ပရီးမီးယားလိဂ် ကလပ် အာဆင်နယ် ကွင်းလယ်လူဟောင်း သောမတ်စ် ပါတေး ကတော့ အဓမ္မပြုကျင့်မှု ၅ မှု အပြင် လိင်ပိုင်းဆိုင်ရာ စော်ကားမှု ၁ မှုနဲ့ စွဲချက်တင်ခံထားရပြီလည်း ဖြစ်ပါတယ်။ ၂၀၂၁-၂၀၂၂ ခုနှစ် အတွင်း ပြစ်မှုကျူးလွန်ခဲ့တဲ့ ဖြစ်စဉ်တွေ အပေါ် အင်္ဂလန်နဲ့ ဝေလရဲ့ ပြည်နယ် အစိုးရ တရားရေးဌာန ဖြစ်တဲ့ CPS ကနေ တရားစွဲဆိုခဲ့တာ ဖြစ်ကြောင်း မက်ထရိုပိုလီတန် ရဲတပ်ဖွဲ့ရဲ့ ဖော်ပြချက်အရ သိရပါတယ်။
ဒါပေမယ့်လည်း ပါတေးရဲ့ ရှေ့နေတွေ ကတော့ “သောမက်စ်က သူ့အပေါ် စွဲဆိုထားတဲ့ စွဲချက် အားလုံးကို ငြင်းဆိုထားပါတယ်။ သူဟာ ၃ နှစ်ကြာ စုံစမ်းစစ်ဆေးမှုမှာ ရဲတပ်ဖွဲ့၊ CPS တိုနဲ့ အပြည့်အ၀ ပူးပေါင်း ဆောင်ရွက်ခဲ့ပါတယ်။ သူ့ နာမည်ကို ဒီကိစ္စမှာ ရှင်းလင်းခွင့်ရဖို့ ကြိုးစားနေပါတယ်။ အခုတော့ တရားဝင်တဲ့ လုပ်ဆောင်မှုတွေ အတွက် ရှေ့ဆက်နေပါတယ်။ ကျွန်တော့်ရဲ့ အမှုသည် အနေနဲ့ နောက်ထပ် မှတ်ချက်ပေးစရာ ဘာမှမရှိပါဘူး။” လို့ ကတော့ ထုတ်ပြန် ကြေညာလာခဲ့ပါတယ်။
သတင်းတွေအရဲ့ ဖော်ပြချက်အရ ပါတေး အပေါ် စွဲချက်တွေထဲမှာ အမျိုးသမီး ၃ ဦး ပါဝင်နေပြီး၊ ပထမ အမျိုးသမီး တစ်ဦးနဲ့ ပတ်သက်တဲ့ အဓမ္မပြုကျင့်မှု ၂ မှု၊ ဒုတိယ အမျိုးသမီး တစ်ဦးနဲ့ ဆက်နွှယ်တဲ့ အဓမ္မပြုကျင့်မှု ၃ မှု နဲ့ တတိယ အမျိုးသမီး တစ်ဦးနဲ့ ဆက်စပ်တဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားမှု ၁ မှု တို့ ပါဝင်ကြောင်း သိရပါတယ်။ သောမတ်စ် ပါတေး ဟာ ၂၀၂၀ ပြည့်နှစ်ကတည်းက အာဆင်နယ်မှာ ကစားခဲ့ပြီးတော့ သူ့ရဲ့ စာချုပ် ကတော့ ပြီးခဲ့တဲ့ တနင်္လာနေ့မှာ သက်တမ်းကုန်ဆုံးခဲ့ပါတယ်။

တချို့ကလည်း ပရီးမီးယားလိဂ် ကလပ်ရဲ့ တာဝန်ရှိသူတွေ အနေနဲ့ ပါတေးကို စာချုပ်သက်တမ်း မတိုးခဲ့တာဟာ ဒီကိစ္စတွေကြောင့် ဖြစ်နိုင်ကြောင်း သုံးသပ်နေကြပါတယ်။ အာဆင်နယ် ဘက်ကတော့ ပါတေးရဲ့ အမှုကိစ္စနဲ့ ပတ်သတ်လို့ ဘာဆိုဘာမှ ပြောကြားထားခြင်း မရှိသေးပါဘူး။ လက်ရှိ ပါတေးရဲ့ စုံစမ်းစစ်ဆေးမှုကို ဦးဆောင်နေတဲ့ စုံထောက် ကြီးကြပ်ရေးမှူး အန်ဒီ ဖာဖီက “ကျွန်တော် တို့ရဲ့ ဦးစားပေး ကတော့ ရှေ့ထွက်လာတဲ့ အမျိုးသမီးတွေကို အကူအညီပေးဖိုပါပဲ။ ဒီအမှုကြောင့် ထိခိုက်ခဲ့ရသူတွေ ဒါမှမဟုတ် သတင်းအချက်အလက် ရှိတဲ့ မည်သူမဆို ကျွန်တော်တို့ အဖွဲနဲ့ စကားပြောဖို့ တောင်းဆိုချင်ပါတယ်။ ဒီစုံစမ်းစစ်ဆေးမှုနဲ့ ပတ်သက်ပြီး စုံထောက်တွေကို [email protected] ကို အီးမေးလ် ပေးပို့ ဆက်သွယ်နိုင်ပါတယ်။” လို့ ပြောကြားထားပါတယ်။
သောမတ်စ် ပါတေး ဟာ ဩဂုတ်လ ၅ ရက်၊ အင်္ဂါနေ့ ဝက်စ်မင်စတာ တရားရုံးကို လာရောက် တရားရင်ဆိုင်ရဖို့ ရှိနေပြီး ဂါနာ လက်ရွေးစင် ကစားသမားဟာ မြောက်လန်ဒန် ကလပ် ကနေ ထွက်ခွာပြီး ၄ ရက် အကြာမှာပဲ အခုလို စွဲချက်တင်ခံခဲ့ရတာ ဖြစ်ပါတယ်။ ပါတေးဟာ အာဆင်နယ်ရဲ့ အဓိက ကစားသမား တစ်ဦး ဖြစ်ပြီး ရေဘဝဲကြီးလို့တောင် ပရိသတ်တွေက ချစ်စနိုးနဲ့ ခေါ်ဝေါ်ကြတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း လက်ရှိမှာတော့ ဂန်းနား ပရိသတ်တွေဟာ ပါတေးသာ ဒီအမှုတွေကို အမှန်တကယ် ကျူးလွန်ခဲ့တယ် ဆိုရင်တော့ သနားနေမှာ မဟုတ်ပဲ ရှုံ့ချဖို့ အသင့်ရှိနေကြောင်း သိရပါတယ်။
သောမက်စ် ပါတေးဟာ ၂၀၂၀ ခုနှစ် အောက်တိုဘာမှာ အက်တလက်တီကိုမက်ဒရစ် ကနေ ပေါင် ၄၅.၃ သန်းနဲ့ အာဆင်နယ်ကို ပြောင်းရွှေ့ခဲ့သူ ဖြစ်ပါတယ်။ ပါတေးဟာ ပြီးခဲ့တဲ့ရာသီက မြောက်လန်ဒန် ကလပ် အတွက် ပရီးမီးယားလိဂ် ၃၅ ပွဲ ပါဝင် ကစားခဲ့ပြီး ၄ ဂိုး သွင်းယူကာ ခြေစွမ်းပြခဲ့ပါတယ်။ ဒါ့အပြင် ဂါနာသားက ချန်ပီယံလိဂ် မှာလည်း ၁၂ ပွဲ အထိ ပါဝင်ကစားခဲ့ပြီး ဂန်းနား တို့ကို ဆီမီးဖိုင်နယ် ပို့ဆောင်ပေးခဲ့တဲ့ အဓိက ကစားသား တစ်ဦးလည်း ဖြစ်ပါတယ်။ ပါတေးဟာ အာဆင်နယ် အတွက် ပြိုင်ပွဲစုံ ၁၆၇ ပွဲ ကစားကာ ၉ ဂိုး သွင်းယူပေးခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.