နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အိုနာနာကို အပြီးသတ် ဝယ်ယူခွင့်မပါပဲ အငှားချခဲ့တဲ့ ယူနိုက်တက် | ပရီးမီးယားလိဂ်

မန်ချက်စတာယူနိုက်တက် ဂိုးသမား အန်ဒရေ အိုနာနာ ကတော့ တူရကီ ကလပ် ထရက်ဇွန်စပေါ် အသင်းထံ တစ်ရာသီ အငှားစာချုပ်နဲ့ ပြောင်းရွှေ့ကစားဖို့ မနေ့ကပဲ သဘောတူညီမှု ရရှိသွားခဲ့ပါတယ်။ ပရီးမီးယားလိဂ် မန်ယူနိုက်တက်ဟာ ရွိုင်ရယ် အန့်ဝပ် ဂိုးသမား ဆန်နီ လမ်မန်စ်ကို ခေါ်ယူပြီးနောက် အိုနာနာကို တူရကီ ကလပ်ထံ အငှားပြန်ချဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ကင်မရွန်း လက်ရွေးစင် ဂိုးသမား အန်ဒရေ အိုနာနာကို ၂၀၂၃ ခုနှစ် နွေရာသီ အပြောင်းအရွှေ့မှာ အင်တာမီလန် ကနေ ကနဦး ပြောင်းရွှေ့ကြေး ပေါင် ၄၃.၈ သန်း+အပိုဆုကြေး ပေါင် ၃.၄ သန်း၊ ၅ နှစ် စာချုပ်နဲ့ ခေါ်ယူထားတာ ဖြစ်ပါတယ်။ ဒါပေမယ့် အိုနာနာက အသင်းမှာ မကြာခဏဆိုသလို အမှားအယွင်း အများအပြား ပြုလုပ်လေ့ ရှိပြီး ထင်ထားသလောက် အားကိုးရခြင်း မရှိသလို ဝေဖန် လှောင်ပြောင်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရသူ ဖြစ်ပါတယ်။ အိုနာနာက အမှားများရုံသာမက တစ်ခါတစ်ရံမှာ ဟာသဆန်တဲ့ အပြုအမူတွေပါ ပြုလုပ်တတ်သူလည်း ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ပရီးမီးယားလိဂ် ကလပ်ဟာ အိုနာနာကို အငှားချဖို့သာ ဆုံးဖြတ်ခဲ့တာ ဖြစ်ပြီး အပြီးသတ် ရောင်းချမယ့် သဘောတူညီချက်တော့ မပါဝင်ကြောင်း သိရပါတယ်။
အိုနာနာကို အပြီးသတ် ရောင်းထုတ်ဖို့ အစီအစဉ် မရှိတဲ့ ယူနိုက်တက်

ဒါပေမယ့်လည်း ပရီးမီးယားလိဂ် ကလပ်ဟာ အိုနာနာကို အငှားချဖို့သာ ဆုံးဖြတ်ခဲ့တာ ဖြစ်ပြီး အပြီးသတ် ရောင်းချမယ့် သဘောတူညီချက်တော့ မပါဝင်ကြောင်း သိရပါတယ်။ ယူနိုက်တက်ဟာ အိုနာနာကို အမှားတွေ များနေသည့် တိုင်အောင် ယူနိုက်တက်က အပြီးသတ် ရောင်းချဖို့တော့ ဘယ်တုန်းကမှ မစဉ်းစားခဲ့ကြောင်းလည်း သတင်းတွေ ထွက်ပေါ်ခဲ့ပါသေးတယ်။ အိုးထရက်ဖို့ဒ်က တာဝန်ရှိသူတွေဟာ ကလပ်ရဲ့ ဂိုးသမား ၄ ဦးကို စီနီယာ အသင်းမှာ ထားရှိလိုခဲ့ပေမယ့် နည်းပြ ရူဘင် အမော်ရင် ကတော့ အမြင်မတူခဲ့ကြောင်း သိရပါတယ်။ အိုနာနာဟာ တော့တင်ဟမ်ဟော့စပါးကို ရှုံးနိမ့်ခဲ့တဲ့ ယူရိုပါလိဂ် ဗိုလ်လုပွဲမှာ ယူနိုက်တက်ရဲ့ နံပါတ်တစ် ဂိုးသမား အဖြစ် ပြီးခဲ့တဲ့ ရာသီကို အဆုံးသတ်ခဲ့သူပါ။

ဒါပေမယ့်လည်း ရာသီကြို လေ့ကျင့်ရေး အစပိုင်းမှာ တံကောက်ကြော ဒဏ်ရာ ရရှိပြီးနောက် အိုနာနာ တစ်ယောက် ယူနိုက်တက်ရဲ့ ခြေစမ်းပွဲ အားလုံးကို လွဲချော်ခဲ့ပါတယ်။ ဒါကြောင့် အမော်ရင်က အဲလ်တေး ဘာယင်ဒါကို ပရီးမီးယားလိဂ် အဖွင့် ၃ ပွဲ အတွက် ရွေးချယ်ခဲ့ပြီး အိုနာနာ ကိုတော့ ဂရင်းမ်စ်ဘီတောင်းနဲ့ ပွဲမှာ ပွဲထွက်ခွင့်ပေးခဲ့ပါတယ်။ ဒါပေမယ့်လည်း အိုနာနာက အဲဒီပွဲမှာလည်း လက်စွမ်းကောင်းတွေ ပြသနိုင်ခြင်း မရှိခဲ့ပဲ ယူနိုက်တက် ကလည်း လိဂ်တူး ကလပ်ငယ်လေးကို ရှုံးနိမ့်ကာ ခရာဘောင်ဖလား ကနေ စောစာစီးစီး ထွက်ခွာခဲ့ရပါတယ်။ သတင်းတွေအရ ဆိုရင်တော့ အိုနာနာက ထရက်ဇွန်စပေါ်မှာ မန်ချက်စတာယူနိုက်တက်မှာ ရရှိနေတဲ့ လစာရဲ့ နှစ်ဆ ရရှိမှာ ဖြစ်ပြီး လာမယ့် တနင်္ဂနွေနေ့မှာ ယှဉ်ပြိုင်ရမယ့် ဖီနာဘာချီနဲ့ ပွဲမှာ စတင် ပွဲထွက်ကစားရဖွယ် ရှိနေကြောင်းလည်း သိရပါတယ်။ အိုနာနာ ပြောင်းရွှေ့ခဲ့တဲ့ ထရက်ဇွန်စပေါဟာ လက်ရှိ တူရကီ စူပါလိဂ်ရဲ့ အမှတ်ပေးဇယား အဆင့် ၂ နေရာမှာ ရှိနေပြီး ဂါလာတာဆာရေးကို ၂ မှတ် အကွာနဲ့ လိုက်လံ ဖိအားပေးနေတဲ့ အသင်း ဖြစ်ပါတယ်။ ဒါ့အပြင် ထရက်ဇွန်စပေါက နောက်ဆုံး ကစားခဲ့တဲ့ ၆ ပွဲမှာ ပေးဂိုး ၁ ဂိုးသာ ရှိထားတဲ့ အသင်း ဖြစ်ပါတယ်။ ဒါကြောင့် အိုနာနာ အနေနဲ့ နယ်မြေသစ်မှာ သူ့ရဲ့ လက်စွမ်းကောင်းတွေကို ပြန်လည် ရရှိသွားနိုင်မလား ဆိုတာ စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်