ဒီနွေရာသီ အပြောင်းအရွှေ့ ဈေးကွက်မှာတော့ ပရီးမီးယားလိဂ် ထိပ်သီး လစ်ဗာပူးလ် အနေနဲ့ ကစားသမား နှစ်ဦးသာ ခေါ်ယူရပါသေးတယ်။ ဒါပေမယ့်လည်း ကွင်းလယ်လူ ဒေါမနစ်ခ် ဆိုဘို့ဇ်ဆလိုင်း ကတော့ အသင်းရဲ့ အပြောင်းအရွှေ့ လှုပ်ရှားမှု နည်းပါးနေတာနဲ့ ပတ်သက်လို့ အများကြီး ခေါင်းထဲ ထည့်မထားပါဘူး။
လစ်ဗာပူးလ် ကွင်းလယ်လူ ဆိုဘို့ဇ်ဆလိုင်းက “ဘယ်သူ့ကို ခေါ်ရမလဲ၊ ဒါမှမဟုတ် ကစားသမားသစ် ထပ်ခေါ်ဖို့ လိုမလို ဆိုတာမျိုးက ကျွန်တော့်ရဲ့ ဆုံးဖြတ်ရမယ့် အလုပ် မဟုတ်ပါဘူး” လို့ ဒီအပြောင်းအရွှေ့ ကာလနဲ့ ပတ်သက်ပြီး ပြတ်ပြတ်သားသား ပြောကြားခဲ့တာ ဖြစ်ပါတယ်။
ဟန်ဂေရီသား အနေနဲ့ အခုလို ပြောဆိုရတဲ့ အကြောင်းအရင်းက လစ်ဗာပူးလ်ဟာ ပြီးခဲ့တဲ့ ၂၀၂၅-၂၆ ရာသီ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ကာကွယ်ရာမှာ ရမှတ် ၆၀ သာ ရရှိခဲ့လို့ ဖြစ်ပါတယ်။ သူတို့ဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် (၅) နေရာမှာ ဆိုးဆိုးရွားရွား ရပ်တည်ခဲ့သလို၊ ဆုဖလား တစ်လုံးမှလည်း မရယူနိုင်ခဲ့ပါဘူး။
လစ်ဗာပူးလ် ရရှိခဲ့တဲ့ ရမှတ် ၆၀ ဟာ ၂၀၀၆-၀၇ ရာသီက တော့တင်ဟမ်ဟော့စပါး အသင်း ရမှတ် ၆၀ နဲ့ အဆင့် (၅) ရရှိခဲ့ပြီး နောက်ပိုင်း ပရီးမီးယားလိဂ် အဆင့် (၅) သို့မဟုတ် အထက် ရရှိခဲ့တဲ့ အသင်းတွေထဲမှာ အနိမ့်ဆုံး ရမှတ် ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် အမှတ်ပေးလိဂ် ရပ်တည်မှု ကနေ တစ်ဆင့် ချန်ပီယံလိဂ် ဝင်ခွင့် ရရှိခဲ့တဲ့ အသင်းတွေထဲမှာလည်း ၂၀၀၃-၀၄ ရာသီက လစ်ဗာပူးလ်အသင်း စံချိန်နဲ့ အတူ အနိမ့်ဆုံး စံချိန်တူ ဖြစ်ခဲ့ရတာပါ။
ရာသီသစ် မစတင်မီ လစ်ဗာပူးလ် အသင်းမှာ အပြောင်းအလဲ ကြီးကြီးမားမား ဖြစ်ပေါ်ခဲ့ပြီး မိုဟာမက် ဆာလာ၊ အန်ဒီ ရော်ဘတ်ဆန်နဲ့ အီဘရာဟီမာ ကိုနာတေးတို့ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာသွားခဲ့ကြသလို၊ နည်းပြ အာနေး ဆလော့တ်ရဲ့ နေရာမှာ အန်ဒိုနီ အီရာအိုလာက အစားထိုး ဝင်ရောက်လာခဲ့ပါတယ်။

ဒီနွေရာသီမှာ လစ်ဗာပူးလ်ဟာ ဂျရယ်မီ ဂျတ်ကတ်နဲ့ ဗစ်တာ မူနော့ဇ်တို့ နှစ်ဦး ကိုပဲ ခေါ်ယူထားသေးပြီး ပီအက်စ်ဂျီရဲ့ ဘရက်ဒ်လေ ဘာကိုလာကို ခေါ်ယူဖို့ အပြင်းအထန် သတင်းတွေ ထွက်နေဆဲ ဖြစ်ပါတယ်။ အသင်းရဲ့ လူအင်အား လိုအပ်ချက်နဲ့ ပတ်သက်ပြီး ပရိသတ် အများအပြား စိုးရိမ်နေကြပေမယ့် ဆိုဘို့ဇ်ဆလိုင်း ကတော့ ဒီကိစ္စမှာ ဝင်ရောက် စွက်ဖက်မှာ မဟုတ်ကြောင်း ပြောဆိုခဲ့တာပါ။ “ဘယ်သူ့ကို ခေါ်ရမလဲ၊ ဒါမှမဟုတ် ကစားသမားသစ် ထပ်ခေါ်ဖို့ လိုမလို ဆိုတာ ပြောဖို့ ကျွန်တော့် တာဝန် မဟုတ်ပါဘူး။ ဒါပေမယ့် အထက်က လူကြီးတွေနဲ့ နည်းပြ တို့က ကစားသမား ထပ်ခေါ်ဖို့ ဆုံးဖြတ်ခဲ့ရင်တော့ ကျွန်တော်တို့ ဘက်က ဝမ်းသာအားရ ကြိုဆိုကြမှာပါ။ အကယ်၍ သူတို့က ထပ်မခေါ်ဖို့ ဆုံးဖြတ်ရင်လည်း ရှိတဲ့လူနဲ့ပဲ ရှေ့ဆက်ရမှာ ဖြစ်ပြီး လက်ရှိ အသင်း လူစာရင်းနဲ့ပဲ အထူးခြားဆုံး အရာတစ်ခုခုကို ဖန်တီးပြရပါလိမ့်မယ်” လို့ ဆိုဘို့ဇ်ဆလိုင်းက ပြောပါတယ်။
ရာသီကြို ပွဲစဉ်တွေမှာ ခြေစွမ်းပြနေတဲ့ အသက် ၁၉ နှစ် အရွယ် လူငယ်ကစားသမား ထရေး အန်ယိုနီ ကတော့ လာမယ့် ရာသီမှာ ပွဲထွက်ခွင့် ပိုမို ရရှိလာနိုင်ဖွယ် ရှိနေပါတယ်။ ဆိုဘို့ဇ်ဆလိုင်း ကလည်း အဆိုပါ လူငယ်ကစားသမားကို ထောက်ခံပေးခဲ့ပြီး အသင်းထံ ကစားသမားသစ်တွေ ထပ်မံ ရောက်ရှိမလာခဲ့ရင် လူငယ်တွေ အနေနဲ့ ပိုမို တာဝန်ယူ၊ တာဝန်ခံလာကြရလိမ့်မယ်လို့ ယုံကြည်နေပါတယ်။
“ထရေး ဟာ ကစားသမားကောင်း တစ်ဦး ဆိုတာ ကျွန်တော် အမြဲတမ်း သိပါတယ်။ လေ့ကျင့်ရေး ကွင်းထဲ မှာလည်း သူ့ရဲ့ အရည်အသွေးကို ခဏခဏ ပြသဖူးပါတယ်။ ဖလားပွဲတွေနဲ့ ပရီးမီးယားလိဂ်မှာ ပါဝင်ကစားခွင့် ရခဲ့စဉ်ကလည်း အကောင်းဆုံး ကစားနိုင်ခဲ့တာပါ။ ခံစစ်ပိုင်းက လူငယ်လေးတွေလည်း လေ့ကျင့်ရေးမှာရော ပွဲတွေမှာပါ တကယ်ကို စွမ်းဆောင်ရည် ကောင်းခဲ့ကြပါတယ်။ သူတို့ဟာ ကျွန်တော်တို့ အသင်းသားတွေပါပဲ။ လက်ရှိ အသင်း လူစာရင်းက လိုအပ်ချက် ရှိနေတာကြောင့် အားလုံးရဲ့ ကူညီမှုကို လိုအပ်ပါတယ်” လို့ ဟန်ဂေရီ အသင်းခေါင်းဆောင် ဆိုဘို့ဇ်ဆလိုင်းက ဖြည့်စွက် ပြောကြားသွားခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


