မန်ချက်စတာစီးတီး တစ်ချိန်က ငှက်မြန်လေးလို့ နာမည်ကျော်ခဲ့တဲ့ ရာဟင်းမ် စတာလင် ကတော့ လက်ရှိ ချဲလ်ဆီးမှာ နေရာ ပျောက်ဆုံးနေသူ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း လက်ရှိ မှာတော့ အင်္ဂလန် တောင်ပံ တိုက်စစ် ကစားသမားကို ပရီးမီးယားလိဂ် ကလပ် ခရစ္စတယ်ပဲလေ့စ်နဲ့ လိဒ်စ်ယူနိုက်တက် တို့က ခေါ်ယူချင်နေကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။
ဒီနှစ်သင်းက ချဲလ်ဆီးမှာ နေရာ ပျောက်နေခဲ့တဲ့ ရာဟင်းမ် စတာလင်ကို လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ ခေါ်ယူဖို့ စိတ်ဝင်စားနေကြတာလည်း ဖြစ်ပါတယ်။ အသက် ၃၁ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ စတာလင်ဟာ ပရော်ဖက်ရှင်နယ် ကစားသမားဘဝကို ပရီးမီးယားလိဂ် ထိပ်သီး အသင်းတွေ မှာသာ ဖြတ်သန်းခဲ့သူ ဖြစ်ပါတယ်။ စတာလင်က လစ်ဗာပူးလ်နဲ့ မန်ချက်စတာစီတီး တို့မှာ အစွမ်းကုန် တောက်ပခဲ့ပြီးတော့ အကျပိုင်းကို ရောက်လာချိန် မှာလည်း ချဲလ်ဆီးနဲ့ အာဆင်နယ် (အငှား) မှာ ကစားခဲ့တာပါ။

ချဲလ်ဆီးကို ရောက်ရှိချိန်မှာ ပုံမှန် ပွဲထွက်ခွင့် စတင် ပျောက်ဆုံးခဲ့ပြီး အာဆင်နယ်ကို အငှားချခံခဲ့ရချိန် မှာလည်း အရန်ခုံမှာသာ အချိန်အများစုကို ကုန်ဆုံးခဲ့ရပါတယ်။ ဒါ့အပြင် ချဲလ်ဆီးကို ပြန်ရောက်ချိန်မှာလည်း နေရာ ပျောက်နေခဲ့ရပြီး လက်ရှိအချိန် မှာတော့ အသင်းရဲ့ လူစာရင်းထဲတောင် ပါဝင်ခြင်း မရှိတော့တာ တွေ့ရပါတယ်။
ရာဟင်းမ် စတာလင်က ချဲလ်ဆီးနဲ့ ၂၀၂၇ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားပြီး တစ်နှစ်လစာ ပေါင် ၁၅ သန်း ဝန်းကျင် ရရှိနေတဲ့ အပြင် မိသားစု ကလည်း လန်ဒန်မြို့မှာ အသားကျနေပြီး ဖြစ်တာကြောင့် အသင်း ပြောင်းရွှေ့လိုခြင်းတော့ မရှိကြောင်း သိရပါတယ်။ ဒါပေမယ့်လည်း လက်ရှိ အခြေအနေ အတိုင်း ဆိုရင် ကစားသမား ဘဝ အဆုံးသတ်သွားနိုင်ခြေ ရှိနေတာကြောင့် လာမယ့် ဇန်နဝါရီမှာ အသင်းသစ် ရှာဖွေဖို့ စဉ်းစားလာဖွယ် ရှိနေပါတယ်။
စတာလင်ရဲ့ စွမ်းဆောင်ရည်ကို ပြန်ကြည့်မယ် ဆိုရင်တော့ အင်္ဂလန်သားက ပရီးမီးယားလိဂ် ကလပ် လစ်ဗာပူးလ်မှာ ၉၅ ပွဲ ကစား ၁၈ ဂိုးသွင်း၊ မန်ချက်စတာစီးတီးမှာ ၂၂၅ ပွဲ ကစား ၉၁ ဂိုးသွင်း၊ ချဲလ်ဆီးမှာ ၅၉ ပွဲ ကစား ၁၄ ဂိုသွင်း၊ အာဆင်နယ်မှာ ၁၇ ပွဲ ကစားခဲ့ပါတယ်။ ဆုဖလား အောင်မြင်မှုတွေ အနေနဲ့ မန်စီးတီးနဲ့ အတူ ပရီးမီးယားလိဂ် ဖလား ၄ ကြိမ်၊ အက်ဖ်အေဖလား ၁ ကြိမ်၊ ခရာဘောင်ဖလား ၅ ကြိမ်၊ ကွန်မြူနတီဒိုင်း ၂ ကြိမ် ရရှိထားခဲ့ပါတယ်။ စတာလင်က အင်္ဂလန် လက်ရွေးစင် အသင်း အတွက် ကိုတော့ ၈၂ ပွဲ ကစားကာ ၂၀ ဂိုး သွင်းယူထားပါတယ်။လက်ရှိမှာ စတာလင်ရဲ့ အခြေအနေကို ခရစ္စတယ်ပဲလေ့စ်နဲ့ လိဒ်စ်ယူနိုက်တက် တို့က အခြေအနေ စောင့်ကြည့်နေပြီး မကြာခင်မှာ ကမ်းလှမ်းဖို့ စီစဉ်နေကြကြောင်း သိရပါတယ်။ တစ်ခု ရှိတာက စတာလင် အနေနဲ့ ဒီနှစ်သင်းထဲက တစ်သင်းသင်းကို ပြောင်းရွှေ့ခဲ့မယ် ဆိုရင်တော့ လက်ရှိ ချဲလ်ဆီးမှာ ရရှိနေတဲ့ လုပ်ခလစာမျိုး ရရှိနိုင်မှာတော့ မဟုတ်ပါဘူး။ ဒါကြောင့် စတာလင် အနေနဲ့ ဘောလုံး ပြန်လည် ကစားခွင့်နဲ့ အကျိုးခံစားခွင့်ကို လဲလှယ်သွားမလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.


