ဝက်စ်ဟမ်း – ချဲလ်ဆီး
ဒီတစ်ပတ် နားရက် မှာတော့ ပရီးမီးယားလိဂ် ပွဲစဉ် (၂၃) ရဲ့ ပွဲကောင်းတွေ ဆက်လက် ယှဉ်ပြိုင်ကစားဖို့ ရှိပါတယ်။ ဝက်စ်ဟမ်းနဲ့ ချဲလ်ဆီး တို့ရဲ့ လန်ဒန် ဒါဘီ ပွဲစဉ် ကတော့ စနေနေ့ ညနေ ၆ နာရီမှာ ကစားမှာ ဖြစ်ပြီး ဒီပွဲနဲ့ ပတ်သတ်တဲ့ ပွဲကြိုအချက်အလက်၊ ပေါက်ကြေးနဲ့ သုံးသပ်ချက်တွေကို ဖော်ပြပေးရမယ် ဆိုရင်တော့…
ရာသီ အစမှာ ရုန်းကန်ခဲ့ရတဲ့ ဝက်စ်ဟမ်းတို့ နောက်ပိုင်း ပွဲတွေမှာ ရှုံးပွဲ နည်းလာပေမယ့် ခြေစွမ်းပိုင်း ကတော့ လိုအပ်ချက်တွေ ရှိနေဆဲပါ။ ဒေးဗစ် မွိုက်စ်ရဲ့ အသင်းက အဓိက ကစားသမားတွေ မကြာခဏ ဒဏ်ရာရရှိနေပြီး ပုံစံမှန်ဖို့ မနည်းကို ထိန်းညှိနေရတာ တွေ့ရပါတယ်။ လက်တလော ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၆ နေရာကို ရောက်နေသလို တန်းဆင်းဇုန်နဲ့ ၁ မှတ်သာ ကွာဟနေပါတယ်။ လက်တလော ဝက်စ်ဟမ်းမှာ အားထားရတဲ့ တိုက်စစ် ကစားသမား စကမ်မက်ကာ ဒူးဒဏ်ရာရနေသလို နောက်ခံလူ ဇူးမားလည်း တံကောက်ကြော ဒဏ်ရာကြောင့် ပါဝင်နိုင်မှာ မဟုတ်ပါဘူး။ နောက်ထပ် အားထားရတဲ့ မက်စ်ဝဲလ် ကော်နက်စ်လည်း ခြေသလုံး ဒဏ်ရာကြောင့် လွဲချော်ဦးမယ်လို့ သိရပါတယ်။

ချဲလ်ဆီး ကတော့ ဆောင်းရာသီ အပြောင်းအရွှေ့မှာ ကစားသမားသစ် အများအပြား ခေါ်ယူထားလို့ အသင်းက လူစာရင်း တောင့်တင်းနေပါတယ်။ ဒါပေမယ့် ချဲလ်ဆီးတို့ ၉ မိုင်ကုန်းက ရုန်းထဖို့ ခက်ခဲနေဆဲ ဖြစ်ပြီး ရာသီအကုန်မှာ ဥရောပ ဝင်ခွင့် တစ်နေရာ ရဖို့တောင် မသေချာပါဘူး။ နောက်ဆုံး ကစားခဲ့တဲ့ ဖူလ်ဟမ်နဲ့ ပွဲမှာ စံချိန်တင် ပြောင်းရွှေ့ကြေးရှင် အန်ဇို ဖာနန်ဒက်ဇ် ခြေစွမ်းပြနိုင်ခဲ့ပေမယ့် မူဒရစ်ခ်ရဲ့ ခြေစွမ်း ကတော့ ပရီးမီးယားလိဂ်နဲ့ အသားကျဖို့ လိုအပ်နေတာ တွေ့ရပါတယ်။ နည်းပြ ဂရေဟမ် ပေါ်တာ အနေနဲ့ ကစားသမားသစ်တွေနဲ့ ကစားသမားဟောင်းတွေ အကြား ဟန်ချက်ညီရေး အများကြီး အားထုတ်ရပါဦးမယ်။ ဂိုးသမား မန်ဒီ၊ ပူလီဆစ်၊ ဇာကာရီယာ၊ ကန်တေနဲ့ ဘရိုဟာတို့ ဒဏ်ရာ ရနေပါတယ်။
ဖြစ်နိုင်ဖွယ် လူစာရင်း
ဝက်စ်ဟမ်း – ဖေဘီယန်စကီး၊ ခါရာ၊ အော့ဘွန်နာ၊ အဂူရက်ဒ်၊ အီမာဆန်၊ ဒီကလန်ရိုက်၊ ပါကွေတာ၊ ကူဖယ်လ်၊ ဘိုဝင်၊ ဘန်နာရာမန်၊ အန်တိုနီယို
ချဲလ်ဆီး – ကီပါ၊ ရီဆီဂျိမ်းစ်၊ သီယာဂိုဆေးလ်ဗား၊ ဘာဒီယာရှာ၊ ကူကူရယ်လာ၊ မေဆင်မောင့်၊ အန်ဇိုဖာနန်ဒက်ဇ်၊ ဂယ်လာဂါ၊ ဇီယက်ချ်၊ ဟာဗက်ဇ်၊ မူဒရစ်
ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်
ပရီးမီးယားလိဂ်မှာ တွေ့ဆုံခဲ့တဲ့ နောက်ဆုံး ၅ ပွဲမှာ ချယ်လ်ဆီးက ၄ ပွဲ အထိ နိုင်ပြီး ဝက်စ်ဟမ်း က ၁ ပွဲတည်းသာ အနိုင်ရခဲ့ပါတယ်။ ဒါပေမယ့် ဝက်စ်ဟမ်း ကွင်း နောက်ဆုံး ၃ ပွဲမှာ ချဲလ်ဆီးတို့ ၂ ပွဲတောင် ရှုံးခဲ့တာပါ။ အမှတ်ပေးပွဲ နောက်ဆုံး ၅ ပွဲမှာ ဝက်စ်ဟမ်းက ၂ ပွဲ ရှုံး၊ ၂ ပွဲ သရေကျပြီး ၁ပွဲသာ အနိုင်ရခဲ့ပါတယ်။ ချဲလ်ဆီး ကလည်း ၂ ပွဲ ရှုံး၊ ၂ ပွဲ သရေကျပြီး ၁ ပွဲသာ နိုင်ခဲ့ကာ ၄ ပွဲ အထိ ဂိုးအောက် ကစားခဲ့ပါတယ်။
လောင်းကစားဆိုင်ရာ အကြံပြုချက်များ
1X2 မှာ ဝက်စ်ဟမ်း နိုင်ရင် ၃.၅ ဆ၊ ချဲလ်ဆီး နိုင်ရင် ၂.၁ ဆ ရမှာပါ။ Handicap မှာ ဒဲ့ကြေး ပေါက်နေပြီး ဂိုးပေါင်း ကတော့ ၂ လုံး အရှုံးပါ။ နောက်ဆုံး ပွဲတွေမှာ ဝက်စ်ဟမ်းက ခြေစွမ်း မာတဲ့ နယူးကာဆယ်ကို အဝေးကွင်းမှာ သရေ ကစားနိုင်ခဲ့ပြီး ချယ်လ်ဆီးက လန်ဒန် အသင်း တစ်သင်း ဖြစ်တဲ့ ဖူလ်ဟမ်ကို အိမ်ကွင်းမှာ သရေကျခဲ့ပါတယ်။ ချဲလ်ဆီးရဲ့ လက်ရှိ ခြေစွမ်းအရ အဝေးကွင်းမှာ ဝက်စ်ဟမ်းကို နိုင်ဖို့ မလွယ်ပါဘူး။ ဂိုးသွင်းအား ကျဆင်းနေတဲ့ အသင်းတွေ ဖြစ်လို့ ဒီပွဲမှာ အိမ်ရှင် ဝက်စ်ဟမ်းနဲ့ ဂိုးပေါင်းအောက် တွဲဆော့တာ အကောင်းဆုံးပါပဲ။
ခန့်မှန်းရလဒ်
ဝက်စ်ဟမ်း ၁-၀ ချဲလ်ဆီး
ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (![]() |
|||
---|---|---|---|
![]() |
![]() |
![]() |
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.