နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အကောင်းဆုံးတွေ မလာသေးဘူးလို့ ဆိုလိုက်တဲ့ ဇူဘီမန်ဒီ | ပရီးမီးယားလိဂ်

အာဆင်နယ် ကွင်းလယ် ကစားသမားသစ် မာတင် ဇူဘီမန်ဒီ ကတော့ အသင်းဖော်တွေကြောင့် ကစားရတာ တော်တော်လေး လွယ်ကူကြောင်း ဖွင့်ဟပြောကြားလိုက်ပါတယ်။ ဇူဘီမန်ဒီဟာ ဒီနွေရာသီမှာ ရီးရဲလ်ဆိုစီဒက် ကနေ ပရီးမီးယားလိဂ် ကလပ်ကို ပေါင် သန်း ၆၀ (ယူရို ၆၉.၅ သန်း) ၊ ၅ နှစ် စာချုပ်နဲ့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပါတယ်။

အသက် ၂၆ နှစ် အရွယ် ဇူဘီမန်ဒီဟာ ဘီလ်ဘာအိုနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ အမ်းမရိတ်စ် ဖိတ်ခေါ်ဖလား ပွဲစဉ်မှာ ခြေစွမ်းပြနိုင်ခဲ့တာကြောင့် ချီးကျူးခံနေရပါတယ်။ အဲဒီပွဲမှာ ဇူဘီမန်ဒီရဲ့ ရိုက်စ်နဲ့ Role Interchange လုပ်ပြီး ကစားသွားတာ ပါတေးကို လွမ်းစရာ မလိုဘူး လို့တောင် ပြောလို့ ရပြီး အာဆင်နယ်ရဲ့ မှန်ကန်တဲ့ ခေါ်ယူမှုလို့လည်း သတ်မှတ်ခံနေရပါတယ်။ 

ဇူဘီမန်ဒီက အာဆင်နယ် မီဒီယာနဲ့ အင်တာဗျူးမှာ “ရာသီကြိုရဲ့ အဆုံးသတ်က ကောင်းမွန်တဲ့ အဆုံးသတ်ဖြစ်ပေမယ့် အကောင်းဆုံးတွေ ရောက်မလာသေးပါဘူး။ နောက်ဆုံး မှာတော့ လိဂ်က လိဂ်ပါပဲ။ ကျွန်တော်တို့ ယှဉ်ပြိုင်ရတာကို နှစ်သက်တယ်၊ အနိုင်ယူရတာကို နှစ်သက်ပါတယ်။ အခုမှ စရတာကို အရမ်း ပျော်ပါတယ်။” လို့ ဆိုပါတယ်။

ဆက်လက်ပြီး “အသင်းက ကျွန်တော့်ကို အရမ်းကို လွယ်ကူအောင် လုပ်ပေးခဲ့တာပါ။ အသင်းမှာ ရှိတဲ့ ကစားသမားတွေရဲ့ ပေါင်းစပ်မှုက အရမ်းကို ကောင်းမွန်ပါတယ်။ ကွင်းတွင်းမှာရော ကွင်းပြင်မှာပါ အရမ်းကို ခင်မင်ရင်းနှီးကြတယ်လို့ ထင်ပါတယ်။ ဒီကလန်နဲ့ အိုဒီဂတ် တို့က ထိပ်တန်း ကစားသမားတွေ ဖြစ်ပြီး သူတို့ရဲ့ နေရာမှာ အကောင်းဆုံးတွေပါ။ ကျွန်တော် သင်ယူပြီး အသားကျအောင် လုပ်ဆောင်ရမယ့် အချိန်ပါ။” လို့လည်း ဇူဘီမန်ဒီက ပြောကြားသွားခဲ့ပါသေးတယ်။ ဒါ့အပြင် ဇူဘီမန်ဒီက ဘီလ်ဘာအိုနဲ့ ပွဲမှာ အနိုင်ရခဲ့တာဟာ ရာသီသစ် အတွက် ကောင်းမွန်တဲ့ခံစားချက် ဖြစ်ပေါ်စေတယ် လို့လည်း ပြောကြားခဲ့ပါတယ်။ 

အာဆင်နယ်ဟာ ရာသီသစ် စတင်ချိန်မှာ ပရီးမီးယားလိဂ် ပွဲကြပ် ၆ ပွဲလောက်ကို ဆက်တိုက် ကစားရမှာ ဖြစ်ပါတယ်။
အာဆင်နယ်က အနိုင်ယူရတာ ကြိုက်နှစ်သက်တယ်လို့ ဆိုလိုက်တဲ့ မာတင် ဇူဘီမန်ဒီ

ဇူဘီမန်ဒီဟာ အစောပိုင်းတုန်းက အာဆင်နယ်နဲ့ ပတ်သတ်ပြီး ဘာတွေ မျှော်လင့်ထားသလဲ ဆိုတာနဲ့ ပတ်သတ်လို့ ယခင်က မေးမြန်းခဲ့ချိန်မှာလည်း အခုလိုပဲ ဖြေကြားခဲ့ဖူးပါတယ်။ “အာဆင်နယ်နဲ့ အတူ ဆုဖလားတွေ ရယူနိုင်ဖို့ မျှော်လင့်ပါတယ်။ အသင်း အနေနဲ့ ပြီးခဲ့တဲ့ ရာသီတွေ ကနေ သင်ခန်းစာယူနိုင်ခဲ့တယ်လို့ ထင်ပါတယ်။ အဲဒီအချက်က ရာသီသစ်မှာ မျှော်လင့်ချက်တွေကို ပြည့်မြောက်စေမယ့် အဓိက အချက်တွေ ဖြစ်ပါတယ်။ ဘောလုံးမှာ အသေးစိတ်အချက်တွေက အဓိကကျတယ်လို့ ထင်ပါတယ်။ အထူးသဖြင့် ချန်ပီယံလိဂ် ပြိုင်ပွဲမှာပေါ့။” လို့ ပြောကြားခဲ့ပါတယ်။

မာတင် ဇူဘီမန်ဒီဟာ ရီးရဲလ်ဆိုစီဒက်မှာ ကစားသမားဘဝ စတင်ခဲ့ပြီးတော့ ၁၀ စုနှစ်ကျော်ကြာ ကာလ အတွင်း ပွဲပေါင်း ၂၃၆ ပွဲ ကစားကာ ၁၀ ဂိုးသွင်းပြီး ရာသီတိုင်းမှာ တည်ငြိမ်တဲ့ ခြေစွမ်းကို ပြသနိုင်ခဲ့ပါတယ်။ ဒါ့အပြင် စပိန်သားက ဂန်းနား ဖြစ်လာချိန်မှာလည်း သူ့ရဲ့ တည်ငြိမ် ပါးနပ်ပြီး နည်းစနစ် ကြွယ်ဝမှုကို ဆက်လက် ထိန်းသိမ်းထားနိုင်ဆဲ ဖြစ်ကြောင်း ပြီးခဲ့တဲ့ ပွဲတွေမှာ သက်သေပြထားခဲ့ပါတယ်။ မီခဲလ် အာတေးတားရဲ့ အာဆင်နယ် ကတော့ ပရီးမီးယားလိဂ် ရာသီသစ် အဖွင့်ပွဲ အဖြစ် လာမယ့် တနင်္ဂနွေနေ့မှာ ယူနိုက်တက်နဲ့ အဝေးကွင်းမှာ စတင် ကစားရမှာ ဖြစ်ပါတယ်။ အဲဒီနောက် ဂန်းနားတွေက နောက်အပတ် မှာတော့ လိဒ်စ်ယူနိုက်တက်ကို အိမ်ကွင်းမှာ လက်ခံ ကစားရမှာ ဖြစ်ပြီး လက်ရှိ ချန်ပီယံ လစ်ဗာပူးလ် နဲ့တော့ ဩဂုတ်လ ၃၁ ရက်နေ့ အန်ဖီးလ်မှာ ထိပ်တိုက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ အာဆင်နယ်ဟာ ရာသီသစ် စတင်ချိန်မှာ ပရီးမီးယားလိဂ် ပွဲကြပ် ၆ ပွဲလောက်ကို ဆက်တိုက် ကစားရမှာ ဖြစ်ပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်