အာဆင်နယ် ကွင်းလယ်လူ မီခဲလ် မာရင်နို ပြင်းထန်တဲ့ ဒဏ်ရာရရှိသွားတာကြောင့် နည်းပြ မီခဲလ် အာတေးတား ကတော့ အရေးပေါ် အစားထိုး ကစားသမား ရှာဖွေဖို့ လိုအပ်ကြောင်း လူသိရှင်ကြား ထုတ်ဖော် ပြောကြားလိုက်ပါတယ်။ မီခဲလ် အာတေးတားရဲ့ ပြောဆိုမှုတွေ အပြီး မှာတော့ အာဆင်နယ်က ပရီးမီးယားလိဂ် ပြိုင်ဘက် နယူးကာဆယ်က ဆန်ဒရို တိုနာလီနဲ့ အပြောင်းအရွှေ့ သတင်းတွေ ဆက်တိုက် ထွက်ပေါ်လာခဲ့ပါတယ်။
နယူးကာဆယ် ကွင်းလယ်လူ ဆန်ဒရို တိုနာလီရဲ့ အေးဂျင့်ဖြစ်သူ ကတော့ ၎င်းရဲ့ ကစားသမား အတွက် အာဆင်နယ် အသင်းထံ ကမ်းလှမ်းခဲ့တယ်ဆိုတဲ့ သတင်းတွေကို ပြတ်ပြတ်သားသား ငြင်းဆိုထားပါတယ်။ လက်ရှိမှာ အာဆင်နယ်က အပြောင်းအရွှေ့ ပိတ်သိမ်းခါနီးချိန်မှာ ကွင်းလယ်ပိုင်း အတွက် ကစားသမားသစ် ရှာဖွေဖို့ အပူတပြင်း ကြိုးပမ်းနေချိန်လည်း ဖြစ်ပါတယ်။
သတင်းတွေအရ ဆိုရင်တော့ မာရင်နိုရဲ့ ခြေထောက် ဒဏ်ရာက ၄ လခန့် အနားယူရမှာ ဖြစ်ကြောင်း အတည်ပြုခဲ့ပြီးနောက် အာဆင်နယ် အနေနဲ့ ရာသီကုန်အထိ အစားထိုးနိုင်မယ့် ကစားသမား တစ်ဦး လိုအပ်နေတယ် ဆိုတာ ထင်ရှားလာခဲ့ပါတယ်။ ဂျာမနီ Sky သတင်းထောက် ဖလော်ရီယန် ပလက်တန်ဘက်ဂျ် ကလည်း အာဆင်နယ်ဟာ တိုနာလီ အတွက် စတင် ကမ်းလှမ်းခဲ့ပေမယ့်လည်း ပယ်ချခံရကြောင်း ဖော်ပြခဲ့ပြီးနောက် အာတေးတား ကိုယ်တိုင် ကလည်း ကစားသမားသစ် ရှာဖွေနေကြောင်း အတည်ပြုခဲ့ပါတယ်။
ဒါပေမယ့်လည်း အင်္ဂလန် နာမည်ကျော် သတင်းထောက် ဒေးဗစ် အွန်စတိန်း ကတော့ ပရီးမီးယားလိဂ် ကလပ် နှစ်သင်း အကြား ဘာဆွေးနွေးမှုမှ မရှိကြောင်း၊ တိုနာလီရဲ့ အေးဂျင့် ဂူဆက်ပီ ရီဆို ကသာ သတင်းတွေ ထွက်ပေါ်အောင် ဖန်တီးခဲ့ခြင်း ဖြစ်ကြောင်း တုံ့ပြန်ခဲ့သည်။ အာဆင်နယ်ရဲ့ အားကစားဒါရိုက်တာ အန်ဒရီယာ ဘာတာဟာ တိုနာလီကို သဘောကျသူ ဖြစ်ပေမယ့်လည်း အချိန်နည်းပါးမှုကြောင့် အပြောင်းအရွှေ့မှာ အကောင်အထည် မပေါ်ခဲ့ကြောင်း သိရပါတယ်။

တိုနာလီရဲ့ အေးဂျင့် ရီဆိုက Sky Italia ကို ပြောကြားရာ မှာတော့ “နယူးကာဆယ်က ဇန်နဝါရီမှာ တိုနာလီကို အသင်း ကနေ ထွက်ခွာခွင့်ပေးမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ အာဆင်နယ်နဲ့ ဒီကိစ္စ အတွက် ဘာမှ မပြောဖြစ်ခဲ့ပါဘူး။” လို့ အခိုင်အမာ ငြင်းဆိုခဲ့ပါတယ်။
ချဲလ်ဆီးနဲ့ ကစားမယ့် ခရာဘောင်ဖလား ဆီမီးဖိုင်နယ် ပွဲကြိုသတင်းစာ ရှင်းလင်းပွဲ မှာတော့ မီခဲလ် အာတေးတားက မာရင်နိုရဲ့ ဒဏ်ရာနဲ့ ပတ်သက်ပြီး စိတ်မကောင်းဖြစ်ရကြောင်း ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။ “မီခဲလ်ရဲ့ သတင်းက တကယ်ကို မမျှော်လင့်ထားတဲ့ အရာပါ။ အထူးသဖြင့် အချိန် အကြာကြီး နားရမှာ ဖြစ်တဲ့ အတွက် ကျွန်တော်တို့ ရွေးချယ်စရာတွေကို အပူတပြင်း ရှာဖွေနေပါတယ်။ အဖြေ တစ်ခုခု ရနိုင်ဖို့ ကျွန်တော် အစွမ်းကုန် ကြိုးစားသွားမှာပါ။ ရနိုင်တဲ့ ကစားသမား ရှိရင် ခေါ်ယူမှာ ဖြစ်ပြီး မရှိရင်တော့ ရှိတာနဲ့ပဲ ရှေ့ဆက်ရမှာပါ။” လို့ အာတေးတားက ဆိုပါတယ်။
အာတေးတားက ၎င်း အနေနဲ့ လက်ရှိ အခြေအနေမှာ စိတ်အေးအေးထားနိုင်ခြင်း မရှိကြောင်းနဲ့ အသင်း အတွက် အကောင်းဆုံး အခွင့်အရေးကို ဖန်တီးပေးဖို့က ၎င်းတို့ရဲ့ တာဝန် ဖြစ်ကြောင်းလည်း ဖြည့်စွက် ပြောကြားခဲ့ပါတယ်။ သတင်းတွေအရ ဆိုရင်တော့ မာရင်နိုရဲ့ ဒဏ်ရာက အလွန်ရှားပါးတဲ့ အမျိုးအစား ဖြစ်ပြီး ခွဲစိတ်မှု ပြုလုပ်ရမည် ဖြစ်ကြောင်း အာတေးတားက မယ်ရီနိုကို ဤရာသီကုန် အထိ ပြန်လည် မြင်တွေ့ရတော့မှာ မဟုတ်ကြောင်း ခန့်မှန်းထားပါတယ်။ မာရင်နို အနေနဲ့ လာမည့် နွေရာသီမှာ ကျင်းပမယ့် ကမ္ဘာ့ဖလား ပြိုင်ပွဲကိုပင် မှီနိုင်ဖို့ မသေချာသေးကြောင်း သိရပါတယ်။ အာဆင်နယ် အတွက် ကလည်း ပရီးမီးယားလိဂ် အပါအဝင် သူတို့ မျှော်လင့်ထားတဲ့ ချန်ပီယံဆုတွေ အတွက် ကစားသမား အင်အား တောင့်တင်းဖို့က အရေးကြီးနေဆဲ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


