အခုတစ်ခါ မှာတော့ နောက်ဆုံး ရရှိထားသမျှ စိတ်ဝင်စားစရာ ပရီးမီးယားလိဂ် ထိပ်တန်း ကလပ်တွေရဲ့ အပြောင်းအရွှေ့ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ် ကလပ် တော့တင်ဟမ်ဟော့စပါး ကတော့ မန်ချက်စတာယူနိုက်တက်ရဲ့ ပစ်မှတ် ဘရိုင်ယန် အမ်ဘူမိုကို ကြားဖြတ် ခေါ်ယူဖို့ အလားအလာ ရှိနေကြောင်း သိရပါတယ်။ The Mirror ရဲ့ ဖော်ပြချက်အရ လက်ရှိ ဘရန့်ဖို့ဒ် နည်းပြ သောမက်စ် ဖရန့်ခ်ဟာ တော့တင်ဟမ်ဟော့စပါးရဲ့ လစ်လပ်နေတဲ့ နည်းပြ ရာထူးကို ရယူဖို့ ရေပန်းအစားဆုံး ဖြစ်နေပြီးတော့ သူ့ရဲ့ တပည့်ဟောင်း အမ်ဘူမို ရောက်ရှိလာဖို့လည်း မျှော်လင့်နေတယ်လို့ သိရပါတယ်။
ဗစ်တာ အိုဆင်မ်ဟန် ကတော့ ဆော်ဒီပရိုလိဂ်က ယူရို ၇၅ သန်း (ပေါင် ၆၃.၂ သန်း) နဲ့ ကမ်းလှမ်းမှုကို ပယ်ချခဲ့ပါတယ်။ ဒီအခြေအနေမှာ အာဆင်နယ်၊ ချဲလ်ဆီးနဲ့ မန်ချက်စတာယူနိုက်တက် တို့က နိုင်ဂျီးရီးယား တိုက်စစ်မှူးကို ခေါ်ယူဖို့ အတွက် အားကောင်းလာခဲ့ကြောင်း ဖာဘရီဇီယို ရိုမာနိုက ဖော်ပြခဲ့ပါတယ်။ တူရကီ ကလပ် ဂါလာတာဆာရေး ကလည်း အိုဆင်မ်ဟန်ကို အပြီးသတ် ခေါ်ယူဖို့ စိတ်အားထက်သန်နေပေမယ့်လည်း ကစားသမားရဲ့ ဆန္ဒအရ မကြာခင်မှာ အခြေအနေတွေ ပြောင်းလဲသွားဖို့လည်း ရှိနေသေးတယ်။

ပရီးမီးယားလိဂ် ချန်ပီယံ လစ်ဗာပူးလ် ကတော့ ဖရန့်ဖတ် တိုက်စစ်မှူး ဟူဂို အစ်ကီတစ်ကီကို ခေါ်ယူဖို့ တုန့်ဆိုင်းနေတာကြောင့် ချဲလ်ဆီးရဲ့ ကြိုးပမ်းမှုက ပိုမို အားကောင်းလာကြောင်း BILD က ဖော်ပြပါတယ်။ ပြင်သစ် တိုက်စစ်မှူး ကိုတော့ ဖရန့်ဖတ်က ယူရိုသန်း ၁၀၀ (ပေါင် ၈၄.၃ သန်း) အလိုရှိနေပြီး ကစားသမား အနေနဲ့ မကြာခင်မှာ ချဲလ်ဆီး သို့မဟုတ် လစ်ဗာပူးလ် တစ်သင်းသင်းကို ပြောင်းရွှေ့ဖွယ် ရှိနေပါတယ်။ တချို့သော သတင်းတွေ မှာတော့ ချဲလ်ဆီးက လီယမ် ဒီလက်ပ်ကို ခေါ်ယူပြီး ဖြစ်တာကြောင့် အစ်ကီတစ်ကီ အနေနဲ့ လစ်ဗာပူးလ် ကိုပဲ ရောက်ရှိသွားနိုင်ကြောင်း ခန့်မှန်းသုံးသပ်လျက် ရှိပါတယ်။
မန်ချက်စတာယူနိုက်တက် ကတော့ ဗစ်တာ ယိုကီးရက်စ်ရဲ့ အပြောင်းအရွှေ့ကို စိတ်မရှည်တော့ပဲ ယူရို သန်း ၆၀ (ပေါင် ၅၀.၆ သန်း)နဲ့ မကြာခင်မှာ ခေါ်ယူဖို့ ကြိုးပမ်းနေကြောင်း Fichajes က ဖော်ပြပါတယ်။ အာဆင်နယ်က ယိုကီးရက်စ်ထက် လိုက်ပ်ဇစ်က ဆက်စ်ကို,ကို ခေါ်ယူဖို့ အာရုံစိုက်နေပြီ ဖြစ်တာကြောင့် စပို့တင်းလစ္စဘွန်း တိုက်စစ်မှူး အနေနဲ့ ယူနိုက်တက် ကိုသာ ပြောင်းရွှေ့နိုင်ခြေ များပြားလာခဲ့တာ ဖြစ်ပါတယ်။
မန်ချက်စတာစီးတီး ကတော့ ဒီနွေရာသီမှာ တောင်ပံ ကစားသမား ဂျက် ဂရီးလစ်ရှ်ကို ရောင်းထုတ်ဖို့ ဆုံးဖြတ်ထားပြီး သူ့ကို ခေါ်ယူချင်တဲ့ အသင်းတွေထဲမှာ မာဆေးလ်ဆိုက်ဒ် ကလပ် အဲဗာတန်လည်း ပါဝင်လာခဲ့ကြောင်း Daily Mail က ဖော်ပြပါတယ်။အာဆင်နယ် ကတော့ မိုဟာမက် ကူဒု့စ်ကို ခေါ်ယူဖို့ အတွက် ဝက်စ်ဟမ်းနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေကြောင်း Football Transfers က ဖော်ပြလာပါတယ်။ ဂန်းနားတွေဟာ ဂါနာ လက်ရွေးစင် အတွက် ဝက်စ်ဟမ်း ဘက်က လိုချင်တဲ့ ပေါင် ၈၄ သန်းကို ပေးချေဖို့ ရည်ရွယ်ချက် မရှိဘဲ ဒီတန်ဖိုးရဲ့ ထက်ဝက်ခန့်နဲ့သာ ကမ်းလှမ်းမှု ပြုလုပ်သွားဖို့ ရှိနေပါတယ်။ ကူဒု့စ် ကတော့ နောက်ချန် တိုက်စစ် နေရာမှာ သာမက လိုအပ်ရင် အထောင် တိုက်စစ်နဲ့ ဘယ်၊ ညာ တောင်ပံ နှစ်ဖက်စလုံးမှာ ကစားနိုင်သူ ဖြစ်ပါတယ်။ သူ့ရဲ့ လက်ရှိ ဈေးကွက် တန်ကြေး ကတော့ ပေါင် ၄၃ သန်းသာ ရှိနေပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.