ပရီးမီးယားလိဂ် ထိပ်သီး တော့တင်ဟမ်ဟော့စပါး ကိုတော့ လာမယ့် ရာသီမှာ ရဲရင့်ပြီး ရန်လိုတဲ့ တိုက်စစ်ဆင်မှု ပုံစံနဲ့ မြင်တွေ့ရမယ်လို့ နည်းပြသစ် ဖြစ်တဲ့ သောမက်စ် ဖရန့်ခ်က ထုတ်ဖော် ပြောကြားလိုက်ပါတယ်။ စပါး နည်းပြသစ် သောမက်စ် ဖရန့်ခ်ဟာ ပထမဦးဆုံး အကြိမ် ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ အခုလို ပြောကြားခဲ့တာ ဖြစ်ပြီး သူ့အနေနဲ့ ခြားနားတဲ့ ပတ်ဝန်းကျင်ကို ရောက်ရှိနေကြောင်းလည်း ပြောကြးသွားခဲ့ပါတယ်။
တော့တင်ဟမ်ဟော့စပါး ကတော့ သောမက်စ် ဖရန့်ခ်ကို ဘရန့်ဖို့ဒ် ကနေ ၂၀၂၈ ခုနှစ် အထိ ၃ နှစ် စာချုပ်နဲ့ တရားဝင် ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ စပါးဟာ ယူရိုပါလိဂ် ဖလား ရယူပေးနိုင်ခဲ့တဲ့ နည်းပြ အန်ဂျီ ပိုစတီကိုဂလူးနဲ့ လမ်းခွဲပြီးနောက် ဒိန်းမတ် လူမျိုး နည်းပြ သောမက်စ် ဖရန့်ခ်နဲ့ ချက်ချင်းပဲ အစားထိုးခဲ့တာ ဖြစ်ပါတယ်။ ဖရန့်ခ်ဟာ ၂၀၂၁ ခုနှစ်မှာ ဘရန့်ဖို့ဒ်ကို ပရီးမီးယားလိဂ်ဆီ တန်းတက်ခွင့် ရရှိအောင် စွမ်းဆောင်ပေးခဲ့သူ ဖြစ်ပါတယ်။ ဒါ့အပြင် အဲဒီအချိန် ကနေ ပြီးခဲ့တဲ့ ဘောလုံးရာသီ အထိ လန်ဒန် ကလပ်ကို မာကျောတဲ့ အသင်းကောင်း တစ်သင်း အဖြစ် တည်ဆောက်နိုင်ခဲ့သူ ဖြစ်ပါတယ်။
သောမက်စ် ဖရန့်ခ်ဟာ သူ့အနေနဲ့ တော့တင်ဟမ်ဟော့စပါးကို ဘယ်လို ပုံစံနဲ့ တည်ဆောက်မလဲ ဆိုတာ ဖွင့်ဟလာခဲ့ပြီးတော့ လာမယ့် ရာသီမှာ တိုက်စစ် အသားပေး ကစားသွားမှာ ဖြစ်ကြောင်း ပြောကြားခဲ့တာလည်း ဖြစ်ပါတယ်။ “ဂိမ်းရဲ့ အဆင့်တိုင်းအတွက် အခြေခံမူတွေကို ကျွန်တော် ရှင်းရှင်းလင်းလင်း သိပါတယ်။ ကျွန်တော့် အနေနဲ့ အသင်းကို ရဲရင့်ပြီး Aggressive ဆန်စေချင်ပါတယ်။ နောက်ပြီး ကျွန်တော်က တိုက်စစ် ကစားရတာ ကြိုက်ပါတယ်။” လို့ ဖရန့်ခ်က ပြောကြားခဲ့ပါတယ်။

“ရဲရင့်မှုက သတ္တိရှိမှုနဲ့ လုံးဝ ဆက်စပ်နေပါတယ်။ မင်းသာ သတ္တိမရှိရင် ဘာမဆို အောင်မြင်ဖို့ ခက်ပါတယ်။ ရဲရင့်မှုက အရေးကြီးပါတယ်။ တစ်ခုခုကို အနိုင်ယူချင်ရင် ဒါမှမဟုတ် အောင်မြင်ချင်ရင် တုံးတိုက်တိုက် ကျားကိုက်ကိုက် ကစားဖို့ အရေးကြီးပါတယ်။ ပြီးတော့ တိုက်ခိုက်ရပါမယ်။” လို့လည်း ပြောကြားသွားခဲ့ပါသေးတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် သောမက်စ် ဖရန့်ခ် အနေနဲ့ တော့တင်ဟမ်ဟော့စပါးရဲ့ ဆောင်ပုဒ် ဖြစ်တဲ့ ‘To dare is to do’ ဆိုတာကို အခြေခံပြီး ပြောကြားသွားတယ် ဆိုတာ သိသာပါတယ်။
တော့တင်ဟမ်ဟော့စပါးဟာ ပြီးခဲ့တဲ့ ရာသီက ယူရိုပါလိဂ်မှာ ချန်ပီယံ ဖြစ်ခဲ့ပြီး ချန်ပီယံလိဂ် ဝင်ခွင့်လည်း ရရှိခဲ့ပေမယ့် ပရီးမီးယားလိဂ် မှာတော့ တန်းဆင်းဇုန်ရဲ့ အထက် အဆင့် ၁၇ နေရာမှာသာ ရပ်တည်နိုင်ခဲ့ပါတယ်။ ဒါကြောင့်ပဲ အသင်း ဥက္ကဌ ဒန်နီရယ် လီဗိုင်းက ဩစတြေးလျ လူမျိုး နည်းပြကြီးရဲ့ အောင်မြင်မှုကို ချီးကျူးခဲ့ပေမယ့် ရာသီအကုန်မှာတော့ သက်ညှာမှု မရှိပဲ ထုတ်ပယ်ခဲ့တာ ဖြစ်ပါတယ်။ တော့တင်ဟမ်ဟော့စပါးဟာ သောမက်စ် ဖရန့်ခ် ဘရန့်ဖို့ဒ်ကို စတင် ကိုင်တွယ်ခဲ့စဉ်က စလို့ လက်ရှိအချိန်ထိ နည်းပြ ၅ ဦးကို ထုတ်ပယ်ခဲ့ပြီး ဖြစ်ပါတယ်။
သောမက်စ် ဖရန့်ခ်ရဲ့ အသင်းဟာ လာမယ့် ရာသီ အတွက် အသင်းကို ပြင်ဆင်မှုတွေ ပြုလုပ်လျက် ရှိပေမယ့် ကစားသမား ခေါ်ယူမှု အပိုင်းမှာတော့ အားရစရာ အခြေအနေမျိုး မမြင်ရသေးပါဘူး။ စပါးဟာ လက်ရှိ အပြောင်းအရွှေ့ထဲမှာ ဘေယန်မြူးနစ်က မက်သီတဲလ်နဲ့ လန်းစ်က ကီဗင် ဒန်ဆို တို့ကို အပြီးသတ် ခေါ်ယူခဲ့တာနဲ့ ဝက်စ်ဟမ်းက မိုဟာမက် ကူဒု့စ်ကို ပေါင် ၄၃ သန်းနဲ့ ခေါ်ယူထားရပါသေးတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.