ပရီးမီးယားလိဂ် တော့တင်ဟမ်ဟော့စပါး ကတော့ အီဘာရီချီ အီးဇီးကို ပရီးမီးယားလိဂ် မြို့ခံ ပြိုင်ဘက် အာဆင်နယ်ထံ လက်လွှတ်ခဲ့ရပြီးနောက် ထိပ်တန်း အဆင့် တောင်ပံ ကစားသမား တစ်ဦး ခေါ်ယူဖို့ ကြိုးပမ်းနေဆဲ ဖြစ်ပါတယ်။ မြောက်လန်ဒန် ကလပ်က သူတို့ရဲ့ ဒီနောက်ပိုင်းမှာ အဓိက ပစ်မှတ် ဖြစ်တဲ့ မန်ချက်စတာစီးတီး တောင်ပံကစားသမား ဆာဗင်ဟိုကို လက်မလျှော့သေးပဲ နောက်ထပ် တစ်ကြိမ် ကမ်းလှမ်းမှု အသစ် ပြုလုပ်ဖို ပြင်ဆင်နေပြီလည်း ဖြစ်ပါတယ်။
တော့တင်ဟမ်ဟော့စပါး အခုတစ်ပတ် မန်စီးတီးနဲ့ အီတီဟတ်ကွင်းမှာ ယှဉ်ပြိုင်ကစားပြီးနောက် မန်စီးတီး တောင်ပံ ကစားသမား ဆာဗင်ဟို အတွက် ယူရို သန်း ၇၀ ကျော် တန်ဖိုး ရှိတဲ့ ကမ်းလှမ်းမှု အသစ်ကို တင်သွင်းခဲ့ကြောင်း သိရပါတယ်။ နာမည်ကျော် အားကစား သတင်းထောက် ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ တော့တင်ဟမ်ဟော့စပါးက ဒီတစ်ပတ် အကုန်မှာ ဆာဗင်ဟို အတွက် ကမ်းလှမ်းမှုကို တိုးမြှင့်သွားဖို့ ရှိနေတာ ဖြစ်ပါတယ်။ မန်စီးတီး ကတော့ ပြီးခဲ့တဲ့ ၁၀ ရက်တာ ကာလ အတွင်း စပါးရဲ့ ချဉ်းကပ်မှု မှန်သမျှကို ပိတ်ဆိုထားခဲ့ပြီး သူတို့ ဘရာဇီးလ် ကစားသမားကို ရောင်းချဖို့ ဆန္ဒမရှိကြောင်း ပြသထားပါတယ်။
တော့တင်ဟမ်ဟော့စပါး နည်းပြ သောမက်စ် ဖရန့်ခ်ဟာ အဓိက ကစားသမားတွေ ဖြစ်တဲ့ ဂျိမ်းစ် မက်ဒီဆင်နဲ့ ဒီဂျန် ကူလူဆက်ဗ်စကီးတို့ ဒဏ်ရာရနေတာကြောင့် တိုက်စစ်ပိုင်းကို အင်အား ဖြည့်တင်းဖို့ စိတ်အားထက်သန်နေပါတယ်။ အထူးသဖြင့် ပရီးမီးယားလိဂ် ပြိုင်ဘက် အာဆင်နယ် ဆီကို ပေါင် ၆၇.၅ သန်းနဲ့ ပြောင်းရွှေ့သွားခဲ့တဲ့ အီးဇီးကို လက်လွှတ်ခဲ့ရပြီးနောက် ဆာဗင်ဟိုက သူတို့ အသင်း အတွက် အဓိက ပစ်မှတ် ဖြစ်လာခဲ့တာပါ။

အသက် ၂၁ နှစ် အရွယ် ဆာဗင်ဟိုရဲ့ အရှိန်အဟုန်မြင့် ကစားဟန်နဲ့ ဖန်တီးနိုင်စွမ်းတွေက နည်းပြ သောမက်စ် ဖရန့်ခ်ရဲ့ ကစားဟန် အတွက် အကောင်းဆုံး ကိုက်ညီမှု ရှိကြောင်း စပါး ဘက်က ယုံကြည်နေတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း မန်ချက်စတာစီးတီး ကတော့ ပြီးခဲ့တဲ့ ရာသီက ဂီရိုနာမှာ အငှားနဲ့ ခြေစွမ်းပြပြီး ဥရောပရဲ့ လူကြိုက်အများဆုံး လူငယ် တောင်ပံ ကစားသမား တစ်ဦး ဖြစ်လာခဲ့တဲ့ ဆာဗင်ဟိုကို အနာဂတ်အတွက် အဓိက ကစားသမားအဖြစ် သတ်မှတ်ထားတာကြောင့် လုံးဝ လက်လွှတ်လိုခြင်းတော့ မရှိပါဘူး။
မန်ချက်စတာစီးတီး နည်းပြ ပပ် ဂွါဒီယိုလာ ကလည်း ဆာဗင်ဟိုဟာ ကြံ့ခိုင်မှု အနည်းငယ် ပြဿနာရှိတာကြောင့် စပါးကို ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာ ထည့်သွင်းခဲ့ခြင်းတော့ မရှိပါဘူး။ ဒါကြောင့် စပါးဟာ မန်စီးတီးတဲ့ ပွဲအပြီးမှာ ယူရို သန်း ၇ဝ ကျော် တန်ဖိုးရှိတဲ့ ကမ်းလှမ်းမှုသစ်ကို တင်သွင်းပြီး မန်စီးတီး အသင်းရဲ့ သဘောထားကို ပြောင်းလဲလာအောင် ဖိအားပေးဖို့ ရှိနေတာ ဖြစ်ပါတယ်။ အကယ်၍ ကစားသမား ကိုယ်တိုင်က အပြောင်းအရွှေ့ အတွက် တွန်းအားပေးလာခဲ့မယ် ဆိုရင်တော့ မန်စီးတီးက ရောင်းထုတ်ဖို့ စဉ်းစားလာနိုင်ပါတယ်။ လက်ရှိမှာတော့ စပါးက အပြောင်းအရွှေ့ ဈေးကွက် မပိတ်ခင်မှာ နာမည်ကြီး ကစားသမား တစ်ဦးကို ခေါ်ယူနိုင်ဖို့ ဇွဲမလျှော့ဘဲ ဆက်လက် ကြိုးပမ်းနေပါတယ်။ သတင်းတွေအရ ဆိုရင်တော့ စပါး အပါအဝင် ပရီးမီးယားလိဂ် ကလပ် ၃ သင်းက ရီးရဲလ်မက်ဒရစ်က ရိုဒရီဂိုကို ခေါ်ယူဖို့ ကြိုးပမ်းနေတယ်လို့ သိရပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.