နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

မူနော့ဇ်ရဲ့ အပြောင်းအရွှေ့ကို အပြိုင် ကြိုးပမ်းမယ့် အင်္ဂလန် ထိပ်သီး ၄ သင်း၊ ၆ ပတ် အထိ အနားယူရတော့မယ့် ဒန်ဘန်း | ပရီးမီးယားလိဂ်

အခုတစ်ခါမှာတော့ ဒီဇင်ဘာ ၁၆ ရက်နေ့ အတွက် ရရှိထားသမျှ ပရီးမီးယားလိဂ်ရဲ့ စိတ်ဝင်စားစရာ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

လစ်ဗာပူးလ် တောင်ပံကစားသမား မိုဟာမက် ဆာလာကို မေဂျာလိဂ်၊ လီဂူးဝမ်း၊ စီးရီးအေ၊ ဘွန်ဒက်စ်လီဂါနဲ့ လာလီဂါ ကလပ်တွေက စိတ်ဝင်စားနေပေမယ့် သူ့ရဲ့ လုပ်ခလစာ တောင်းဆိုမှုကို ဖြည့်ဆည်းပေးနိုင်ဖို့ မရှိ ဖြစ်နေပါတယ်။ ဒါကြောင့် ဆာလာ အနေနဲ့ တစ်ပတ်ကို ပေါင် ၁ သန်းကျော် (ဒေါ်လာ ၁.၃ သန်း) ရရှိမယ့် ဆော်ဒီအာရေဗျကို ပြောင်းရွှေ့ဖို့ ဖြစ်နိုင်ခြေ အရှိဆုံးလို့ ယူဆရပါတယ်။

ခရစ္စတယ်ပဲလေ့စ် ညာနောက်ခံလူ ဒန်နီရယ် မူနော့ဇ် ကိုတော့ ပရီးမီးယားလိဂ် ထိပ်တန်း ကလပ်တွေက စိတ်ဝင်စားနေပါတယ်။ လစ်ဗာပူးလ် ကတော့ မူနော့ဇ်ကို ချဲလ်ဆီး၊ မန်ချက်စတာစီးတီးနဲ့ မန်ချက်စတာယူနိုက်တက် တို့နဲ့ အပြိုင် စိတ်ဝင်စားမှု ပြသထားတဲ့ နောက်ဆုံး အသင်း ဖြစ်ကြောင်း သိရပါတယ်။

တခြားတစ်ဖက် မှာလည်း မန်ချက်စတာယူနိုက်တက်က ညာနောက်ခံလူ တစ်ဦး ရှာဖွေနေပြီး စပို့တင်းလစ္စဘွန်းက မက်ဆီ အာရူဟို၊ ဘင်ဖီကာက ဆမ်မြူရယ် ဒါဟယ်၊ လိုရီးယန့်က အာဆင်း ကူအာဆီနဲ့ ကလပ် ဘရုဂေးက ယိုအာကွင်း ဆေးစ် တို့ကို ကင်းထောက်တွေက စောင့်ကြည့်နေကြောင်း သိရပါတယ်။

အာဆင်နယ် ကတော့ လာမယ့် နွေရာသီမှာ အမ်းမရိတ်စ်ကို ပြောင်းရွှေ့ဖို့ စီစဉ်ထားတဲ့ ရီးရဲလ်မက်ဒရစ် လူငယ်ခံစစ်မှူး ဗစ်တာ ဗဲလ်ဒီပီနက်စ်ကို ဆက်လက် ခြေရာခံနေဆဲ ဖြစ်ကြောင်း ESPN Deportes က ဖော်ပြပါတယ်။

တော့တင်ဟမ်ဟော့စပါး ကတော့ ဘရိုက်တန် ဗဟိုနောက်ခံလူ ဂျန် ပေါလ် ဗန် ဟက်ကီကို ခေါ်ယူလိုပေမယ့်လည်း ဘရိုက်တန်က ပိုမိုကောင်းမွန်တဲ့ အခြေအနေနဲ့ ရောင်းချဖို့ အတွက် နောက်နွေရာသီ အထိ စောင့်ဆိုင်းသွားဖို့ ရှိကြောင်း Football Insider က ဖော်ပြပါတယ်။

ဒါပေမယ့်လည်း စပါးဟာ ပို့စ်မောက်မှာ အငှားချထားတဲ့ အသက် ၁၉ နှစ်အရွယ် ကစားသမား ယန်း မင် ဟွတ်ခ်ရဲ့ စွမ်းဆောင်ရည်ကို သဘောကျနေပါတယ်။ ဒါပေမယ့်လည်း တောင်ကိုရီးယား လူငယ်တောင်ပံ ကစားသမား ကတော့ ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ဖွယ် ရှိနေပါတယ်။

အာဆင်နယ် ကတော့ တံကောက်ကြော ဒဏ်ရာ ရရှိခဲ့တဲ့ နောက်ခံလူ ဘန် ဝှိုက် အနေနဲ့ အနည်းဆုံး တစ်လခန့် အနားယူရနိုင်တာကြောင့် စိုးရိမ်နေတယ်လို့ သိရပါတယ်။ အာဆင်နယ် အနေနဲ့ ဘန် ဝှိုက်ရဲ့ ဒဏ်ရာ အခြေအနေနဲ့ ပတ်သက်ပြီး နောက်ဆုံး အတည်ပြုချက်ကို စောင့်ဆိုင်းနေဆဲ ဖြစ်ပါတယ်။ အစောပိုင်းမှာတော့ ဘန် ဝှိုက်က ၄ ပတ် ကနေ ၆ ပတ် အထိ အနားယူရမယ်လို့ သတင်းထွက်ခဲ့ပါတယ်။ အသက် ၂၈ နှစ် အရွယ် ဘန် ဝှိုက်ဟာ ဝုလ်ဗ်နဲ့ ပွဲ ပွဲချိန် ၃၁ မိနစ်မှာ ဒဏ်ရာရလို့ လီဝစ် စကယ်လီနဲ့ လူစားလဲခဲ့ရတာ ဖြစ်ပါတယ်။ ၎င်းဟာ ဒီရာသီမှာ အာဆင်နယ် အတွက် ၁၁ ပွဲအထိ ကစားပေးထားပါတယ်။ အာဆင်နယ်ဟာ ခံစစ်ပိုင်း ဒဏ်ရာပြဿနာတွေနဲ့ ကြုံတွေ့နေရပြီး ဆလီဘာ၊ တင်ဘာ တို့ကတော့ ပြန်လည် ကစားနိုင်နေပြီ ဖြစ်ပါတယ်။

ချဲလ်ဆီးနဲ့ မန်ချက်စတာစီးတီး တို့ကတော့ အသက် ၁၆ နှစ် အရွယ် ဘေယန်မြူးနစ် ခံစစ်မှူး ကက်ဆီယာနို ကီယာလာရဲ့ ဖခင်နဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြောင်း The Mirror က ဖော်ပြပါတယ်။

အက်စတွန်ဗီလာ နည်းပြ အူနိုင်း အမ်မရီ ကတော့ အငှားထွက် ကစားရာမှ ပြန်လာပြီးနောက် စွမ်းဆောင်ရည်ကောင်းတွေ ပြသနေတဲ့ ကွင်းလယ်လူ အီမီလီယာနို ဘူအန်ဒီယာကို စာချုပ်သစ် ချုပ်ဆိုဖို့ တွန်းအားပေးနေကြောင်း သိရပါတယ်။

နယူးကာဆယ် နောက်ခံလူ ဒန်ဘန်းဟာ ဆန်းဒါးလန်းနဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ နံရိုးကျိုးပြီး အဆုတ်ပါထိခဲ့လို့ ရက်သတ္တပတ် ၆ ပတ်ခန့် အနားယူရဖို့ ရှိနေပါတယ်။
နံရိုးကျိုးပြီး အဆုတ်ထိခဲ့လို့ ၆ ပတ် အထိ အနားယူရတော့မယ့် ဒန်ဘန်း

နယူးကာဆယ် နောက်ခံလူ ဒန်ဘန်းဟာ ဆန်းဒါးလန်းနဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ နံရိုးကျိုးပြီး အဆုတ်ပါထိခဲ့လို့ ရက်သတ္တပတ် ၆ ပတ်ခန့် အနားယူရဖို့ ရှိနေပါတယ်။ အသက် ၃၃ နှစ် အရွယ် ကစားသမားဟာ ဆန်းဒါးလန်း ကစားသမား မူကီလီနဲ့ ဘောလုံးလျှောထိုးဝင်လုချိန် ဒဏ်ရာရခဲ့တာ ဖြစ်တယ်။ ၅၀-၅၀ အနေအထားမှာ မူကီလီရဲ့ ဒူးခေါင်းက ဒန် ဘန်းကို တိုက်မိခဲ့တာပါ။ ဒီဖြစ်စဉ်ကြောင့် ဒိုင်လူကြီးက မူကီလီကို အဝါကတ် ပြသခဲ့ပါတယ်။ ဒန် ဘန်းဟာ ကွင်းအတွင်း ဆက်ကစားဖို့ ကြိုးစားခဲ့ပေမယ့် မိနစ် အနည်းငယ် အကြာမှာ ဖာဘီယန် ရှားနဲ့ လူစားလဲခံခဲ့ရပါတယ်။ နယူးကာဆယ် နည်းပြ အက်ဒီ ဟောင်းဝ်က ပွဲအပြီးမှာ ဒန်ဘန်းကို ဆေးရုံပို့ခဲ့ရပြီး ပထမပိုင်းအပြီး အသက်ရှူဖို့ ခက်ခဲနေခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်