၂၀၂၆ ခုနှစ် အတွင်း ပရီးမီးယားလိဂ်မှာ နိုင်ပွဲ လုံးဝ မရသေးတဲ့ တော့တင်ဟမ်ဟော့စပါး ကတော့ လန်ဒန်ဒါဘီ ပြိုင်ဘက် ဖူလ်ဟမ်နဲ့ ခရေဗင်ကော့တေ့ဂျ်မှာ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ဒီအချိန်မှာ တော့တင်ဟမ်ဟော့စပါးရဲ့ နည်းပြသစ် အီဂေါ တူဒါ ကတော့ အသင်းကို တန်းဆင်းဇုန် အန္တရာယ် ကနေ ရုန်းထွက်နိုင်ဖို့ အတွက် “အသင်းငယ်လေး တစ်သင်းလို စိတ်ဓာတ်မွေးမြူကြဖို့” တိုက်တွန်းလိုက်ပါတယ်။
ရာသီကုန် အထိ သောမက်စ် ဖရန့်ခ်ရဲ့ နေရာမှာ အစားထိုး တာဝန်ယူခဲ့တဲ့ ခရိုအေးရှား လူမျိုး နည်းပြ အီဂေါ တူဒါဟာ ပထမဆုံး ပွဲဦးထွက် အဖြစ် အာဆင်နယ်နဲ့ ရင်ဆိုင်ခဲ့ရ မှာတော့ ၄-၁ ရလဒ်နဲ့ အရေးနိမ့်ခဲ့ပါတယ်။ လက်ရှိအခြေအနေ အရ စပါးဟာ ၂၀၂၆ ခုနှစ်အတွင်း ပရီးမီးယားလိဂ် ၉ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးနေခဲ့ပြီး တန်းဆင်းဇုန်နဲ့ ၄ မှတ်သာ ကွာဟပါတော့တယ်။
လွန်ခဲ့တဲ့ ၁၃ နှစ် အတွင်း အသင်းပေါင်း ၁၂ သင်းကို ကိုင်တွယ်ခဲ့ဖူးတဲ့ တူဒါဟာ တန်းမဆင်းရရေး တိုက်ပွဲ အတွေ့အကြုံ ကြွယ်ဝသူ တစ်ယောက် ဖြစ်ပါတယ်။ တူဒါက “အီတလီမှာ ဆိုရင် ‘အသင်းငယ် စိတ်ဓာတ် ထားရှိပါ’ လို့ ပြောလေ့ ရှိကြတယ်။ အသင်းကြီးတွေနဲ့ ကစားရသလိုမျိုး အမြဲတမ်း ပြင်းပြတဲ့ ဆန္ဒနဲ့ စိတ်အားထက်သန်မှု ရှိနေဖို့က အဓိက သော့ချက်ပဲ” လို့ သူက ဆိုပါတယ်။
ဒါ့အပြင် တူဒါက အလုပ်ကြိုးစားမှုကသာ စပါးကို အခက်အခဲ ကနေ ကယ်တင်နိုင်မယ်လို့ ယုံကြည်နေပြီး “လေ့ကျင့်ရေးကွင်းမှာ မှန်ကန်တဲ့အရာတွေကို လုပ်ဆောင်ခြင်းအားဖြင့် စိတ်ဓာတ်ပိုင်းကို ပြောင်းလဲရမယ်။ ဒါမှသာ တနင်္ဂနွေနေ့ ပွဲစဉ်မှာ ပရိသတ်တွေ မြင်တွေ့ချင်တဲ့ ရလဒ်မျိုး ထွက်ပေါ်လာမှာပါ။” လို့ ဖြည့်စွက် ပြောကြားခဲ့ပါတယ်။

တစ်ဖက် မှာလည်း မာကို ဆေးလ်ဗားရဲ့ ဖူလ်ဟမ် အသင်း ကတော့ ပြီးခဲ့တဲ့ တပတ်က ဆန်းဒါးလန်းကို ၃-၁နဲ့ အနိုင်ရပြီး ပရီးမီးယားလိဂ် ဇယားထိပ်ပိုင်းကို ပြန်လည် တက်လှမ်းနိုင်ခဲ့ပါတယ်။ လက်ရှိမှာ အဆင့် ၇ နေရာက ဘရန်ဖို့ဒ်နဲ့ ၃ မှတ်သာ ကွာဟတော့တာကြောင့် ကော့တေဂျာ တို့ဟာ ဥရောပဝင်ခွင့် ရရှိဖို့ အပြည့်အဝ မျှော်လင့်ထားနိုင်ပါတယ်။ ဖူလ်ဟမ်ရဲ့ အဓိက ကစားသမား တစ်ဦး ဖြစ်တဲ့ အဲလက်စ် အီဝိုဘီ ကတော့ “ကျွန်တော်တို့ တစ်ပွဲချင်းစီ ကိုပဲ အာရုံစိုက်သွားမှာပါ။ ဆန်းဒါးလန်းကို နိုင်ခဲ့လို့ အဆင့်တက်လာနိုင်ခဲ့ပြီ။ ရာသီကုန်မှာ ဘယ်အဆင့်ထိ ရောက်မလဲ ဆိုတာ စောင့်ကြည့်ရမှာပေါ့” လို့ ပြောပါတယ်။
ဒီပွဲ အတွက် ဖူလ်ဟမ် ဘက်က စောင့်ကြည့်ရမယ့် ကစားသမား ကတော့ ရာအူးလ် ဟင်မီနက်ဇ် ဖြစ်ပြီး ပြီးခဲ့တဲ့ တပတ်က ၂ ဂိုး သွင်းယူခဲ့ပြီး ဒီရာသီမှာ ၈ ဂိုး သွင်းကာ ဂိုးဖန်တီးမှု ၃ ကြိမ် ပြုလုပ်ထားပါတယ်။ သူ ဂိုးသွင်းခဲ့တဲ့ ပရီးမီးယားလိဂ် ၆၂ ပွဲမှာ ၃၂ ပွဲက ဦးဆောင်ဂိုးတွေ ဖြစ်ပါတယ်။
စပါးဟာ ၁၉၉၄ ခုနှစ်နောက်ပိုင်း ပထမဆုံး အကြိမ်အဖြစ် ပရီးမီးယားလိဂ် ၁၀ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးမယ့် မှတ်တမ်းဆိုးကို ရှောင်လွှဲဖို့ ကြိုးစားရမှာပါ။ ဖူလ်ဟမ်ဟာ စပါးနဲ့ နောက်ဆုံး တွေ့ဆုံခဲ့တဲ့ ၄ ပွဲမှာ ၃ ပွဲ အထိ အနိုင်ရထားပါတယ်။ ဒါ့အပြင် ခရေဗင်ကော့တေ့ဂျ်မှာ ကစားခဲ့တဲ့ စပါးနဲ့ နောက်ဆုံး ၂ ပွဲစလုံးကို ဖူလ်ဟမ်က အနိုင်ရထားပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


