိုင်ပွဲတွေမှာ ကစားပြီး ကျွန်တော့်ရဲ့ အကောင်းဆုံး ပုံစံကို ပြသနိုင်ဖို့ပါ။ အကောင်းဆုံး နောက်ခံလူ ဖြစ်အောင် ကြိုးစားပါမယ်၊ ကျွန်တော် ဖြစ်နိုင်မယ် ဆိုတာလည်း သေချာပါတယ်” လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။
တိုဒီဘိုဟာ ပရီးမီးယားလိဂ် ကလပ် ယူနိုက်တက် အတွက် စမ်းသပ်ခံဖို့ ယခင်က ကမ်းလှမ်းခြင်း ခံခဲ့ရဖူးသူလည်း ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ၂၀၂၃၄/၂၄ ဘောလုံးရာသီက ဆိုးရွားလွန်းတဲ့ ခံစစ်ပြသနာကို ဖြေရှင်းဖို့ ကစားသမားသစ်တွေ ရှာဖွေနေတာ ဖြစ်ပြီး တိုဒီဘိုဟာ ယူနိုက်တက်ရဲ့ မှန်ကန်တဲ့ ခေါ်ယူမှု ဖြစ်လာနိုင်ကြောင်း သုံးသပ်နေကြပါတယ်။
လက်ရှိမှာ ယူနိုက်တက်က အသင်း ကနေ ထွက်ခွာမယ့် ဗာရန်းနဲ့ လင်ဒီလော့ဖ် နေရာမှာ အစားထိုးဖို့ လူငယ် ခံစစ် ကြယ်ပွင့်တွေကို ချိတ်ဆက်လျက် ရှိပြီး မက်ဂွိုင်းယား ကိုလည်း စာချုပ် သက်တမ်းတိုးဖို့ ပြင်ဆင်နေပါတယ်။ ဒါ့အပြင် ဖူလ်ဟမ်က အဒါရာဘိုင်အိုယို ကိုလည်း ချဲလ်ဆီး၊ နယူးကာဆယ် တို့နဲ့ အပြိုင် ကမ်းလှမ်းသွားဖွယ်လည်း ရှိနေပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.