လိဒ်စ်ယူနိုက်တက် – နော့ဝှစ်ချ်စီးတီး
ရလဒ်တွေ ဆိုးရွားနေတဲ့ လိဒ်စ်ယူနိုက်တက်နဲ့ နော့ဝှစ်ချ်စီးတီး တို့ရဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၂၉ ကလည်း အကြိတ်အနယ် ရှိတဲ့ ပွဲစဉ် တစ်ပွဲ ဖြစ်လာနိုင်ပါတယ်။ နှစ်သင်းလုံး တန်းဆင်းဇုန် ဖိအားတွေ ရှိနေကြသလို ရလဒ်ဆိုးတွေ အောက်ကနေ ရုန်းထနိုင်ဖို့ အကောင်းဆုံး အခွင့်အရေးလည်း ဖြစ်လို့ ကျိန်းသေပေါက် အားစိုက်လာဖို့ ရှိနေပါတယ်။
မာဆယ်လို ဘီရဲယ်ဆာ အလွန် ဂျက်ဆီ မက်ရှ် လက်ထက်မှာလည်း လိဒ်စ်ယူနိုက်တက်တို့ ရလဒ်တွေ ဆိုးရွားနေဆဲ ဖြစ်ပါတယ်။ လက်စတာစီးတီးနဲ့ ပွဲမှာ ပြိုင်ဘက်ကို ခြေစွမ်းပိုင်း အသာစီးနဲ့ ကစားနိုင်ခဲ့ပြီး ၁ ဂိုးတည်းနဲ့ ကပ်ရှုံးခဲ့ပေမယ့် အက်စတွန်ဗီလာနဲ့ ပွဲမှာတော့ စိတ်ပျက်စရာ ခြေစွမ်းနဲ့ အတူ ခြေပြတ်၊ ဂိုးပြတ် ရှုံးထားခဲ့တယ်လို့ ပြောလို့ ရပါတယ်။ လိဒ်စ်တို့ လက်တလော ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၆ နေရာမှာ ရပ်တည်နေပေမယ့် တန်းဆင်းဇုန်ထဲက ဘန်လေနဲ့ ၂ မှတ်သာ ကွာဟနေခဲ့ပါတယ်။ ဒါ့အပြင် ပွဲပိုတွေ ကစားထားတဲ့ အချက်က စိတ်ပူရမယ့် အခြေအနေ ဖြစ်နေလို့ လိဒ်စ်တို့ ရလဒ် ဆိုးတွေ အောက်ကနေ အမြန်ဆုံး ရုန်းထနိုင်ဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။ နည်းစနစ်ပိုင်း အရ ကြည့်မယ် ဆိုရင် ဂျက်ဆီ မက်ရှ် အနေနဲ့ ဘီရဲယ်ဆာရဲ့ ကစားဟန်ကို သိပ်ပြီး အပြောင်းအလဲ မလုပ်သေးပဲ အခုပွဲ မှာလည်း ၄-၂-၃-၁ အခင်းအကျင်း ကိုပဲ ဆက်ပြီး အသုံးပြုဦးမယ့် သဘော ရှိပါတယ်။ ကယ်ဗင်ဖီးလစ်နဲ့ လီယမ် ကူပါးတို့ ဒဏ်ရာက မသက်သာသေးသလို ဂျူနီယာ ဖီယာပို ဒူးဒဏ်ရာရသွားခဲ့တာကြောင့် အခုပွဲကို ကျိန်းသေပေါက် လွဲချော်ဖို့ ရှိနေပေမယ့် တိုက်စစ်က ပက်ထရစ် ဘမ်းဖို့ဒ် ပြန်လည် ပါဝင်လာဖို့ ရှိတာက မက်ရှ် အတွက် ဝမ်းသာစရာ သတင်းပါပဲ။ ဖြစ်နိုင်ဖွယ် လူစာရင်း အရ ဆိုရင်တော့ ဘမ်းဖို့ဒ် ဦးဆောင်တဲ့ တိုက်စစ်ကို ရိုဒရီဂို၊ ရာဖင်ညာ၊ ဒန်ဂျိမ်းစ်တို့နဲ့ ရံကစားစေပြီး ကွင်းလယ်မှာ ကော့ချ်၊ ကလစ်ချ်၊ ခံစစ်နဲ့ ဂိုးမှာ စတျောက်ခ်၊ ယော်ရန်းတေး၊ အေးလင်း၊ ဒါးလက်စ်၊ မက်စ်လေယာ တို့နဲ့ ပွဲထွက်လာဖို့ ရှိနေပါတယ်။

နော့ဝှစ်ချ်စီးတီး ကလည်း လိဒ်စ်ယူနိုက်တက်နဲ့ ထူးမခြားနားပါပဲ။ ပြိုင်ပွဲစုံ နောက်ဆုံး ၆ ပွဲဆက် ရှုံးနိမ့်ထားခဲ့တဲ့ အပြင် ပရီးမီးယားလိဂ် မှာလည်း ဇယား အောက်ဆုံး အဆင့် ၂၀ ကို ရောက်ရှိနေခဲ့ပါတယ်။ ပရီးမီးယားလိဂ် ပွဲစဉ် ၂၈ ပွဲ ကစားပြီးချိန်အထိ ၄ ပွဲသာ အနိုင်ရထားပြီး ၅ ပွဲ သရေ၊ ၁၉ ပွဲ ရှုံးနိမ့်ထားပါတယ်။ ဒီရာသီ ပရီးမီးယားလိဂ်ရဲ့ ခံစစ်၊ တိုက်စစ် အဆိုးရွားဆုံး အသင်း ဖြစ်နေတဲ့ နော့ဝှစ်ချ်စီးတီးတို့ နောက်ဆုံး ၆ ပွဲမှာ တိုက်စစ်က သွင်းဂိုး ၄ ဂိုးသာ ရခဲ့ပြီး ခံစစ် ကတော့ ၁၇ ဂိုး အထိ ခွင့်ပြုထားခဲ့ရပါတယ်။ ဒင်းန်စမစ် အသင်းရဲ့ အားနည်းချက်က ပွဲအစပိုင်းမှာ အသင်းကြီးတွေကို အတိုင်းအတာ တစ်ခု အထိ တုန့်ပြန်ကစားနိုင်ပေမယ့် အရန် အင်အား မတောင့်တင်းမှုကြောင့် ပွဲချိန် ကြာလာတာနဲ့ အမျှ သိသိသာသာ ကစားအား ကျသွားတတ်တာ ဖြစ်ပါတယ်။ အခုလာမယ့် ပွဲကိုတော့ လူငယ် တိုက်စစ်မှူး အဒမ် အိုက်ဒါ့ရ် တစ်ဦးတည်း လွဲချော်ဖို့ ရှိနေပြီး ကျန်အဓိက ကစားသမား အားလုံး ပွဲထွက်နိုင်ဖို့ ရှိနေပါတယ်။ ဖြစ်နိုင်ဖွယ် လူစာရင်း မှာတော့ ပွတ်ကီ၊ ရက်ရှီကာ၊ ဆားဂျန့်၊ မက်ကလင်းန်၊ မီလူ၊ ရက်ပ်၊ ဝီလီယမ်စ်၊ ကာဘက်ခ်၊ ဟန်လီ၊ အာရွန်စ်၊ တင်ကားလ် တို့ ပါဝင်လာဖို့ ရှိနေပါတယ်။




ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း
ပြီးခဲ့တဲ့ ထိပ်တိုက်တွေ့ဆုံမှု ၁၂ ကြိမ်မှာ လိဒ်စ်ယူနိုက်တက်တို့ ၅ ကြိမ်နိုင်ပြီး နော့ဝှစ်ချ်စီးတီး ကတော့ ၄ ကြိမ် ပြန်လည် အနိုင်ရထားခဲ့ပါတယ်။ ၃ ကြိမ် ကတော့ သရေရလဒ် ထွက်ပေါ်ခဲ့ပြီး ဒီရာသီ ပရီးမီးယားလိဂ် ပထမအကျော့ မှာတော့ လိဒ်စ်ယူနိုက်တက်တို့ ကာရိုးရုတ်ဒ်မှာ ၁-၂ ရလဒ်နဲ့ အနိုင်ရထားခဲ့ပါတယ်။
လောင်းကစားဆိုင်ရာ အကြံပြုချက်များ
SBOTOP 1X2 မှာတော့ လိဒ်စ် အတွက် ၁.၅၇ ဆ၊ သရေ အတွက် ၄.၂၀ ဆနဲ့ ဝုဗ် အတွက် ၅.၂၀ ဆ ကြေးဖွင့်ပေးထားပါတယ်။ နှစ်သင်းလုံး ကတော့ လက်ရှိမှာ ရုန်းကန်နေရပါတယ်။ ခြေစွမ်းပိုင်း အရ ဆိုရင် လိဒ်စ်တို့ အနည်းငယ် ပိုသာ နေတယ်လို့ ပြောလို့ ရပေမယ့် ဂျက်ဆီ မက်ရှ်နဲ့ ဒင်းန်စမစ် တို့ နည်းဗျူဟာပိုင်း ယှဉ်ပြိုင်ရမယ့် ပွဲဖြစ်ပါတယ်။ ဒီပွဲ မှာတော့ အိမ်ရှင် လိဒ်စ်ယူနိုက်တက်နဲ့ အတူ ဂိုးပေါ် ရလဒ်ကိုပဲ မျှော်လင့်ထားချင်ပါတယ်။ ဂိုးပြတ်နိုင်ချေတော့ မရှိပါဘူး။
ခန့်မှန်းရလဒ် (၂-၁)
ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (![]() |
|||
---|---|---|---|
![]() |
![]() |
![]() |
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.