ဒေါ့မန် ကြယ်ပွင့်ကို ခေါ်ယူနိုင်ဖို့ နီးစပ်နေတဲ့ ဘရိုက်တန်၊ နေဂဲလ်စ်မန်းကို လက်လျှော့ပြီး တခြား ပစ်မှတ် လိုက်တော့မယ့် စပါး အစ ရှိတဲ့ သတင်းတွေ အပါအဝင် မေလ ၁၃ ရက်နေ့ရဲ့ ပရီးမီးယားလိဂ် သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ဒေါ့မန် ကြယ်ပွင့်ကို ခေါ်ယူနိုင်ဖို့ နီးစပ်နေတဲ့ ဘရိုက်တန်
ရာသီ အစပိုင်းမှာ ဂရေဟမ် ပေါ်တာ ထွက်ခွာသွားပေမယ့် နည်းပြသစ် ရော်ဘတ်တို ဒီဇာဘီ လက်အောက်မှာ အလျင်အမြန် အသားကျခဲ့တဲ့ ဘရိုက်တန်က ပုံစံကောင်းတွေ ပြသနေတဲ့ အသင်း ဖြစ်ပါတယ်။ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၇ နေရာမှာ ရပ်တည်နေသလို ဥရောပဝင်ခွင့် အတွက်တောင် မျှော်လင့်ချက် ခပ်ရေးရေး ရှိနေတာ ဖြစ်ပါတယ်။
ဒါကြောင့် လာမယ့် ရာသီ မှာလည်း ပုံစံကောင်း တစ်ခုကို ဆက်ထိန်းထားနိုင်ဖို့ အတွက် ဘရိုက်တန်တို့ အပြောင်းအရွှေ့ကာလ မတိုင်ခင် ကတည်းက အလုပ်ရှုပ်နေခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာ ဒါဟွတ်ဒ် အနေနဲ့ ပရီးမီးယားလိဂ် ကလပ်တွေ ဖြစ်တဲ့ အက်စတွန်ဗီလာ၊ ဝက်စ်ဟမ်း၊ လက်စတာစီးတီးနဲ့ ဘရန့်ဖို့ဒ်နဲ့ နယူးကာဆယ် တို့နဲ့ ဆွေးနွေးလျက် ရှိတယ်လို့လည်း သိရပါတယ်။
ဒါပေမယ့်လည်း ဘရိုက်တန် ကသာ ဒါဟွတ်ဒ်ကို ခေါ်ယူဖို့ အနီးစပ်ဆုံး ဖြစ်နေတယ်လို့ သတင်းတွေက ဖော်ပြထားပါတယ်။ ဘရိုက်တန်ဟာ အစောပိုင်း ကလည်း ဝက်ဖို့ဒ်က ဘရာဇီးလ် တိုက်စစ်မှူး ဂျာအို ပက်ဒရိုကို ပေါင်သန်း ၃၀ နဲ့ ခေါ်ယူထားခဲ့သလို လစ်ဗာပူးလ် ဝါရင့် ကွင်းလယ်လူ ဂျိမ်းစ် မီလ်နာ ကိုလည်း အလွတ်နဲ့ ခေါ်ယူထားနိုင်ခဲ့ပါတယ်။
နေဂဲလ်စ်မန်းကို လက်လျှော့ပြီး တခြား ပစ်မှတ် လိုက်တော့မယ့် စပါး




စပါးဟာ လက်ရှိ ရာသီ ပရီးမီးယားလိဂ်မှာ စိတ်ပျက်စရာ ကစားပုံနဲ့ အတူ ရလဒ်တွေ ဆိုးရွားနေခဲ့ပြီး ဥရောပ ဝင်ခွင့် တစ်နေရာ အတွက်လည်း မျှော်လင့်ချက် ခပ်ရေးရေးသာ ရှိတော့တာလည်း ဖြစ်ပါတယ်။ အန်တိုနီယို ကွန်တီနဲ့ လမ်းခွဲပြီးနောက် လက်ထောက် နည်းပြ စတယ်လီနီ ဆက်လက် ကိုင်တွယ်ခဲ့ပေမယ့် အဆင်မပြေတာကြောင့် ရွိုင်ယန် မေဆန်က ထပ်ပြီး လက်လွှဲ ကိုင်တွယ်နေရတာ ဖြစ်ပါတယ်။
လက်ရှိ စပါးရဲ့ ပစ်မှတ် နည်းပြတွေထဲမှာ ဖီယင်နော့ဒ်က အာနေး စလော့တ်၊ လေဗာကူဆင်က ဇာဘီ အလွန်ဆို၊ ဖူလ်ဟမ်က မာကို ဆေးလ်ဗားနဲ့ မစ်ဒယ်ဘရော့က မိုက်ကယ် ကာရစ် တို့ အပြင် အသင်း လက်မဲ့ ဖြစ်နေတဲ့ ဘရန်ဒန် ရော့ဒ်ဂျားစ်နဲ့ ချဲလ်ဆီးနဲ့ ဘရိုက်တန် နည်းပြဟောင့် ပေါ်တာလည်း ပါဝင်နေပါတယ်။
လာမယ့် နွေရာသီမှာ အသင်းပြောင်းဖွယ် ရှိနေတဲ့ နှလုံးလှ လူမိုက်ကြီး ချာကာ
ဂရန်းနစ် ချာကာ ကတော့ အာဆင်နယ်နဲ့ စာချုပ်သစ် အတွက် ဆွေးနွေးမှု ပြုလုပ်ဖို့ ငြင်းဆန်လိုက်ပြီး လာမယ့် နွေရာသီမှာ လန်ဒန် ကလပ်ကို စွန့်ခွာဖို့ များနေတယ်လို့ သတင်းတွေက ဖော်ပြလျက် ရှိပါတယ်။
၂၀၁၆ ခုနှစ်မှာ မိုချန်ဂလာဘတ် ကနေ ပရီးမီးယားလိဂ် ကလပ်ကို ပြောင်းရွှေ့လာပြီးနောက် ပြိုင်ပွဲစုံမှာ ပွဲပေါင်း ၃၀၀ နီးပါး ကစားထားတဲ့ ဆွစ်ဇာလန် နှလုံးလှ လူမိုက်ကြီးဟာ ဒီရာသီမှာလည်း အာဆင်နယ် အတွက် ခြေစွမ်းပြနေသူ ဖြစ်ပါတယ်။
ချာကာဟာ အာဆင်နယ်နဲ့ ၂၀၂၄ ခုနှစ်မှာ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။ အစောပိုင်းက စာချုပ်သစ် အတွက် ညှိနှိုင်းမှုတွေ ရှိခဲ့ပေမယ့် နောက်ပိုင်းမှာ အသင်း ဘက်က ကွင်းလယ်လူ တစ်ဦး ထပ်မံ ခေါ်ယူ အားဖြည့်ချင်နေပြီး ချာကာကို ဆက်ထိန်းထားလိုခြင်း မရှိတော့ဘူးလို့ သိရပါတယ်။
လက်တလောမှာ ချာကာ အနေနဲ့ ဘွန်ဒက်စ်လီဂါကို ပြန်လည် ပြောင်းရွှေ့ချင်နေတဲ့ သဘောရှိနေပြီး ဇာဘီ အလွန်ဆိုရဲ့ ဘေယာ လေဗာကူဆင်နဲ့တော့ သတင်းတွေ ဆက်တိုက် ထွက်ပေါ်နေခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.