နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အန်ဖီးလ်မှာ တော်ဖီတွေကို ဂိုးပြတ်တီးမယ့် ကြိုးကြာနီ | ပရီးမီးယားလိဂ် (ပွဲကြိုသုံးသပ်ချက်)

လစ်ဗာပူးလ် – အဲဗာတန်

အခုတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ် ၅ မှာတော့ လစ်ဗာပူးလ်က မာဆေးလ်ဆိုက်ဒ် ဒါဘီ ပြိုင်ဘက် အဲဗာတန်ကို အန်ဖီးလ်မှာ ဧည့်ခံကစားရမှာ ဖြစ်ပါတယ်။ ခါးသီး မြို့ခံ ပြိုင်ဘက် နှစ်သင်းရဲ့ ပြင်းထန်တဲ့ ပြိုင်ဆိုင်မှုကို မြင်တွေ့ရဦးမှာ ဖြစ်ပြီး ဒီရာသီမှာ ပုံစံကောင်းရနေတဲ့ အဲဗာတန်ကို လစ်ဗာပူးလ်တို့ အိမ်ကွင်းမှာ အသာရနိုင်ပါ့မလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

လစ်ဗာပူးလ်က ဒီနှစ် ပရီးမီးယားလိဂ်မှာ ၄ ပွဲ ကစားပြီးချိန်အထိ ရာနှုန်းပြည့် နိုင်ပွဲနဲ့ အမှတ်ပေးဇယားကို ဦးဆောင်ထားဆဲ ဖြစ်ပါတယ်။ ဘန်လေနဲ့ ပွဲမှာ လစ်ဗာပူးလ်တို့ နိုင်ပွဲ ပျောက်နိုင်ခြေ ရှိခဲ့ပေမယ့် ကံတရားရဲ့ မျက်နှာသာပေးမှုနဲ့ ၃ မှတ် အပြည့်ယူနိုင်ခဲ့ပါတယ်။ ကြားရက် မှာတော့ လစ်ဗာပူးလ်က အက်တလက်တီကိုမက်ဒရစ်ကို အိမ်ကွင်းမှာ ၃-၂ ရလဒ်နဲ့ အနိုင်ယူပြီး ချန်ပီယံလိဂ် အဖွင့်လှထားပါတယ်။ ဒီနေရာမှာ ပြောစရာ ရှိတာက လစ်ဗာပူးလ်ရဲ့ တိုက်စစ်နဲ့ ခံစစ် ဖြစ်ပြီး တိုက်စစ်က ဂိုးတွေ ရနေသလောက် ခံစစ်က ဂိုးတွေ ပေးနေရတာ ကတော့ စိတ်ပျက်စရာ ဖြစ်ပါတယ်။ ဒီပုံအတိုင်း ဆိုရင်တော့ ဂရီးလစ်ရှ်နဲ့ အန်ဒီရာယီရဲ့ လျင်မြန်တဲ့ တောင်ပံတွေ၊ ဒူးစ်ဘာရီဟောလ်၊ ဘီတို တို့ရဲ့ တန်ပြန် တိုက်စစ်တွေကို ထိန်းချုပ်နိုင်ပါ့မလား ဆိုတာ စိုးရိမ်စရာ ရှိပါတယ်။

ဒေးဗစ် မွိုက်စ်ရဲ့ အဲဗာတန် ကတော့ မနှစ်က အခြေအနေနဲ့ မတူပဲ ဒီနှစ်မှာ အမှန်အကန် လုပ်ပြနေပါတယ်။ အဖွင့်ပွဲမှာ လိဒ်စ်ယူနိုက်တက်ကို ရှုံးနိမ့်ခဲ့ပြီးနောက် နောက်ဆုံး ကစားခဲ့တဲ့ ၄ ပွဲမှာ ၃ ပွဲ နိုင်ပြီး ရှုံးပွဲ မရှိပါဘူး။ ပရီးမီးယားလိဂ်မှာ ၂ ပွဲဆက် အနိုင်ရခဲ့ပြီး ဘရိုက်တန်ကို အနိုင်၊ အက်စတွန်ဗီလာကို သရေ ကစားထားပါတယ်။ အဲဗာတန်ဟာ မာဆေးလ်ဆိုက်ဒါဘီ ပွဲစဉ် ဆိုရင် သိသိသာသာ ညှစ်ကန်တတ်တဲ့ အပြင် ဒီရာသီ ခြေစွမ်းအရလည်း အများကြီး မျှော်လင့်လို့တော့ ရနေပါတယ်။ 

 

နှစ်ဖက်အသင်း သတင်းများ

အခုပွဲကိုတော့ လစ်ဗာပူးလ် ဘက်က ကာတစ် ဂျုံးစ်နဲ့ ဘက်ဂျ်စီတစ်တို့ နှစ်ဦးက လွဲရင် ကျန် အဓိက ကစားသမား အားလုံး ပါဝင်ကစားနိုင်ဖို့ ရှိနေပါတယ်။

ပရီးမီးယားလိဂ်မှာ ၂ ပွဲဆက် အနိုင်ရခဲ့ပြီး ဘရိုက်တန်ကို အနိုင်၊ အက်စတွန်ဗီလာကို သရေ ကစားထားပါတယ်။
ပြိုင်ပွဲစုံ နောက်ဆုံး ၄ ပွဲဆက် မရှုံးထားတဲ့ အဲဗာတန်

အဲဗာတန် ဘက်မှာလည်း ဘရန့်ဝိတ်သ် တစ်ဦးတည်း ဒဏ်ရာရနေပြီး အတောင့်တင်းဆုံး လူစာရင်းနဲ့ မြင်တွေ့ရဖို့ ရှိနေပါတယ်။

 

ဖြစ်နိုင်ဖွယ် လူစာရင်း 

လစ်ဗာပူးလ် – အလီဆွန်၊ ဆိုဘို့ဇ်လိုင်း၊ ကိုနာတေး၊ ဗန်ဒိုက်ခ်၊ ကာကက်ဇ်၊ ဂရာဗန်ဘက်ချ်၊ မက်အယ်လစ္စတာ၊ ဆာလာ၊ ဝစ်ဇ်၊ ဂက်ခ်ပို၊ အစ်ကီတီကီ

အဲဗာတန် – ပစ်ခ်ဖို့ဒ်၊ မိုင်ကိုလန်ကို၊ ကိန်း၊ တာကောစကီး၊ အိုဘရိုင်ယန်၊ ဂူရီ၊ ဂါနာ၊ ဂရီးလစ်ရှ်၊ ဒူးစ်ဘာရီဟောလ်၊ အဲလ်ကာရကဇ်၊ ဘီတို

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

နောက်ဆုံး ၃၃ ကြိမ် တွေ့ဆုံမှုမှာ လစ်ဗာပူးလ်က ၁၆ ကြိမ် နိုင်ပြီး၊ အဲဗာတန် ကတော့ ၃ ကြိမ်သာ ပြန်လည် အနိုင်ရခဲ့ပါတယ်။ ဒါပေမယ့် သရေ ကတော့ ၁၄ ကြိမ် အထိ ရှိခဲ့ပြီး ဒါကို ကြည့်ခြင်းအားဖြင့် အဲဗာတန်က လစ်ဗာပူးလ်ကို မနိုင်ရင်တောင် အရှုံးမပေးချင်တဲ့ အသင်း ဆိုတာ သိသာပါတယ်။ ပရီးမီးယားလိဂ် နောက်ဆုံး ၅ ကြိမ် တွေ့ဆုံမှုမှာတော့ လစ်ဗာပူးလ်က ၃ ကြိမ် နိုင်ပြီး အဲဗာတန်က ၁ ကြိမ်နိုင်ကာ၊ ၁ ကြိမ် သရေကျခဲ့ပါတယ်။ အန်ဖီးလ်ကွင်းမှာ တွေ့ဆုံမှု နောက်ဆုံး ၅ ကြိမ် မှာတော့ လစ်ဗာပူးလ်က ၄ ကြိမ်နိုင်ပြီး အဲဗာတန်က ၁ ကြိမ်သာ ပြန်လည် အနိုင်ရထားပြီး တော်ဖီတို့ နောက်ဆုံး ၄ ကြိမ်ဆက် ရှုံးထားတာ ဖြစ်ပါတယ်။

 

လောင်းကစားဆိုင်ရာ အကြံပြုချက်

SBOTOPရဲ့ 1X2 မှာ လစ်ဗာပူးလ် နိုင်ရင် ၁.၄၁ ဆ ရမှာ ဖြစ်ပြီး အဲဗာတန် နိုင်ရင်တော့ ၆ ဆ ကျော်နဲ့ သရေ ဆိုရင်တာ့ ၅ ဆ နီးပါး ရမှာ ဖြစ်ပါတယ်။ အာရှဟန်းဒီးကပ် မှာလည်း လစ်ဗာပူးလ်က တစ်လုံး အရှုံး အထိ ပေါက်နေပြီး ဂိုးပေါင်း ကတော့ ထုံးစံအတိုင်း ၃ လုံး ဖြစ်ပါတယ်။ ကြေးအရတော့ လစ်ဗာပူးလ် အနိုင်လုံးဝ သေချာနေတဲ့ ပုံစံမျိုး ဖြစ်ပါတယ်။ ဒါပေမယ့် တကယ်တမ်း ကစားတဲ့ အချိန်မှာ အဲဗာတန်ရဲ့ တုန့်ပြန်ပုံကို လစ်ဗာပူးလ်တို့ ဂရုစိုက်နိုင်ဖို့တော့ လိုအပ်ပါလိမ့်မယ်။ လစ်ဗာပူးလ် ဘက်မှာပဲ နေပြီး ခပ်ပါးပါးပဲ ကစားသင့်ပါတယ်။ ဂိုးအောက်လည်း ကြိုက်နေမိပါတယ်။

ခန့်မှန်းရလဒ်

လစ်ဗာပူးလ် ၂-၀ အဲဗာတန်

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်